Tuesday, December 16, 2008

နတ်မိမယ်ဆိုတာ ဒါကိုး

သးငယ်...။မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်...။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ ပျံနိုင်တဲ
့နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။

သားငယ်...။ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။

သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ့ တင်ပါးကိုပုတ်ပြီး
မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့...

စိတ်ဝင်စားသေးရင်...

စောင့်လိုက်ရတာ

မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..

မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။

စိတ်ဝင်စားသေးရင်...

သွားမမေးနဲ့

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

စိတ်ဝင်စားသေးရင်...

ဆရာလာမလုပ်နဲ့နော်

စိတ်ဝင်စားသေးရင်...

အစားတွေ့တိုင်းမစားနဲ့

တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့
ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့
မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို
မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ
အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့
ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

စိတ်ဝင်စားသေးရင်...

ဆုတောင်းမမှားနဲ့နော်

တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ
နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက်
စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက
ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------

အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။

စိတ်ဝင်စားသေးရင်...

Friday, December 12, 2008

ကျွန်မပဲ အနစ်နာခံလိုက်ပမယ်

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့
လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက်
လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက်
ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက်
ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့
မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။
အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး
လက်ခုပ်ဝိုင်းတီးကြတော့တယ်..

စိတ်ဝင်စားသေးရင်...

အကြံကောင်း

ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို
အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ
ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

စိတ်ဝင်စားသေးရင်...

ထပ်ပြောပါဦး

တက္ကသိုလ်တွင် ဖြစ်သည်၊ ပါမောက္ခက သင်တန်းပို့ချနေသည်။

ကြက်ဖဟာ ကြက်မကို တစ်နေ့ဆယ်ခါ ခေါင်းကို ဆိတ်သည်။

အိမ်ထောင်သည် ကျောင်းသူတစ်ယောက် ထမေးသည်။

ကျွန်မယောက်ျား ကြာရအောင် အဲဒီစကားကို ပြန်ပြော ပါဦးလား ဆရာ

ပါမောက္ခက ထပ်ပြောသည်၊ စောစောက ကျောင်းသူ၏ ယောက်ျားက ထပြောသည်။

ဆရာ ၊ ကြက်ဖဟာ ကြက်မတစ်ကောင်တည်းကိုပဲ တစ်နေ့ဆယ်ကြိမ်ဆိတ်သလား ခင်ဗျာ....

ဟာ တစ်ကောင်တည်းကို ဘယ်ဟုတ်မလဲ......

အဲဒါဆို ကျွန်တော့်ဇနီး ကြားရအောင် အဲဒီစကားကို ထပ်ပြောပါဦးဆရာ.....

စိတ်ဝင်စားသေးရင်...

Tuesday, December 9, 2008

အခုတော့လဲပြောပြီပေါ့နော်

(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ)
တစ်နေ့မှာ မောင်က

"မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်" ဟု သစ္စာဆိုသည်။


နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

စိတ်ဝင်စားသေးရင်...

မင်းထင်နေသလား

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ

ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို

ထင်နေတယ်ပေါ့လေ။

စိတ်ဝင်စားသေးရင်...

သတ်ရင်သတ်လိုက် မဆင်းဘူး

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။

လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."

"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ...မဆင်းဘူး"

ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က

အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး

"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာ လဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."

စိတ်ဝင်စားသေးရင်...

Sunday, December 7, 2008

အနှစ်သက်ဆုံးလေး


အနှစ်သက်ဆုံးလေး

ဘလော့ဂ် အကိုတော် ကိုဂျဲဂျယ် က တက်ဂ်ထားတယ်တဲ့။ နည်းနည်းတောင် ကြာပြီပဲ။ အလုပ်ရှုပ်နေတာရော။ အရှုပ်လုပ်နေတာရော။ အပျင်းကြီး အဲလေ.. မထူးတော့ပါဘူး သိပါစေတော့။ အဲဒါကြောင့်ကောပေါ့။ မရေးဖြစ်ခဲ့တာ။ ခုမှ နက္ခကျလာတယ် ရေးရမယ်တဲ့။ အချိန်ကောင်းဆိုပဲ... အဟဲ။

ကာတွန်းကားအကြောင်းကတော့ တစ်နေ့လုံးပြောရင်တောင် ကုန်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ ကာတွန်းကားတွေက အများကြီးကို။ ကားတိုင်းကြိုက်တယ်လို့ ပြောလို့ရတယ်။ တစ်ချို့ ကားတွေဆို နာမည်တောင်သိဘူး။ ခုထက်ထိကြည့်တုန်းပဲ။ ကာတွန်းဆို တစ်အိမ်လုံးကြိုက်ပဲ။ အဟီးး... နိဒါန်းပျိုးနေတာနဲ့ပဲ.. အတော်ကြာနေပြီ။

အကြိုက်ဆုံးကတော့...


စင်ဒရဲလား ကာတွန်းကားလေး လေ...။ ဒီပုံပြင်အကြောင်းကတော့ အားလုံးသိကြမှာလေနော်။ ဒါကြောင့် ဇာတ်လမ်းတော့ မပြောပြတော့ဘူးနော်။ (ဟီး.. ပျင်းပြန်ပြီ)..။ စိတ်ဆိုးနဲ့။ စိတ်ဆိုးရင် သီချင်းနဲ့ ပြန်ချော့မယ်။ နားထောင်သွားနော်။ ရောင်ပြန်အရမ်းကြိုက်တဲ့ သီချင်းပါ။




နားထောင်ပြီးရင် ဝေဖန်ပေးသွားအုံးနော်...။ :P။ ဝေဖန်ရေးက အားဆေးတစ်ခွက်ပါ။ (ဘုရား.. ဘုရား.. ပျစ်ပျစ်နှစ်နှစ် ဝေဖန်နေမှ... )..။ စတာပါ.. အဟတ်.. ဟတ်။

စိတ်ဝင်စားသေးရင်...

