Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Tuesday, July 7, 2009

အမှတ်တရ တပိုင်းတစ

အရှုပ်တွေလုပ်နေတာကြောင့် အသစ်မတင်ဖြစ်တာ အားလုံးကို တောင်း ရော စကောရော ပန်ပါတယ်နော်...။ ဒီကြားထဲမှာ ဘယ်အိမ်မှလည်း သွားမ လည်ဖြစ်ဘူး။ ခြေချုပ်မိတဲ့ နေ့တွေပေါ့ :( ။ မွေးနေ့မှာ မေးလ်ထဲကနေရော ဘလော့ဂ်မှာပါ ဆုမွန်ခြွေခဲ့ပေးတဲ့ ညီကိုမောင်နှမ သူငယ်ချင်းတွေ အားလုံး ကို ကျေးဇူးပါရှင်။ ရောင်ပြန်ရဲ့မွေးနေ့မှာ စိတ်ရှုပ်နေတဲ့ကြားက အမှန်တ ကယ် ပျော်ခဲ့ရပါတယ်။ အားလုံးကိုလည်း ထပ်မံပြီး ကျေးဇူးတင်ပါတယ်ရှင်။

အမဖြစ်တဲ့ မငယ်ရေစင်က ရောင်ပြန်အတွက် မွေးနေ့မှာ စာတပုဒ်ရေးပေး ခဲ့ပါတယ်။ ဘ၀တကွေ့က အမှတ်တရ တပိုင်းတစလေးပါ... သူက ကျမကို ကတိတောင်းတယ် ဘာမှမဖျက်ပဲ မူရင်းအတိုင်းတင်ရင် ပေးမယ်တဲ့..။ ပထမတော့ စဉ်းစားသေးတယ် (စိတ်ပူလို့..)။ ဘာတွေ ပေါက်ကရ ရေးထား မလဲပေါ့လေ။ နောက်တော့ သဘောတူညီချက် ရသွားတယ်။ သူပို့လာပေး တော့ ကျမဖတ်နေရင်း တကယ် ပြန်ငိုမိတယ်။ ကတိအတိုင်း ကျမဘလော့ မှာ တင်လိုက်ပါတယ်။

အမှတ်တရ တပိုင်းတစ

အမှတ်တရ နေ့ကလေးတနေ့ပေါ့….. မနက်လေးနာရီလောက် တအိမ်လုံးမှာ ပျာယာခတ်လို့… နည်းနည်း အလှမ်းဝေးတဲ့ဆီမှာနေတဲ့ အဖိုးအဖွားတွေ ဘယ်အချိန်ရောက်မှန်းမသိ…. နိုးလာလို့ ကြားလိုက်တာက အဖေက ဆရာ မ သွားခေါ်နေတယ်တဲ့....

အိပ်ချင်မူးတူးနဲ့မှတ်မိတာက အိမ်အဆင့် ဘောင်လေးမှာမှီနေတုန်း… မေမေ က မဲပြာပြာ ကလေးပေါက်စလေးတယောက်ကို လောကထဲကို ၀င်ခွင့်ပြုခဲ့ တယ်…..

အဲဒီရက်က ၁၉၉၀ ဇူလိုင်လ ၁ ရက်နေ့… လင်းရောင်ပြန်လေးတခု စတင် အားယူတဲ့ နေ့တနေ့ပေါ့…

လောကထဲကို အသစ်စက်စက် ၀င်လာတဲ့လူသားလေးက အခြားမောင်နှမ တွေနဲ့ အသားရောင်မတူဘဲ (မဲပြာပြာကနေ နည်းနည်းအရောင်ပြောင်းလို့) ညိုညစ်ညစ်လေး ဖြစ်နေတယ်… နှုတ်ခမ်းလေး ထူထူလေးနဲ့ပေါ့… သူ့ကို အသဲလေးလို့ တအိမ်လုံးက ချစ်စနိုးလေးနဲ့ ၀ိုင်းခေါ်ကြတယ်….

လေးဘက်သွားတတ်.. ထိုင်တတ်တဲ့အရွယ်မှာ… ချမ်းသာတဲ့သူတွေမဟုတ် လို့… မိဘတွေက သူကလေးကို အစ်မတွေနဲ့ စိတ်ချလက်ချအပ်ပြီး ခြံထဲ အလုပ်သွားလုပ်ကြတယ်….

အစ်မတွေကလဲ ငယ်သေးတာမို့… ကလေးပီပီဆော့ကြတော့…. သူ့ကို စားပွဲ ပေါ်မှာတင်ပြီး ထိုင်စေခဲ့တယ်… သတိတချက်အလစ်မှာ သူစားပွဲပေါ်ကနေ ဆပ်ကပ်ပြပြီး ကျွမ်းထိုးချလိုက်တယ်…..