Friday, December 5, 2008

ပိုက်ဆံဆိုတာ


ပိုက်ဆံဆိုတာ

ကဲဒီတစ်ခါတော့ ပျင်းလို့မဟုတ်ဘူးနော်..။ စာရေးဖို့အချိန်မရလို့ (ဆင်ခြေပေးတာများလို့ မျက်နှာပူလာပြီ) အဟိ..။ အခုလည်း ဟာသပဒေသာထဲက ထုတ်နှုတ်ပြီး ပြန်ဝေငှလိုက်တယ်နော်...။ အာ..... ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး ချင့်..။ :P

ကဲစပြီနော်...။ တစ်ခါကပေါ့ကွယ်... သားဖြစ်သူက အဖေဖြစ်သူကို မေးတယ်တဲ့။ “ဖေဖေ... ပိုက်ဆံဆိုတာ ဘာလဲဟင်” တဲ့။

အဖေဖြစ်သူက စိတ်ကူးယဉ်ကြည့်ပြီးပြောတာပေါ့နော်။

အဖေ။ ။ “ ပိုက်ဆံဆိုတာ အပျံစားကား၊ အကောင်းစား ၀ီစကီနဲ့ ချောပေ့လှပေ့ဆိုတဲ့ အမျိုးသမီး တွေပေါ့ကွာ” ။

သား။ ။ “ ပိုက်ဆံမရှိရင်ကော ဟင်” ။
ဒီတော့ အဖေဖြစ်သူပြောပုံက “ အဲဒါဆိုရင်တော့.. ဘတ်စ်ကား၊ ရေနွေးကြမ်းနဲ့ မင်းရဲ့ မေမေပေါ့ သားရယ်” တဲ့။

ကောင်းရော.... သူ့အမျိုးသမီးကတော့ ပိုက်ဆံမရှိဖို့ ဆုတောင်းနေမှာပဲနော်။ အကယ်၍ သူ့ယောက်ျားအတွေးသာ သိခဲ့မယ်ဆိုရင်ပေါ့.. :P။

စိတ်ဝင်စားသေးရင်...

Wednesday, November 26, 2008

မျှတတဲ့ သစ်ပင်လေး



မျှတတဲ့ သစ်ပင်လေး

သူငယ်ချင်းတို့ရေ.......
တို့တွေရဲ့ စုပေါင်းအားနဲ့
မျှတလှပတဲ့ သစ်ပင်ကလေးတွေ
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပေါ်
အတူတကွ စိုက်ပျိုးကြရအောင် ။

လွှမ်းမိုးမှုကင်းတဲ့
မျိုးစေ့လေးတွေကို ကြဲပြီး
တူညီသောစိတ်တွေနဲ့
မျိုးစေ့လေးရှင်သန်အောင်
ပေါင်းသင်မြေနှုတ်
ပြုစုပျိုးထောင်ကြစို့ ။

အင်အားပြည့်စေမယ့်
နွေးထွေးမှုစွမ်းအင်နဲ့
နားလည်မှုမြေသြဇာကိုပေါင်းပြီး
ခွဲခြားမှုပိုးတွေ မကျရစေဖို့
မျှတခြင်း ဆေးတွေဖြန်းကာ
မျိုးစေ့လေးဖွံ့ဖြိုးအောင်
ပံ့ပိုးခြင်းဆိုတဲ့ ရေစင်တစ်ခွက်ကို
ထိန်းချုပ်မှုကင်းတဲ့ လက်တွေနဲ့
အားပါးတရလောင်းပေးကြမယ်နော် ။

နောက်ဆုံးတော့
တို့တွေမျှော်လင့်သလို
ငြိမ်းချမ်းခြင်း အခက်အလက်တွေနဲ့
ခွဲခြားမှုကင်းတဲ့ ပင်စည်ကြီးက
ယုံကြည်မှုအသီးပွင့်တွေကို
တူညီသော အရွက်တွေကြားမှာ
လွပ်လပ်စွာပွင့်ဖူးစေပါလိမ့်မယ် ။

အဲဒီအခါကျရင်
မျှတခြင်းဆိုတဲ့ သစ်ပင်လေးက
ရမယ့် တူညီတဲ့အသီးအပွင့်တွေကို
ညီမျှသောလက်နဲ့
အတူတူ ဆွတ်ခူးကြရအောင်နော် ။ ။

13-19 Gender Training အတွင်း အမှတ်တရ။

စိတ်ဝင်စားသေးရင်...

Sunday, November 23, 2008

ဂယောင်ချောက်ချား


ဂယောက်ချောက်ချား

ဟီး (မျက်နှာချိုသွေးပြီး တောင်းပန်ခြင်း)... ။ အချိန်ကလည်းမရ၊ ကိုယ်ကပျင်းတာလည်းပါတာပေါ့။ အကြမ်းရေးထားတဲ့ စာတွေတော့ရှိပါရဲ့ ။ ခုထိ ဘလော့ဂ် ပေါ်မတင်ရသေးဘူး။ အချိန်ကုန်လွယ်ပြီး ပေါ့ပါးတဲ့ ဟာသလေးတွေပဲ ဖတ်ပြီးတဲ့အထဲကပဲ ဘလော့ဂါ ကိုကို မမ၊ မောင်လေး ညီမလေး၊ သူငယ်ချင်း( အောင်မလေး ရှည်လိုက်တာ... အသက်ဘယ်ကထွက်ရပါ့.. အဲလေ) တို့အတွက် ပြန်ဝေလိုက်တယ်....။ နောက်မှ စာရှည်ရှည်၊ ကဗျာလှလှ နဲ့ ပုံပြင်လေးတွေ ရေးပေးပါ့မယ်...။ :D (မချိသွားဖြဲ)

ဒီလိုလေ....။ ဘ၀တစ်ပါးကို ကူးပြောင်းတော့မယ့် စကော့တလန်သားက သူ့ဇနီးကို မှာတမ်းခြွေနေလေရဲ့။
“မိန်းမရေ.. ဒို့အိမ်နီးချင်း ဂျွန်ဆီက စတာလင်ပေါင် 50 အကြွေး ရစရာရှိတယ်။ မမေ့နဲ့” တဲ့။
သူ့မိန်းမက “မမေ့ပါဘူးရှင်” ပေါ့။

နောက်တစ်ခါ ယောက်ျားဖြစ်သူက “ မစ္စတာ စမစ်ကိုတော့ တို့ ငါးပေါင်ပေးစရာရှိတယ်” ။
ဒီတော့ မိန်းမဖြစ်သူက သက်ပြင်းချပြီး ဘာပြန်ပြောလဲ သိလား။

ဂယောင်ချောက်ချားတွေ ပြောနေပြန်ပါပြီရှင်” တဲ့။ ကောင်းလေစွ။

စိတ်ဝင်စားသေးရင်...

Friday, November 21, 2008

မိတ်ဆက်ခြင်း


ချိုးလင်းပြာ

ချိုးလင်းပြာ ဆိုတဲ့ ဘလော့ဂ်လေးကို ဘလော့ဂါ မောင်နှမအားလုံးနဲ့ မိတ်ဆက်ပေးလိုပါတယ်။ အမျိုးသမီးဘလော့ စာမျက်နှာလေးတစ်ခုပါ။ စိတ်ဝင်စားစရာ ဘလော့လေး အဖြစ် စွမ်းအင်တစ်မျိုးနဲ့ စာဖတ်သူတွေကို ခေါ်ဆောင်သွားပါလိမ့်မယ်။

“မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရ စနစ်တွင်မဆို တန်းတူရေး၊ တ ရားမျှတရေးနှင့် လွတ်လပ်ရေးကို ကိုယ် စားပြုနိုင်ရန်အတွက် ချန် လှပ်ထား၍မရသော ကျားမ တန်းတူရေး (Gender Equality) ကို လေ့လာနားလည် ပြီး လူ့ အဖွဲ့ အစည်းတွင်း လက် ခံကျင့်သုံးနိုင်ရန်နှင့် နယ်ပယ်အ သီးသီးမှ အမျိုးသမီးများ၏ အ ခြေအနေအမျိုးမျိုးကို အမျိုးသ မီးအခွင့်အရေးရှုထောင့်မှနေ၍ စာဖတ်သူများ လေ့လာနိုင်ရန် ချိုးလင်းပြာအမျိုးသမီးစာမျက်နှာကို ဖန်တီးထားခြင်းပင် ဖြစ်သည်။”

ဒါကတော့ ချိုးလင်းပြာ အမျိုးသမီး စာမျက်နှာရဲ့ ရည်ရွယ်ချက်ကလေးပါ။
အချိန်ရခဲ့ရင် သွားရောက်လေ့လာကြည့်ပေါ့နော်...။ ဖတ်ရှုသူရဲ့ ရင်ထဲကို အတွေးတစ်ခုတော့ ထည့်ပေးနိုင်ပါလိမ့်မယ်။ ။

စိတ်ဝင်စားသေးရင်...

Wednesday, November 12, 2008

လှမ်းထားတာပါ


လှန်းထားတာပါ

ဒီတစ်ခါ ပြောပြတာကတော့ မငယ်လေး (အမတွေက များတယ်.. အဟီး.. ကြွားတာ)..။ သူဘယ်က ဖတ်ခဲ့လဲ... မသိ... (မသိတွေ များနေပြီ ထင်တယ်နော်.. အဟွန်း)။ အမတွေဆီကနေ ရသမျှ အလကားနားထောင်ရပြီး ပြန်ဝေမျှလိုက်တယ် နော်......။ သိပ်များ ပင်ပန်းသွားမလားပဲ နော်...။ ဒါပေမယ့် ရှိစေတော့.. ဒီတစ်ခါ အနစ်နာခံလိုက် အုံးမယ်.. :P။

ဒီလိုလေ...။ စိတ္တဇဆေးရုံ တစ်ခုမှာပေါ့။ လူနာတစ်ယောက်က ရေနစ်ပါလေရော။ ဟော...... လူတစ်ယောက် ရေနစ်ပြီ.. လုပ်ကြပါအုံးပေါ့..။ ဘယ်သူမှ သွားမဆယ်ရသေးဘူးတဲ့။ အဲဒီအချိန်မှာ အခြားလူနာတစ်ယောက်က သွားကယ်တယ်တဲ့။ ဒါနဲ့ ဆရာဝန်တွေက သူ့ရဲ့ စိတ်ဟာ အကောင်းအတိုင်း ပြန်ဖြစ်လောက်ပြီတဲ့။ ဒါကြောင့်မို့သာ လူကို ကယ်နိုင်တာပေါ့လို့ စဉ်းစားကြတယ်။ သူ့ကိုလည်း ဆေးရုံက ဆင်းခွင့်ပြုဖို့ သဘောတူကြတယ်တဲ့။

ဒါပေမယ့်.. နောက်တစ်နေ့ကျတော့ ရေနစ်ခံရတဲ့ သူက ကြိုးဆွဲ ချပြီးသေသွားပါရောတဲ့။

ဒါနဲ့ ဆရာဝန်က သူ့ကို ခေါ်တွေ့တယ်ပေါ့။ “မင်းနေကောင်းသွားပြီ..။ ဒါကြောင့် ဆေးရုံက ဆင်းလို့ရပြီ” တဲ့။ “ဒါပေမယ့် မင်းကယ်လိုက်တဲ့ လူနာကတော့ သေသွားပြီကွာ..။ ဘာလို့ ဒီလိုဖြစ်သွားမှန်းမသိပါဘူး..။ ဘယ်သူက ဒီလိုလုပ်လိုက်တာလဲ မသိ” လို့ ဆရာဝန်က ညည်းညူရင်းနဲ့ ပြောလိုက်တာပေါ့ ။

ဒီတော့ သွားကယ်တဲ့ လူနာက “ ကျနော်ပဲ လုပ်ထားတာ” တဲ့။ ဆရာဝန်တွေက မျက်လုံးပြူးပြီး “ဘာလို့ ဒီလိုလုပ်ရတာလဲ” လို့မေးတဲ့အချိန်မှာ သူက ဘာပြန်ပြောလဲသိလား။

“ကျနော် သူ့ကို သွားဆယ်တုန်းက သူ့အ၀တ်တွေက စိုနေတယ်လေ.. ဒါကြောင့် သူ့ကို တန်းမှာ ကြိုးနဲ့ လှမ်းထားတာ... သူ့အ၀တ်တွေ ခြောက်အောင်လို့” တဲ့....။ (နောက်ဆုံးတော့ သူလဲ ဒီပုတ်ထဲက ဒီပဲ ပါပဲလားနော်..:(...)။

ကဲ ဆရာဝန်တွေခမျာ .... လွှတ်ပေးရမှာလား.. ပြန်ထားရမှာလား... ဘယ်လို ဆုံးဖြတ်ရမှန်းမသိ... ဘာပြောရမှန်းမသိ... မသိပေါင်းများစွာနဲ့.... ဖြစ်နေရတော့တယ်ကွယ်.........။ ဆရာဝန်တွေခမျာ သနားစရာနော်...။ ။

စိတ်ဝင်စားသေးရင်...

စဉ်းစားနော်

ကဲဒီတခါ ဥာဏ်စမ်းလေးမေးအုံးမယ် ......
သိရင်လည်းဖြေပေါ့ မသိတော့လဲ ကြည့်ပေါ့နော်
သိပ်လဲမစဉ်းစားနဲ့နော်
ကဲစပြီ ...........
(1) စကားမပြော တတ်တဲ့သူက ကပ်ကျီး တောင်းချင်ရင် ဘယ်လိုလုပ်လဲ ........
(2) မျက်စိမမြင်တဲ့သူက ရေသောက်ချင်ရင် ဘယ်လိုလုပ်ပြမလဲ .........
ကဲစဉ်းစားနော် ...
အဖြေမှန်တွေကိုတော့ မပြောသေးဘူး
နောက်နေ့မှ ပြန်တင်ပေးမယ် ....


ကဲ ဘာလို့လာဖတ်တာလဲ နောက်နေ့မှ တင်မယ်ပြောထားတာ ဟွန်း ....

စိတ်ဝင်စားသေးရင်...