အသံကျယ်ကြီးကြောင့် ၀ိုင်းဖမ်းပေမဲ့ ပြန်မိတဲ့အချိန်မှာ သူ့နှုတ်ခမ်းမှာ နောင်ဘယ်တော့မှ ပြန်မလျော့တော့မယ့် အသီးလေး…. နှုတ်ခမ်း ထော် ထော်လေးနဲ့ပေါ့…

သူငယ်ငယ်တုန်းကတော့ ဥာဏ်လဲသိပ်ကောင်းတယ်တဲ့ (မိဘတွေအပြော အရ)…. သေချာမှတ်မိတာ တခုကတော့ အငယ်ဆုံး… အချစ်ဆုံးမို့ အလို လိုက်ခံရတဲ့သူ့က… သိပ်ကို အငေါ်တူးတယ်ဆိုတာဘဲ…. (နည်းနည်းဖြစ် စိတ်ကောက် စိတ်ဆိုး)။ ဒါပေမယ့် ဓါတ်ပုံရိုက်ရင်တော့ သိပ်အိုက်တင်ပေး တတ်တယ်.. ခေါင်းကလေး စောင်းစောင်း.. စောင်းစောင်းနဲ့…. အဲဒီအချိန် တုန်းက သူ့ကို ချစ်စနိုးနဲ့မေးတော့ အိုက်တင်စောင်း လေးပါတဲ့…..

သူများကလေးတွေနည်းတူ… အီအီးပါပြီး အီးတောထဲမှာလဲ သူလူးဖူးတယ်။ ထိန်းမယ့်သူ အဖေတယောက်တည်း ရှိတဲ့အချိန်… အဖေအိမ်သာသွားချင်လို့ သူ့ခြေထောက်ကို.. ကြိုးချည်ပြီးထားခဲ့တော့ ထရံကြားထဲကနေကျွံကျပြီး အောက်မှာ တွဲလောင်းဖြစ်နေတာကို ငိုသံမပေးဘဲ တိတ်တိတ်လေးလည်း နေတတ်တဲ့အကျင့်ရှိခဲ့ဖူးတယ်….

ကံကြမ္မာ အပြောင်းအလဲကြောင့် မိသားစုတွေ ဒုက္ခရောက်တော့ သူ့မှာ ကလေးဘ၀နဲ့မတန်တဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရတယ်… (သူများကစား ချိန်မှာ သူ မကစားရ… သူများထမင်းစားချိန်မှာ ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရ…. စသည်ဖြင့်..စသည်ဖြင့်..) အဲဒီတုန်းကတော့ သိပ်သနားစရာ ကောင်းတဲ့ ကောင်မလေးပေါ့…..

အခုတော့ အခက်အခဲတွေကို ကျော်လွှားပြီးတဲ့နောက်… သူ အသက် ၁၉ နှစ်ထဲဝင်လာပြီ….

အရင်တုန်းက နှုတ်ခမ်းထော်ထော်လေးက အခုတော့ သိပ်ချစ်စရာကောင်း နေသလို…အရင်တုန်းက အသားရောင်ညိုညစ်ညစ်လေးက အခုတော့လည်း ယဉ်ပြီး ပိုချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေပြန်တယ်…..

အငေါ်တူးတာလေးတွေရဲ့နေရာမှာ… ပြေပြေပြစ်ပြစ်နဲ့ ချစ်စရာအသံလေး က နေရာယူလာပြန်တော့… လူချစ်လူခင်ပိုများလာစေတယ်…

ငယ်ငယ်ကအတိုင်း ပဲများတဲ့အကျင့်ကတော့ မပျောက်သေးပါဘူး… လူလစ် ရင်လစ်သလို ကင်မရာတစ်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံ ပြန်ရိုက်…. (မျက်နှာမသစ်သေးမီ… မျက်နှာသစ်ပြီးချိန်… အလှမပြင်မှီ… အလှပြင်ပြီးချိန်).. တခါမှကို ဓါတ်ပုံရိုက်လို့ မကျေနပ်နိုင်တဲ့ သူပေါ့….

အခုတော့လည်း ၁၉ နှစ်တိုင်တိုင် အားယူပြီးတဲ့နောက်မှာ အားဖြစ်လာတဲ့ အလင်းတန်းလေး…. ၁၉ နှစ်ပြည့်မွေးနေ့မှသည် ဘ၀တသက်တာကာလလုံး ဒုက္ခအပေါင်းမှ ကင်းဝေးပြီး အေးချမ်းလှပတဲ့… ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ…

ငယ်စဉ်က
အမှောင်ထဲမှာ…
အားယူခဲ့ရ….

ဒုက္ခတွေကြားမှာ…
ရှင်သန်ခဲ့ရ…

ပူလောင်မှုတွေကို…
အဖော်လုပ်ခဲ့ရ….

အလင်းတန်းတခုအဖြစ်စတင်လာချိန်….
ရင်ထဲကခံစားမှုတွေကို..
တန်ပြန်ဖို့အတွက်….
ပဲ့တင်သံတခုရဲ့လင်းရောင်ပြန်..

မငယ်ရေစင်…

ပို့စ်က အရမ်းရှည်လွန်းတော့... ဖတ်ရ အခက်အခဲ ဖြစ်နိုင်တဲ့အတွက် ကျန်တဲ့မွေးနေ့ဆုမွန်တွေကို ပို့စ်တခုနဲ့ ပြန်တင်ထားပါတယ်ရှင်။ မွေးနေ့ ဆုမွန်တွေကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်...။

စိတ်ဝင်စားသေးရင်...

Tuesday, February 17, 2009

ကျမရဲ့ ဒိုင်ယာရီပုံပြင်

ကျမရဲ့ ဒိုင်ယာရီပုံပြင်



ဒိုင်ယာရီဆိုတာ အမှတ်တရတွေကို သိမ်းထားပေးတဲ့ ပြတိုက်လေး တခုအဖြစ် ကျမကတော့ မှတ်ယူထားပါတယ်။ ကျမ ဒိုင်ယာရီ ရေးရပျင်းမှန်း.. ကြွားတော့မယ်ဆိုတဲ့ ပို့စ်မှာ ပြောထားပြီးတဲ့အတွက်.. သိကြမှာပါ။ ဒါပေမယ့် သူများကို ရေးခိုင်းပြီး သိမ်းရတာတော့ ၀ါသနာပါတယ်။ အဟဲ..။ ကျမအတွက် အဖိုးတန်တဲ့ ဒိုင်ယာရီ စာအုပ်နှစ်အုပ်ရှိပါတယ်။

ကျမ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေရေးထားပေးတဲ့ စာအုပ်လေးတွေပါ။ သိမ်းထားခဲ့တာ သုံးနှစ် ရှိပါပြီ။ ကျမစိတ်ဓါတ်ကျတိုင်း အဲဒီစာအုပ်လေးကို ဖွင့်ဖတ်တဲ့အခါ အဲဒီတုန်းက အချိန်တွေကို ပြန်ရောက်သွား သလိုပါပဲ။ ဒီစာအုပ်နှစ်အုပ်က ဘာလို့အရေးကြီးလဲဆိုရင် အဲဒီအချိန်က အဲဒီနေရာက အဲဒီလိုပုံစံမျိုးနဲ့ နောက်ဆို ဘယ်တော့မှ ပြန်တွေ့မှာ မဟုတ်လို့ပါပဲ။

ဒီနေ့ မနက်လည်း ကျမ အဲဒီစာအုပ်လေးတွေကို ဖွင့်ဖတ်မိပြန်တယ်။ တပြိုင်တည်းမှာပဲ ပို့စ်လေးတစ်ခု ရေးမယ်လို့ စိတ်ကူးရလိုက်တယ်။ (အမှန်က ရေးစရာမရှိလို့.. :D)။

တစ်ချို့  သူငယ်ချင်းတွေ ရေးထားပေးတဲ့ Auto လေးတွေမှာဆို အရင်က အငွေ့အသက်လေးတွေ လွှမ်းနေတတ်ပါတယ်။ သူတို့ ရေးထားပေးတဲ့ ပုံကို သူတို့လက်ရေးအတိုင်း ဓါတ်ပုံရိုက်ပြီး ပြန်ဖော်ပြထားပေးပါတယ်။ (ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကို ဘယ်လောက်ချစ်လဲ ကြွားတာလေ... အဟိ)။


ဒါကတော့ ကျမသူငယ်ချင်း ကရင်မလေး တယောက်ရဲ့ ဆုတောင်းလေးပါ.. “ ဘ၀တကွေ့မှာ တွေ့ကြုံရမယ့် ဆူးကန္တာရကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေ” တဲ့...

ဒါက နောက်သူငယ်ချင်း တယောက်ပါ.. သူကလည်း ကျမအတွက် ကဗျာလေး တပုဒ် ရေးပေးခဲ့ပါတယ်... သူ့ကဗျာက..
“ တနယ်တကျေး ဟိုအဝေးကို
သွားရတော့မယ်
သူငယ်ချင်းရယ်
ဌာနေပြည်ကြီး သူ့အရပ်ကို
ပြန်ရတော့မယ်
သူငယ်ချင်းရယ်
အချိန်တန်လို့ ပြန်ရတာ
စိတ်မှာမှတ်ပေါ့
သူငယ်ချင်းရယ်တဲ့”...။

ဒီတစ်ခုကတော့ သူငယ်ချင်း ကောင်လေးတယောက် ရေးပေးထားတာပါ။ အခုတော့ သူအိမ်ထောင်ကျသွားပြီ..။ (မြန်လိုက်တာနော်.. :P)။ သူ့ရဲ့ အမှတ်တရ စာသားလေးက....
“ လရောင်းကင်းသောညသည် မတင့်တယ်
လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည် မတင့်တယ်
ဟင်္သာကင်းသော ရေကန်သည် မတင့်တယ်
သူငယ်ချင်းကင်းသော လူ့ဘ၀သည်လည်း မတင့်တယ်” တဲ့....။