Tuesday, November 11, 2008

သီချင်းလေးအတိုင်း ဆိုရင်

ကဲ သူငယ်ချင်းတို့ရေ .... စဉ်းစားလိုက်ပါအုံး
အိမ်ထောင်စုတစ်ခုမှာပါ မိန်းမက ဈေးသွားတုန်း
ယောက်ကျားဖြစ်သူက ကလေးပုခက်လွှဲနေတယ်လေ
သီချင်းလေဆိုပြီးတော့ .. သူ့မိန်းမလဲ ဈေးက ပြန်လာ
ရော သီချင်းဆိုသံ ကြားတော့ဒေါသထွက်ပြီး စကား
များ ရန်ဖြစ်ကြတယ် ဘာသီချင်းများဆိုမိလို့လဲဆိုတာ
သူငယ်ချင်းတို့ စဉ်းစားကြည့်လိုက်ပါအုံး
မှန်မမှန် အဖြေလေးတိုက်ချင်ရင်တော့


ဦးစိုင်းထီးဆိုင် ဆိုတာတဲ့ ကိုယ့်သွေးလဲမဟုတ် ကိုယ့်သားလဲမဟုတ်
ကို့အမျိုးလဲမဟုတ်ပေ ..... သီချင်းကိုဆိုလိုက်လို့ပါ

စိတ်ဝင်စားသေးရင်...

ဒီလိုလား


ဒီလိုလား

ဒီနေ့ ကျမရဲ့ အမကြီးက ဘယ်ဝက်ဘ်ဆိုဒ်က ရှာဖတ်တယ် မသိပါဘူး။ ဟာသလေး တစ်ပုဒ် ကျမကို လာပြန်ပြောပြတယ်။ ဒီလို မဖြစ်အောင် မျှဝေလိုက်တယ်နော်........ :P။ ဆက်ပြောမယ် ဒီလို........

တစ်နေ့မှာပေါ့...။ ကောင်လေးတစ်ယောက်က ကောင်မလေး တစ်ယောက်ကို ခိုးရာလိုက်ဖို့ ချိန်းတယ်တဲ့။ အဲ...... ညရောက်တော့ ကောင်လေးက သွားတာပေါ့။ အဲဒီမှာ ကောင်မလေးက သူ့အမေကို တောင်းပန်စာရေး နေတယ်တဲ့။ စာထဲမှာတော့ သမီး အမိုက်မကို ခွင့်လွှတ်ပါ.. ဘာညာ.. ကွိကွ... ရေးထားလိုက်ရော။ အဲဒီမှာ ကောင်လေးက ဘယ်လိုတွေးမိတယ် မသိပါဘူး။ ကောင်မလေးကို မခိုးပဲ ထွက်ပြေးသွားရောတဲ့။

ကောင်လေးက ဘာတွေးမိလဲ သိချင်လား?????????။

ကောင်လေးတွေးမိတာက “ဟင်....... ဒီလိုလား... လက်စသတ်တော့ သူက အမိုက်မကိုး။ သူမိုက်မှန်း အခုမှသိရတော့တယ်။ တော်သေးတယ် မှီသေးလို့... အချိန်ရှိတုန်း အမြန်လစ်မှ” တဲ့ ကဲ......... ဘယ်လောက်ဆိုးလဲ။

စိတ်ဝင်စားသေးရင်...

Thursday, November 6, 2008

အကျင့်


အကျင့်

ကဲ........ စိတ်ရှုပ်လို့လဲ ၀ပြီ.... အဟိ (ကိုယ့်ဟာကိုယ် အပျင်းကြီးနေတာလည်း ပါတာပေါ့နော်...။) နောက်တစ်ခုက ဒီဘလော့ပေါ့... တကယ်စိတ်ပုတ်တယ်... ကိုယ့်သခင်တောင် ကိုယ်မမှတ်မိလို့ သခင်ငှားခေါ်ရတယ်..။ ကြည့်.. ဘယ်လောက်ဆိုးလဲ.. တကယ်..။ ... ခုတော့ ဟာသလေး တခုပြောပြမယ်..။ ဘယ်မှာဖတ်ရလဲတော့ မေ့သွားပြီ။(သတိက အဲလောက်ကောင်း.. ဟွန်း)။ ဖြစ်ပုံက... ဒီလို.. ဟိုလို... ။

တစ်နေ့မှာ အမျိုးသားတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်တဲ့။ (သူတို့ဟာ သူတို့ လက်ထပ်တာ ဘာအရေးလဲလို့ မမှတ်လိုက်နဲ့နော်.. ပြသနာက အဲဒီကစတာ)။ နောက်တစ်နေ့ကျတော့ အဲဒီအမျိုးသားက ရေးကြီးသုတ်ဖြာနဲ့ သူ့သူငယ်ချင်းဆီကို ရောက်လာသတဲ့။

အမျိုးသား။ ။ ဟေ့ သူငယ်ချင်း... ငါတော့ ပြသနာတတ်ပြီ ထင်တယ်ကွ။
သူငယ်ချင်း။ ။ ဟေ.. ဘာဖြစ်လို့လဲ..။

အမျိုးသား။ ။ ညတုန်းကကွာ..။ ငါ့မိန်းမနဲ့ အတူတူ အိပ်ပြီးတော့... ငါက အကျင့်ပါပြီး ပိုက်ဆံ ၅၀၀ ထုတ်ပေးလိုက်မိတယ်ကွ။
သူငယ်ချင်း။ ။ ဟင်.......... ဟုတ်လား။ အဲဒီတော့ မင်းမိန်းမက ဘာပြန်ပြောလဲ...။

အမျိုးသား။ ။ ဘာမှ ပြန်မပြောဘူးကွ။ အဲ..... ဒါပေမယ့် သူက ငါ့ကို ပိုက်ဆံ ၁၅၀ တော့ ချက်ချင်း ပြန်အမ်း ပေးတယ်ကွ။
သူငယ်ချင်း။ ။ ဟိုက်...........။ ။

စိတ်ဝင်စားသေးရင်...

Monday, October 20, 2008

တောင်းပန်လွှာ

ခုတလော စိတ်အရမ်းရှုပ်နေတာကြောင့် ပို့စ်အသစ်မတင်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် သူငယ်ချင်း တို့ရဲ့ အိမ်လေးတွေကို အလည်မရောက်ခဲ့ရင် နားလည်ပေးကြပါလို့။ လာလည်တဲ့ အတွက် အားလုံး ကျေးဇူးပါနော်။

စိတ်ဝင်စားသေးရင်...