ဒီမမကလည်း သူငယ်ချင်းပါပဲ။ ကျမထက် တစ်နှစ် ကြီးတယ်...။ သူရဲ့ ကျမအတွက် မှတ်ချက်က “သိပ်ကို လေပန်းတယ်” တဲ့..။ (ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ ခပ်ရှက်ရှက်...)။ ဒါလည်း ကျမအတွက် အမှတ်ရလေးပါပဲ...။ ကျောင်းတုန်းကဆို.. စုပြီး လေပေါနေကျ.. (ဘယ်ရမလဲ သူ့ကိုပါ ဆွဲထည့်လိုက်ပြီ.)..။


ဒီသူငယ်ချင်း တယောက်ကတော့ လူကို ငိုအောင် စပြီးမှ ပြန်ချော့တာလေ.. ဟွန့်။ အစသန်တယ်။ သူ့ပုံတူ လေးပါ။ သူ ဆွဲထားပေးတာလေ။ တကယ်တူတယ်သိလား။ အရမ်းခင်စရာကောင်းတဲ့ ရိုးသားတဲ့ ကရင် ကောင်လေး တယောက်ပါ..။

ဒီသူငယ်ချင်းက ကိုယ့်ကဗျာနဲ့ ကိုယ့်ကို တရားပြန်ချတဲ့သူပေါ့.. အဟဲ..။











သူကတော့ ကျမရဲ့ အမတ၀မ်းကွဲလည်းဖြစ်.. သူငယ်ချင်းလည်း ဖြစ်တဲ့ သူပေါ့။ သူ့ရဲ့ ကျမကို ဖျောင်းဖျတဲ့ စကားလေးက....
“ရေထဲက ဗေဒါပင်တွေဟာ..
လေကြောင့်ပဲ ပေါင်းဆုံကြသလို..
လေကြောင့်ပဲ ခွဲခွါကြရတယ်..
ဘ၀ပင်လယ်ပြင်က လူသားတွေဟာလည်း
ကံကြောင့်ပဲ တွေ့ဆုံကြသလို...
ကံကြောင့်ပဲ ခွဲခွာကြရတယ်...
ဒါကြောင့် လမ်းခွဲမှ ၀မ်းမနည်းကြပါနဲ့...
ကံမကုန်ရင် ပြန်ဆုံကြမှာမို့” တဲ့.....။

တကယ်ပဲ သူငယ်ချင်းတွေအားလုံး နောက်ဆုံးတွေ့ကြတဲ့ ကျောင်းနှုတ်ဆက်ပွဲညမှာ ငိုခဲ့ကြတယ်...။ သူတို့ရဲ့ ကျမအတွက် အမှတ်တရလေးတွေက ဆွဲဆောင်မှုရှိတဲ့ ပုံပြင်တွေလို ဘယ်တော့မှ မေ့လို့မရခဲ့ဘူး..။ ဘလော့ဂ်ဂါ ကိုကို မမ.. မောင်လေး.. ညီမလေးတွေအားလုံး.. သူငယ်ချင်းတွေရဲ့အမှတ်တရလေးက ဘ၀အတွက် အားဆေးတွေ ဖြစ်ပါစေနော်..။ :) :P :D

စိတ်ဝင်စားသေးရင်...

Saturday, February 14, 2009

ချစ်သူများနေ့ ဆိုတဲ့ ဖေဖော်ဝါရီ 14


ချစ်သူများနေ့ ဆိုတဲ့ ဖေဖော်ဝါရီ 14

ငယ်ငယ်တုန်းကတော့ ဖေဖော်ဝါရီ ဆယ့်လေးဆို ဘာမှန်းမသိ...။ ကျောင်းနေတုန်းကတော့... သူတို့တွေ ပန်းတွေလဲ ကြတာပဲ။ ဒါပေမယ့် အရမ်းကြီး အရေးတယူပုံစံမျိုးတော့ မဟုတ်ပါဘူး။ (တခြားနေရာတော့ သိဘူးနော်.. ကျမသိသ လောက်လေးနဲ့ လူတတ်ကြီး လုပ်နေတာ)။

အရွယ်ရောက်လာတော့လည်း ဖေဖော်ဝါရီဆယ့်လေး ဆိုတာ သေချာသတိမထားမိပါဘူး..။ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကမှ သတိထားမိတာ...။ ချစ်သူရှိလာလို့ သတိထားမိတာ မဟုတ်ပါဘူး.. အဟဲ။

ကျမလက်ခံထားတဲ့ ချစ်သူများနေ့ဆိုတာ.... အဲဒီနေ့ရောက်ရင် ကိုယ်ချစ်တဲ့သူ (ချစ်သူသာမက အဖေ.. အမေ.. သူငယ်ချင်း.. စသဖြင့်ပေါ့) တွေအချင်းချင်း ပန်းတွေပေးကြ ပန်းစည်းတွေပို့ကြ.. ပို့စကတ်တွေ ပို့ကြနဲ့ ပျော်စရာပါ..။

ခုတော့ ကျမ ဒီနေ့လေးကို အမှတ်တရ ရှိတတ်လာပါပြီ။ ဒီနေ့ကြောင့် ပြသနာဖြစ်ရတာကော (သူငယ်ချင်းတွေနဲ့ သွားခိုးလည်လို့ အိမ်အပြန်အဆူခံရတာ .. အဟဲ)..။ ကြေကွဲဝမ်းနည်းဖွယ်ကောင်းတာတွေကော (အဲဒီနေ့မှာ ဆုံးသွားတဲ့သူတွေ အတွက်ပါ..)..။ အမှတ်တရ ဖြစ်စရာတွေကော.. (သွားလည်ရင်း မုန့် လုစားကြတာတွေ) အားလုံးကြောင့်ပါ..။

ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ အဲဒီနေ့ရောက်ရင် ရင်ခုန်တတ်လာပြီ။ ချစ်သူစုံတွဲရှိကြတဲ့ သူငယ်ချင်းတွေ အတွက် ၀မ်းသာပေးတာရော..။ သူငယ်ချင်းတွေနဲ့ သွားလည်ရတာကော..။ သူတို့ပေးတဲ့ လက်ဆောင်ရတာကြောင့်ရော.. အဟဲ..။ အကုန်လုံးပေါ့။ ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ ကိုယ်ချစ်ခင်တဲ့သူတွေအားလုံးရဲ့ မျက်နှာမှာ တစ်စက္ကန့် လေးပဲဖြစ်ဖြစ် အပြုံးလေးတစ်ပွင့်တော့ မြင်ချင်ပါတယ်...။
Happy Valentine Day! Cheer U all!

စိတ်ဝင်စားသေးရင်...

Thursday, February 12, 2009

ဖေဖေ

ဖေဖေ (ဖေဖေ့ 13 နှစ်ပြည့်အမှတ်တရအတွက်......)

“ဘာလိုလိုနဲ့ ဖေဖေဆုံးတာ ဆယ့်သုံးနှစ်တောင် ရှိပါကောလား”။ ရှားရှားပါးပါး တစ်ပုံ တည်းရှိတဲ့ ဖေဖေ့ဓါတ်ပုံကို ကြည့်ရင်းနဲ့ အမှတ်မထင် ရေရွတ်လိုက်မိတယ်။ ဖေဖေက ဓါတ်ပုံရိုက် အရမ်းပျင်းတာ။ ၀ါသနာလည်းမပါဘူး။ (သူ့သမီးတွေနဲ့များ ကွာပါ့…:P)။ ရှိတဲ့ ဓါတ်ပုံကလည်း ခြလက်ထဲက မနည်းလုထားရတာ။ နှစ်တွေကလည်း ကြာခဲ့ပြီကိုး။


ဖေဖေက ကျမတို့ မိသားစုအတွက် မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်ခံနိုင်တဲ့ ခိုင်ခံ့တဲ့ အဆောက်အအုံ ကြီးတစ်ခုနဲ့တူတယ်။ ဖေဖေ့ကြောင့် နေနဲ့တူပြီး ပူပြင်းတဲ့ ဘ၀အမောတွေ ကနေ ကင်းလွတ်ခဲ့ရပြီး၊ လေနဲ့တူတဲ့ ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုးသော ရိုက်ခတ်မှုဒဏ်တွေ ကလဲ ကာကွယ် နိုင်ခဲ့တယ်။ မိုးနဲ့တူတဲ့ အေးစက်တဲ့ အငွေ့သက်တွေအစား နွေးထွေးတဲ့ မေတ္တာတွေနဲ့ နူးညံ့မှုတွေ လွှမ်းခြုံပေးခဲ့သူပဲ။

တကယ်တော့ ဖေဖေဟာ ကျမတို့ မိသားစုရဲ့ စံပြသူရဲကောင်း တစ်ဦးပါပဲ။ စည်းစနစ်ကြီးတဲ့ ဖေဖေ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျမတို့ မိသားစုတွေ သက်တောင့်သက်သာ ဘ၀တစ်ဆစ် ချိုးအထိ လျှောက်လှမ်းနိုင်ခဲ့တယ်။ ရုတ်တရပ် ကျမရဲ့ စိတ်တို့ ဖမ်းလို့မမိနိုင်ပဲ ဟိုးလွန်ခဲ့တဲ့ ဆယ့်သုံးနှစ်တာ ကာလကို ရောက်သွားခဲ့တယ်။