Friday, October 17, 2008

ဘယ်သူအနှစ်သက်ဆုံးလဲ

ဘယ်သူအနှစ်သက်ဆုံးလဲ

မေးပြီနော်။ “စာအုပ်တွေကို ဘယ်သူ အနှစ်သက်ဆုံးလဲ” တဲ့။ ကဲ ဖြေတော့နော်။

အဖြေက... “ ခြ” တဲ့ ။ တစ်လုံးတည်း.. နော် ။ မှားတဲ့ သူတွေ နဖူးတောက်မယ်။ မှန်တဲ့ သူတွေ ခေါင်းခေါက်မယ်......... ဟီး..။ အလကားသက်သက် တမင်တကာပြောတာနော်။ ။

စိတ်ဝင်စားသေးရင်...

Wednesday, October 15, 2008

ကမ္ဘာကို ဘယ်လို အပိုင်စီးရပါ့

ကမ္ဘာကို ဘယ်လို အပိုင်စီးရပါ့..

ကဲ... ဒီတစ်ခေါက်တော့ မေးခွန်းကို ခပ်မြန်မြန်ပဲ မေးတော့မယ်..။ သွယ်ဝိုက်မနေတော့ဘူးနော်။

မေးခွန်းက “ ကမ္ဘာကို အပိုင်စီးချင်ရင် ဘာလုပ်ရမလဲ” တဲ့....။ အရမ်းခက်တဲ့ မေးခွန်းပဲ...။ သေချာဖြေနော်။

အဖြေက “ကမ္ဘာလုံးတစ်လုံး ၀ယ်လိုက်ပါ” တဲ့.... ။ သိပြီလား..။

စိတ်ဝင်စားသေးရင်...

Monday, October 13, 2008

အချစ်ဆိုသည်မှာ..


အချစ်ဆိုသည်မှာ

လာပြန်ပြီ နောက် တစ် တက်ဂ်... (အီး........ ဟီး... ရွှတ်.. ပက်...)။ ကိုထူးမြတ် နဲ့ တီတီ dream ပေါ့။ အရမ်းဆိုးတာပဲ... တကယ်... ဟွန်း။ အရမ်းစဉ်းစား ရခက်တဲ့ ခေါင်းစဉ်ကိုမှ လာ တက်ဂ် ထားတာ။ နာမည်က အချစ်ဆိုသည်မှာ ဆိုတော့ အမုန်းမဟုတ်လို့ ပေါ့နော်.... ဟီဟိ။ အကြွေး တင်နေမှာ စိုးတော့ ရေးရတော့ တာပေါ့။ ပိုက်ဆံသာ အကြွေးတင်ချင် တင်ပါစေ။ အခု ဒီနေရာမှာတော့  အကြွေး အတင်ခံနိုင်ဘူး... အဟုတ်။

အားလုံးတော့ တခြားကိုကို မမတွေ.. မောင်လေး ညီမလေးတွေ ရေးတဲ့ အထဲမှာ ပါကုန်လောက်ပြီ ထင်တယ်။ ဒါကြောင့် နားလည်သလောက် တိုတိုရှင်းရှင်းပဲ ရေးတော့မယ်။ ကဲ... ရေးပြီနော်...။ အောက်မှာ ဆက်ဖတ်တော့... :P ။

အချစ်ဆိုတာ ဘယ်လိုတွေ အဓိပ္ပါယ် ဖွင့်ကြလဲ... ဘယ်လို လက်ခံထားလဲ.. သိပ်မသိဘူးနော်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ လက်ခံချက် အမျိုးမျိုးပေါ့နော်။ ရောင်ပြန်နားလည်တာက အချစ်ဆိုတာ ဆန်းကြယ်တယ်။ အံ့သြဖို့ ကောင်းလောက်အောင်ကို မျက်လှည့်ဆန်တယ် ဆိုတာပဲ (ဟီး.. ဘာရယ်လို့မဟုတ်..... လူ အထင်ကြီးအောင် စွတ်ပြောနေတာ...)။

အချစ်ဆိုတာ ဘယ်လိုမှ လုပ်ယူလို့ မရပဲ သူ့အလိုလို ဖြစ်ပေါ် ခံစားလာတာလို့ မြင်တယ်နော်။ လုပ်ယူတဲ့ ဟာကတော့ အတု အယောင်ပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဘယ်သူမှလည်း အတင်းစေခိုင်းလို့ မရဘူးလေ။ စိတ်ကူးထဲမှာ ဒီလိုလူမျိုးကို ချစ်မယ်လို့ စိတ်ကူး ပုံဖေါ်ထားပေမယ့် တကယ်တမ်း ချစ်ချင်မှ ချစ်တာလေ။ ကိုယ် လက်မခံချင်တဲ့ စိတ်မကူးမိတဲ့ ပုံမျိုးကိုလည်း ချစ်ချင် ချစ်နိုင်တာပဲ။ ဟုတ်ဘူးလား... (စစ်ကူတောင်း လှမ်းတောင်းတာ.. :P)။

အချစ်ကြောင့် မိုက်ရူးရဲ ဆန်နိုင်သလို၊ အချစ်ကြောင့်လည်း သတ္တိတွေ ရှိလာနိုင်တယ်။ ပြောရရင် အချစ်က သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးပေါ့နော်.. အဟိ။ အချစ်ဟာ အချိန် အပိုင်းအခြားမရွေး ဖြစ်တည် လာနိုင်တယ့် သဘောရှိတယ်.... (အချစ်ဆရာမကြီး.. ဟုတ်ဘူးနော်...ထင်တာကို ပြောတာ)... ဟွန်း။

ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆိုတဲ့ ချစ်ခြင်း နှစ်မျိုးရှိတယ်တဲ့ (ရုပ်ရှင်ထဲမှာ ကြားဖူးတာ.. အပြင်မှာလည်း ပြောနေကြတာပဲ...အဟင်း)..။ ဘယ်လို ကွာခြားလဲတော့ သိပ်မသိပါဘူး။ နှစ်ခုစလုံးကတော့ သူ့ဟာနဲ့ သူ အရေးကြီးမယ် ထင်တာပဲ (ထင်တာတွေ များလွန်းနေပြီ... ထင်တယ်နော်.. ဟာဟ)။

ပြီးတော့ အချစ်ဆိုတာ ပူလောင်ခြင်း၊ ၀မ်းနည်းခြင်း၊ အေးချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို တစ်လှည့်ဆီ ပေးနိုင်တယ်လို့ ထင်တယ်။ တစ်ခါတစ်လေကျရင် အဲဒီအချစ်ကို မခံစားချင်ဘူး။ အချစ်ကို ကြောက်ကြပေမယ့် အဲဒီ ချစ်ကလည်း ဘယ်သူမှ မလွတ်ကင်း နိုင်ပြန်ဘူး ( ရှုပ်နေတာပဲ နော်)။

အချစ်မှာ အတ္တတို့၊ မာနတို့၊ ၀န်တိုမှုတို့ မရှိဘဲ နားလည်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ စာနာမှု၊ လေးစားမှု စတာတွေနဲ့ ပြည့်နှက်နေရင်တော့ အကောင်းဆုံးပေါ့နော်။ ဒီလောက်ပဲ ပြောတတ်တော့တယ်။ ရေးရင်းရေးရင်း ကိုယ့်ဟာကိုယ် လည်နေလို့... :P........။




စိတ်ဝင်စားသေးရင်...