ဖေဖေရှိတုန်းက အပူအပင်မရှိ စားလိုက်၊ သောက်လိုက်၊ ကစားလိုက်၊ ကျောင်းသွားလိုက် နဲ့ တကယ့်ကို ပျော်စရာပါ။ ဆွေမျိုးတွေကြားမှာလည်း မျက်နှာမငယ်ခဲ့ရဘူး (စကောတပ် ထားတာဟုတ်ဘူးနော်.. မျက်နှာကို)။ သူများတွေရဲ့ အားကျစရာ မိသားစု ဖြစ်ခဲ့ရတယ်။

ကျမတို့ မိသားစုက မချမ်းသာပါဘူး။ သာမန် လူလတ်တန်းစား ၀န်ထမ်းမိသားစုလေးပါပဲ။ (ဖေဖေက မြေတိုင်းစာရေး၊ မေမေက ကျောင်းဆရာမလေ)။ ဖေဖေ လူဖြောင့်စိတ်တို တစ် ယောက်ပဲ။ ပိုက်ဆံလည်းမစားဘူး။ မတရားတာလည်းမလုပ်ဘူး။ ဒါကြောင့် ဖေဖေ့က လူ ချစ်လူခင်တအားများတာ။ ကျမတို့ကိုလည်း တစ်အားချစ်တာ။ ကျမတို့အတွက် အ၀တ်အ စားဆိုလည်း ဆင်တူတွေနဲ့ (တောက်တဲ့ ကျ နေတာပဲ… အဟား)။ တစ်ခါတစ်လေ ကျမ တို့က အငြိမ့်ကကြတယ်။ ဖေဖေတို့က ပရိသတ်ပေါ့။

အရမ်းပျော်ရွှင်ခဲ့ရပေမယ့် ကံဆိုးတဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။ ကံကြမာက မျက်လှည့် ဆရာတစ်ယောက်ဆိုတာ တကယ်မှန်တယ်။ ဖေဖေက ကျမတို့ဆီကနေ မဆုံး နိုင်တဲ့ ခရီးရှည်တခုအတွက် ထွက်ခွာသွားခဲ့ပြီလေ။ အရွယ်ကောင်းမုဆိုးမနဲ့ အရွယ်မ ရောက်သေးတဲ့ သမီးလေးယောက်ကို ထားသွားခဲ့ပြီးတော့ပေါ့။

ကျမတို့ရဲ့ အဆောက်အုံကြီးတစ်ခုလုံးပြိုပျက်သွားပြီးတဲ့ နောက်။ မမျှော်လင့်တာ တွေဖြစ် လာတယ်။ အခက်အခဲတွေနဲ့ ကြုံရတယ်။ ဖေဖေရှိတဲ့ အချိန်ကလို ပျော်ရွှင်မှုလေးတွေ မ ရနိုင်တော့ဘူးလေ။ ကျမ အားငယ်တိုင်း ဖေဖေ့ကို တမ်းတနေမိတယ်။

မိစုံဖစုံမရှိတဲ့ ဘ၀မှာ မျက်နှာငယ်စရာတွေလည်း ကြုံခဲ့ရတယ်။ ဖေဖေ့ကို သတိရတိုင်း ကံကြမာကိုပဲ အပြစ်တင်မိတယ်။ ဘာလို့ ကျမတို့ကို ရက်စက်ရတာလဲပေါ့။ လုံခြုံမှုမရှိတဲ့ ဘ၀ကနေကြီးပြင်းလာရတော့ လူက အလိုလိုသိမ်ငယ်နေရတယ်။ အရာရာကို ကြောက် တယ်။ ဒီကြားထဲ မေမေက အဝေးကြီးမှာ အလုပ်သွားလုပ်ရသလို ကျမတို့ ညီအမတွေ လည်း တစ်နေရာစီ။ မိသားစုတွေတွေ့ရင် တစ်ယောက်ယောက်က အမြဲတမ်းလိုနေတတ် တယ်။ ဒီကြားထဲ မြေနိမ့်ရာ လှံစိုက်ချင်တဲ့ သူတွေကလည်း ရှိသေး။

ငယ်ငယ်တုန်းက ဖေဖေ့ကို သတိရလို့ ငိုချင်တိုင်း တမလွန်မှာ ကျမတို့မျက်ရည်ထဲ လက်ပစ် ကူးနေရမှာစိုးလို့ မငိုခဲ့ရဘူး။ ခုထိလည်း ကျမငိုရင် ဖေဖေ မျက်ရည်ပင်လယ်ထဲ ကူးနေရ မယ်ဆိုတဲ့ ယုံကြည်မှုက ရှိတုန်း။ မမှန်မှန်းသိပေမယ့် လက်ခံယုံကြည်နေတုန်း။ ခုတော့ ကျမတို့ မိသားစု အတူတူ ပြန်ဆုံချိန်မှာ ဖေဖေ့ကို ရှိစေချင်လိုက်တာ။ ဖေဖေ ဘယ်ဘ၀များ ရောက်နေပြီလဲမသိ။

အတွေးပင်လယ်ထဲ လက်ပစ်ကူးနေလိုက်တာ သတိရတော့ နေကစောင်းနေပြီ။ မနက်က တည်းက စိမ်ထားတဲ့ အ၀တ် မလျှော်ရသေးဘူး။ ဒီတော့ ထုံးစံအတိုင်း အ၀တ်ချဉ်ဖတ် စိမ် ရအုံးမယ်ထင်ပါ့။ ဖေဖေ့ ဓါတ်ပုံလေးကို အသာချလို့ အတိတ်မြို့ တော်ဆီကနေ ထွက်ခွာခဲ့ လိုက်တော့တယ်။

စိတ်ဝင်စားသေးရင်...