ရောင်ပြန်ရဲ့ ဗရုတ်သုတ်ခကျဆုံးနေ့


ရောင်ပြန်ရဲ့ ဗရုတ်သုတ်ခကျဆုံးနေ့

ဘလော့လေးကို ပြန်မကြည့်ဖြစ်တာ 2 ရက်လောက် ရှိပြီထင်တယ်...။ ဒီနေ့တော့ ရုံးပိတ်လို့ (ဥပုသ်နေ့လေ) ပျင်းပျင်းနဲ့ ဘလော့လျှောက်လည်မယ် လုပ်တော့ C-Box မှာ ကိုဖြိုးဝေတိုး နဲ့ မမ၀ါဝါ က တက်ဂ် ထားတယ်လို့ လာအော်သွားတယ်ရှင့်။ တက်ဂ် သံသရာက ခုထိကို လည်နေတုန်း...။ ဘာအကြောင်းလဲ ဆိုတော့ ဗရုတ်သုတ်ခ အကျဆုံးနေ့ အကြောင်းတဲ့။ ရှက်ပါတယ် ဆိုမှ ပြောရတော့မယ်။ ကဲ... ရှက်ရှက်နဲ့ပဲ.. ဖော်လိုက်ရပြီ။ ဖြစ်ပုံက...။

တစ်နေ့ ကိုးတန်းကျောင်း တက်တုန်းကပေါ့။ ညနေပိုင်း သန့်ရှင်းရေး လုပ်ရတယ် (ကျောင်းမှာ)။ တစ်ကျောင်းလုံးပေါ့။ နေပူထဲမှာဆိုတော့ စိတ်ညစ်လိုက်တာ လွန်ပါရော။ မြက်လည်းနှုတ်ရ၊ အပင်တွေလည်း ရေလောင်းရ......... မညာဘူး.. တကယ်။ ပြီးတော့ အချိန်ကလည်း ကိုးလို့ကန့်လန့်။ ကျောင်းဆင်းချိန်လည်း မဟုတ်။ ဒီတော့ စိတ်တိုတိုနဲ့ မြက်တွေ နှုတ်လိုက်တာ... အနှုတ်လွန်ပြီး အနားက အလှပန်းပင်တွေပါ ကုန်သွားရော ( တစ်ယောက်တည်း မဟုတ်ဘူးနော်။ သူငယ်ချင်းတွေပါ ပါတယ်.......... ဟီး..... အဖော်ခေါ်ထားတာ။)

ပြောင်တာမှ တကယ့်ကို ဖုံးလို့မရအောင် ကုန်သွားတာ..။ ဒီတော့ ဘယ်ရမလဲ... (ဥာဏ်ကြီးရှင်တွေလေ)။ ဘေးနားမှာ ရှိတဲ့ နွားကို ဆွဲပြီး ပေးစားလိုက်တယ်...။ အေးရော။ တော်သေးတယ်။ ပန်းပင်က နွားစားတဲ့ အပင်ဖြစ်နေလို့... ဟွန်း။ ပြီးတော့ ဆရာမ မလာခင် အပြေးတပိုင်းနဲ့ လစ်ခဲ့ရတယ်။

ပြီးတော့ ဆရာမက ပန်းပင် ရေလောင်းတဲ့။ ကျောင်းဝန်းက သိပ်တော့မကျယ် ပါဘူး။ ဒါပေမယ့် ကံဆိုးစွာပဲ အပင်တွေက အရှေ့ ရော၊ အနောက်ရော၊ ဘေးရော၊ အလယ်ရော နေရာလပ်မကျန်အောင်ကို များတာ။ တော်သေးတယ်.. ကျောင်းကို အပိုင်းတွေခွဲပြီး အသင်းလိုက် နေရာကန့်ထားလို့။ အသင်းတွေနဲ့လည်း ပြိုင်ရသေးတယ်။ အမှတ်ရဖို့။ ပြီးချင်ဇောနဲ့ အားကြိုးမာန်တက် (ဒေ၀ဒတ်ဥာဏ်နဲ့) ရေလောင်းလိုက်တာ မြေသြဇာလုပ်ဖို့ ပုံထားတဲ့ နွားချေးတို့ မြေဆွေးတို့ပါ အကုန်ရေထဲ မြောတာပဲ...... ဟာဟ။ သေချာမလောင်းပဲ တစ်ခါတည်း လိုက်ဖြန်းလိုက်တာလေ။ မှတ်ရော။ ကံကောင်းလို့ ကြိမ်လုံးစာ မမိတယ်။ ရေလောင်းပြီး ခဏနေတော့ မိုးရွာလိုက်လို့..။ မိုးမင်းကြီးကို ကျေးဇူးတင်တယ်.. အဟုတ်။

ပြီးတော့ စာပြန်သင်မယ်ပေါ့လေ။ အဲဒီတုန်းက ကိုးတန်းနဲ့ ဆယ်တန်းက အချိန်ပိုသင်ရတယ်.. သိလား။ သုံးနာရီ ကျောင်းဆင်းရင် လေးနာရီမှ ပြန်ရတယ်။ အခန်းထဲရောက်တော့ ဆရာက သင်နေပြီ... Physic ဆရာလေ။ ဒါနဲ့ စာအုပ် ကမန်းကတန်းထုတ်ရင်း... ပြန်နေတဲ့ ကလေးတွေကို ငေးနေတာ။ ဆရာကလည်း ကျောင်းသားတွေ အာရုံမ၀င်ဘူးဆိုတာ သိတယ်လေ။ အဲဒီတော့ စာသင်ရင်း ဘာမေးလဲသိလား။ အပူချိန် 160 ရှိတဲ့ ခဲတုန်းကြီးက မအေးလွန်း နေဘူးလားတဲ့။

သိတယ်မဟုတ်လား။ သံယောင်လိုက်တဲ့ နေရာမှာတော့ အားလုံးက တိုင်ပင်စရာမလိုအောင်ကို ညီတာလေ။ တစ်ပြိုင်တည်း... တစ်ညီတည်း ၀ိုင်းအော်လိုက်တယ် “အေးပါသည်” ပေါ့။ ဆရာက နီးရာလူတွေ ခေါင်းကို မှီသလို.. ဖြစ်သလို.. စာအုပ်နဲ့ ခေါက်တာ။ ကံဆိုးချင်တော့ ကိုယ့်ခေါင်းပေါ် ဒေါက် ကနဲပဲ။ ဒါတောင် ကိုယ့်အမှား ကိုယ်မသိသေးဘူး။ ဘာလို့ ရိုက်လဲဟပေါ့။ ပြီးမှ ရှက်ရယ် ရယ်ပြရတယ်... အဟဲပေါ့။