Friday, October 10, 2008

အမြင်လေးတွေပြောပါဦး..


အမြင်လေးတွေပြောပါဦး...

ဒီနေ့ ကျမ အွန်လိုင်းမှာ ဘလော့ဂါ အကိုကြီး တစ်ယောက်နဲ့ အကြောင်းအရာ တစ်ခုပေါ် မူတည်ြ့ပီး အငြင်းအခုန် ဖြစ်ကြတယ်... သိလား။ အကြောင်း အရာက မထူးဆန်းပေမယ့် တော်တော် ရှုပ်ထွေးတယ်။ ဘာအကြောင်းလဲ သိချင်လား..။ ပြော မှာပါ။ ဒီလိုလေ..။

ချစ်သူနဲ့ ရည်းစား ဘယ်တာက ပိုလေးနက်လဲလို့ပေါ့။ သူပြောတာက.. ချစ်သူဆိုတာက အပျော်သဘော သက်ရောက် တယ်တဲ့..။ ရည်းစားဆိုတာကတော့.. အဲ... ဘယ်ရမလဲ... အောက်မှာ ဆက်ဖတ်နော်..။


ရည်းစားဆိုတာ...... တစ်ဘ၀လုံးအတွက် "ရည်"ရွည်ပြီ လက်တွဲဖို့ စဉ်း "စား" ထားတဲ့ သူကိုပြောတာတဲ့...။ ဒီတော့ ကျမလဲ ဘယ်ရမလဲ...။ သူ့ကို ပြန်မေး လိုက်တာပေါ့။ ဒါဆိုရင် “ရည်စား” ဖြစ်ရမှာပေါ့။ ဘာဖြစ်လို့ “း” ကပိုပြီး ရည်းစား ဖြစ်သွား ရတာလဲလို့ ( ဟွန်း.. ဘယ်ရမလဲ.. ကျမက... အဲလောက်ထိ ခွာတာ.. အဲလေ.. ကပ်သပ်တာ..)။

အံမယ်.. သူကလည်း ခေသူမဟုတ်ပဲ။ ဘာပြန်ပြောလဲ သိလား..။ အမှန်ကတော့ “ရည်စား” ပဲတဲ့..။ ကာလရွေ့ လျားပြီး “ရည်းစား” ဖြစ်သွားတာတဲ့.. (ကောင်းရော)။ ဒါနဲ့ ဘယ်ရမလဲ..။ ကျမလည်း ... အားကျမခံ ပြန်ပြောတာပေါ့နော်။ ဟုတ်တယ်လေ.. ကိုယ်လက်ခံ ထားတာကို ကိုယ်က ပြန်တင်ပြတာပဲ..အဟီး။

ကျမထင်တာကတော့..... ရည်းစားထက် ချစ်သူက ပိုလေးနက်တယ်လို့။ ချစ်သူဆိုတာက ကိုယ်တကယ်“ချစ်”ပြီး တကယ် လက်တွဲရမယ့်“သူ”ကို ပြောတာလို့..။ အဲဒါက အချိန်ကာလရွေ့လည်း စာလုံးက မပြောင်းဘူး .. မလွဲဘူးလို့...။ အံမယ်.. ကိုယ့် အဓိပ္ပါယ်ဖွင့် ဆိုချက်နဲ့ ကိုယ်တော့ ဟုတ်နေတာပဲ...။ ဟီး....။

ကဲ... ကိုကို.. မမ.. တို့ကကော.. ချစ်သူနဲ့ ရည်းစားကို ဘယ်လို့ လက်ခံပြီး အဓိပ္ပါယ်ဖွင့် ဆိုကြပါသလဲရှင်...။ ၀ိုင်းပြီးတော့ ကိုယ့်ရဲ့ ယူဆချက်တွေ ကွန့်မန့်ထဲမှာ ဖလှယ်ပေး သွားပါဦးလို့...။ ။

စိတ်ဝင်စားသေးရင်...

Friday, August 29, 2008

ညကဗျာ

ညကဗျာ


လူတွေက ကောင်းကင် ပြာတွေ ကိုပဲ စာဖွဲ့လေ့ ရှိကြ တယ်နော်(များသော အားဖြင့်)။ ကျမကတော့ ညဘက်မှာ တွေ့ရတဲ့ ကောင်းကင်ကို ပိုပြီး နှစ်သက် ပါတယ်။ မနေ့ညတုန်းက ဘာရယ်မဟုတ် ကောင်းကင်ကို ကြည့်နေရင်း သူတို့ ပေးတဲ့ အေးချမ်း မှုကို ရရှိခဲ့တယ်။

သူတို့ ဆိုတာက ကောင်းကင်၊ တိမ်တိုက်တွေ၊ ကြယ်တွေ၊ လမင်း၊ လေပြေ စတာ တွေပေါ့။ ကောင်းကင် ရဲ့ အလှဟာ အဲဒါတွေ ရှိမှ ပိုပြီး ပြည့်စုံ တယ်လို့ ကျမ ယုံကြည် ထားတာ။ ။

ခုတလော ကိုယ့်ဟာကိုယ် အရှုပ်တွေ လုပ်နေ တာကြောင့် သူတို့ တွေကို မေ့နေ ခဲ့တာ။ ညတုန်း ကတော့ ရုပ်ရှင် (အလာကား ရလို့) ကြည့်ပြီး ပြန်အလာ ကားပေါ်မှာ ပျင်းပျင်းနဲ့ ကောင်းကင်က တိမ်တွေကို အမှတ် မထင် ကြည့်နေ မိတယ်။ တိမ်တွေ ကြားထဲက ကြယ်လေးတွေ လင်းလက် နေတာ ကြည်နူး စရာပါပဲ။ ကောင်းကင်က နေ့ခင်းလို အရောင် မတောက်တော့ ကြည့်ရတာ မျက်စိ အေးတယ်လေ... နော်။

လေ အဝှေ့မှာ တိမ်လေးတွေ လွင့်သွားတာ အရမ်း ကြည့်လို့ ကောင်းတယ် (မယုံ မရှိနဲ့)။ တိမ်ဖုံး သွားတဲ့ ကြယ်ကို စောင့်ကြည့် ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး.. သိလား။ ကျမကတော့ တနေကုန် ဖိစီးထားတဲ့ စိတ်တွေကို ညဖက်မှာ ဒီနည်းနဲ့ လျော့သွားအောင် လုပ်တယ်။ ဒီနည်းက ကျမရဲ့ စိတ်ကို အေးချမ်းမှု အပေးနိုင် ဆုံးပဲ။

၁၀ တန်းတုန်း ကဆို အိပ်ငိုက်တိုင်း အပြင်ထွက်ပြီး ညကောင်းကင် ကိုကြည့် ရတာ အမော။ ခုချိန်ထိ စိတ်ဆိုး စရာတွေ၊ စိတ်ညစ် စရာတွေ၊ ပင်ပန်း မှုတွေကို ခံစား ရတဲ့ အခါတိုင်း ညကောင်းကင်ကို တမ်းတ တုန်းပါပဲ။ သူက ရမ္မက်၊ လောဘတွေ ကင်းရှင်းအောင် လုပ်ပေးနိုင်တယ်။ ညဖက် ရောက်လို့ ကောင်းကင်ကို ကြည့်မိတိုင်း ငယ်ငယ် တုန်းက ဘ၀ကို ပြန်အမှတ် ရမိတယ်။

နေပူရင် အလိုလို နေရင်း သွေးဆူပြီး စိတ်တွေ တိုနေ တတ်တာ။ ဒါကြောင့် ကျမက နေ့ထက် ညကို ပိုပြီး နှစ်သက် တယ်။ ညဖက်မှာ ကောင်းကင် ကိုကြည့်ပြီး ချစ်သူ တွေနဲ့ စကား ပြောတတ်တဲ့ သူတွေကတော့ ကျမထက် ပိုပြီး ညကဗျာကို ခံစား မိမှာပါ.... :) ။

တစ်ချိန် တုန်းကပေါ့ ကျမ စိတ်ညစ် အားငယ် နေတဲ့ အချိန်မှာ သူတို့က ကျမရဲ့ အဖေါ် ဖြစ်ခဲ့တယ်။ အချိန်တွေ ကြာလို့ တစ်ချို့  သူငယ်ချင်း တွေက ကျမ အပေါ် ပြောင်းလဲ သွားခဲ့ ပေမယ့် သူတို့က ကျမရဲ့ ထာဝရ မပြောင်း လဲတဲ့ အဖေါ် ပါပဲ။ ကျမ အတွက် ထာဝရ အေးချမ်းမှု ပေးနိုင်တဲ့ အဖေါ်ပေါ့။

ကဗျာ လေးလို ကျမကို အေးချမ်းမှုတွေ အမြဲ ပေးတဲ့ ညကို ကျမက ညကဗျာလို့ အမည်ပေး ထားတယ်။ အေးချမ်းမှုကို ရှာဖွေ နေတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျမရဲ့ အိုအေစစ်လေး တစ်ခုဖြစ်တဲ့ ညကဗျာကို ဝေမျှ ပေးလိုက် တယ်နော်။

စိတ်ဝင်စားသေးရင်...