ဒါတင်ပြီးလား ဆိုတော့ မပြီးသေးဘူး။ ကျောင်းက ပြန်လာလို့ ကျူရှင်သွားတော့ လွယ်အိတ်မေ့သွားတယ် သိလား။ ဆရာမ မျက်နှာမြင်တော့မှ သတိရတာ။ တော်သေး.. အချိန်စောသေးလို့။ ပြီးတော့ ညဈေးမှာ မုန့်တီသွားစားပြီး ပိုက်ဆံပေးဖို့ သတိမရဘဲ ခပ်တည်တည်နဲ့ ထွက်လာတာ သူငယ်ချင်း တစ်အုပ်စုလုံးပဲ။ တော်သေးတာပေါ့နော်။ တစ်ယောက်တည်းဆို မျက်နှာကွဲ.. အဲလေ.. အရှက်ကွဲပြီ။

တစ်နေ့လုံး ဗရုတ်သုတ်ခ ဖြစ်နေလိုက်တာ.. အိပ်တဲ့ အချိန်ထိတောင် မဆုံးသေးဘူး။ ငါ.. ဒီနေ့ ဘာဖြစ်နေပါလိမ့်ပေါ့။ စဉ်းစားနေရင်း မေမေ လာလို့ ကမန်းကတန်း စာအုပ်ဖွင့်ဖတ်လိုက်တာ ဇောက်ထိုးကြီး။ တော်သေး.. မေမေက သတိမထားမိလို့..။ ပြီးတော့ အိပ်ငိုက်ငိုက်နဲ့ ၀င်အိပ်လိုက်တာ.. ဘောပင်လ်ကြီးကို ကိုင်လို့။ တစ်နေ့လုံး မှားနေတာ အိပ်ရာဝင်တောင် အလွတ်မပေးပါလားလို့တော့ စဉ်းစားမိလိုက်သား။ ဒါပေမယ့် ဘောပင်လ် ကိုတော့ပြန်မထားမိလိုက်ဘူး။ အိပ်ပျော်သွားလို့လေ...။ ။

စိတ်ဝင်စားသေးရင်...

Friday, October 10, 2008

အမြင်လေးတွေပြောပါဦး..


အမြင်လေးတွေပြောပါဦး...

ဒီနေ့ ကျမ အွန်လိုင်းမှာ ဘလော့ဂါ အကိုကြီး တစ်ယောက်နဲ့ အကြောင်းအရာ တစ်ခုပေါ် မူတည်ြ့ပီး အငြင်းအခုန် ဖြစ်ကြတယ်... သိလား။ အကြောင်း အရာက မထူးဆန်းပေမယ့် တော်တော် ရှုပ်ထွေးတယ်။ ဘာအကြောင်းလဲ သိချင်လား..။ ပြော မှာပါ။ ဒီလိုလေ..။

ချစ်သူနဲ့ ရည်းစား ဘယ်တာက ပိုလေးနက်လဲလို့ပေါ့။ သူပြောတာက.. ချစ်သူဆိုတာက အပျော်သဘော သက်ရောက် တယ်တဲ့..။ ရည်းစားဆိုတာကတော့.. အဲ... ဘယ်ရမလဲ... အောက်မှာ ဆက်ဖတ်နော်..။


ရည်းစားဆိုတာ...... တစ်ဘ၀လုံးအတွက် "ရည်"ရွည်ပြီ လက်တွဲဖို့ စဉ်း "စား" ထားတဲ့ သူကိုပြောတာတဲ့...။ ဒီတော့ ကျမလဲ ဘယ်ရမလဲ...။ သူ့ကို ပြန်မေး လိုက်တာပေါ့။ ဒါဆိုရင် “ရည်စား” ဖြစ်ရမှာပေါ့။ ဘာဖြစ်လို့ “း” ကပိုပြီး ရည်းစား ဖြစ်သွား ရတာလဲလို့ ( ဟွန်း.. ဘယ်ရမလဲ.. ကျမက... အဲလောက်ထိ ခွာတာ.. အဲလေ.. ကပ်သပ်တာ..)။

အံမယ်.. သူကလည်း ခေသူမဟုတ်ပဲ။ ဘာပြန်ပြောလဲ သိလား..။ အမှန်ကတော့ “ရည်စား” ပဲတဲ့..။ ကာလရွေ့ လျားပြီး “ရည်းစား” ဖြစ်သွားတာတဲ့.. (ကောင်းရော)။ ဒါနဲ့ ဘယ်ရမလဲ..။ ကျမလည်း ... အားကျမခံ ပြန်ပြောတာပေါ့နော်။ ဟုတ်တယ်လေ.. ကိုယ်လက်ခံ ထားတာကို ကိုယ်က ပြန်တင်ပြတာပဲ..အဟီး။

ကျမထင်တာကတော့..... ရည်းစားထက် ချစ်သူက ပိုလေးနက်တယ်လို့။ ချစ်သူဆိုတာက ကိုယ်တကယ်“ချစ်”ပြီး တကယ် လက်တွဲရမယ့်“သူ”ကို ပြောတာလို့..။ အဲဒါက အချိန်ကာလရွေ့လည်း စာလုံးက မပြောင်းဘူး .. မလွဲဘူးလို့...။ အံမယ်.. ကိုယ့် အဓိပ္ပါယ်ဖွင့် ဆိုချက်နဲ့ ကိုယ်တော့ ဟုတ်နေတာပဲ...။ ဟီး....။

ကဲ... ကိုကို.. မမ.. တို့ကကော.. ချစ်သူနဲ့ ရည်းစားကို ဘယ်လို့ လက်ခံပြီး အဓိပ္ပါယ်ဖွင့် ဆိုကြပါသလဲရှင်...။ ၀ိုင်းပြီးတော့ ကိုယ့်ရဲ့ ယူဆချက်တွေ ကွန့်မန့်ထဲမှာ ဖလှယ်ပေး သွားပါဦးလို့...။ ။

စိတ်ဝင်စားသေးရင်...

Wednesday, October 8, 2008

အင်တာနက်ကိုမုန်းတယ်.. မိန်းမတွေကိုမုန်းတယ်... ကိုယ့်ကိုယ်ကိုယ် အမုန်းဆုံးပဲ..


ဒီ ပို့စ် လေးက သူငယ်ချင်းတစ်ယောက်က ပို့ပေးတဲ့ forward mail လေးက ရခဲ့ တာပါလို့ ပထမဆုံး ၀န်ခံပါရစေ..။ ကျမ အရမ်းကြိုက်လွန်းလို့ လာလည်ကြတဲ့ ညီအကို မောင်နှမတွေကို မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်..။ ထပ်တူခံစားနိုင်ကြပါစေနော်...။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို
စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။
အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။
ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်း
တစ်ခုလုံးမှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)
ဖြစ်ပြီးသန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာ
တတ်သည်။ကျွန်မမှာညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင်
ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ပထမဆုံးအကြိမ်
ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး
ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည်
မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်
မှတ်ထားသောယောက်ျားလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း
သန်းခေါင်ယံအချိန်တွင်တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။
ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိ
သည်။ တစ္ဆေသရဲ အင်တာနက်သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောက်
ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည်
အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကိုမြင်ဖူးထားသည့်အလား
ဘယ်တော့မှ ကျွန်မ၏ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည်
ကျွန်မဘေးတွင်ရှိနေခဲ့ပြီးကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။


"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။
ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေ
သည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်
ကာ ကွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ
မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ
ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊
အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟု
ခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်
ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူ
သာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွင်
ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့်
chatroom ထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍
မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"


မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့
အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောက
တွင် သူတွေ့ချင်လာသည်။လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်
ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။
မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း
အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက
အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့်
သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့
ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။
တစ်ခါတရံသူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း
ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ
ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင်
အနားတွင်သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏
သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ
ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ
အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်း
ချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့
အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ
ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့
တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို
အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့
ဝင်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း
ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို
ဝတ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်းမျက်နှာမှာ
သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။
ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို
ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ
ပွတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။

ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည
၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ
တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။
အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရည်ကို ကျွန်မ
ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင်
ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား... စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း
chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight....
ကျွန်မ အသက်ရှူဖို့ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ
မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်
တစ်ယောက် ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။
ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့
ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား....
ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း
ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။
ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို
အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။
ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏
ဝတ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်း
ဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေ
တတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူ အရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည်ဆိုသည့်အတွေးနှင့်
ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။
မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော
ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး
ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း
ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင်
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက
အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင်
ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို
ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူ
ထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက
သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို
နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ
ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား...
ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ်
မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို
ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ..
ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ...
"အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး
ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား
ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို
ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင်
ကျွန်မ အခန်းမီးများကိုဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။
မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင်
ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေ
တစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း
တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။
သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏
တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည
သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ
ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က
နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့
ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို
ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။

"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ...
ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ
လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ
ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့
သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။
ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။
အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့
ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။
ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။
သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့
သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။
ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း
ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ
ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို
ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော
လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော
သူ့စကားများကို ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting
မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက
ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ်
အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့
တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက်အပူကြောင့် ရှိန်းခနဲ
ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော်
အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။

"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့
ဝိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့
ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။
တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့
ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို
လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့
သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ
လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေ
သော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။
ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။
သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား...
လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ
ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ
လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ
အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။
တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။
စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။
တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော်
သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။
ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ
ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို
မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ
စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ
စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်
သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာ
နေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ
ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ
ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။
အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင်
ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက်
သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း
သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။
လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။
ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ
မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ
သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ
နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့
ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ
မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို
ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ
စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်
မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစုံ
ကိုရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight
ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့်
မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ်
ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့်
ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်က
လွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင်
သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။
လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော
ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုပ်ကိုင်ထားလိုက်သည်။

"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ
ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။ ။


စိတ်ဝင်စားသေးရင်...

ဘာဖြစ်နိုင်မလဲဟင်..


ဘာဖြစ်နိုင်မလဲဟင်..

မေးခွန်းလေး တစ်ခု မေးကြည့်မယ်နော်။ မှန်ရင်... အဲလေ မုန့်ကျွေးရမယ် ( ဖြေတဲ့ သူက ကျွေးရမှာနော်... ဟွန်း)။ အဲလောက် သဘောကောင်းတယ် နော်။

မေးခွန်းလေး ကတော့ “ လူတစ်ယောက်က တစ်စုံတစ်ခုကို အကျယ်ကြီး အော်လိုက်တဲ့အခါ အနားမှာ ရှိတဲ့ သူတွေ ဘာဖြစ်မလဲ?” တဲ့..........။ ကဲ... နဖူးကချွေး ခြေမကျအောင် စဉ်းစား အဲလေ.. ကြိုးစားပြီး ဖြေနော်... :P..။ အဖြေတိုက်ဖို့လည်း မေ့ကြပါနဲ့ နော်......။

အဖြေက ဘာတဲ့........။ “အကျယ်ကြီး ကြားရမှာပေါ့” တဲ့။ ကဲ.......... မှတ်ပြီလား......။ အဟား.....။

စိတ်ဝင်စားသေးရင်...

Tuesday, October 7, 2008

ရောင်ပြန်ရဲ့ ဖြစ်သလိုလေးတွေ

ရောင်ပြန်ရဲ့ ဖြစ်သလိုလေးတွေ

ဦးဦးအိမ်က တက်ထားတယ် လာကြည့်ဆိုတော့ ခေါင်းက ကြီးပြီးရင်း ကြီးပြန်၊ မျက်လုံးက ပြူးပြီးရင်း ပြူးလာပြန်ပဲ…အဟွန်း ။ ဒါနဲ့ comment လေးတွေကို ဆက်ဖတ် နေတယ်ပေါ့။ လာပြန်ပြီ....တစ်ယောက် ။ ဦးဦးမိုးသောက် ကလည်း တက် ထားတယ်တဲ့။ ဘုရား၊ တရား တလို့ သွားကြည့်တော့ တော်သေး။ ရေးခိုင်းတာက အတူတူ ဖြစ်နေလို့။

ရေးခိုင်းတဲ့ ခေါင်းစဉ်ကို ကြည့်လိုက်တော့… အယ်…. ဖြစ်သလို စားတာလေးများ တဲ့။ အဲဒါမှ ဒုက္ခ ကိုယ့်ဟာကိုယ် အပျင်းကြီးတာ သူများသိတော့မှာပဲ။ ဒီလို နေလို့တော့ ပြီးသေးပါဘူး။ ရေးဦးမှပဲ ဆိုပြီး ကွန်ပြူတာရှေ့  ထိုင်လိုက်တယ်။ ဖြစ်သလို လုပ်ငန်း အဲလေ… ဇာတ်လမ်း ဒီမှာတင် စပြီပေါ့။ ကားလိပ်ဖွင့်… အဲလေ……မှားလို့…။


ရောင်ပြန်က အိမ်မှာဆို ချေးအများဆုံးထင်တယ်။ အစားအသောက် ကိုပြောတာ တစ်မျိုးမထင်နဲ့ ….. ဟွန်း။ အသားဆို ကြက်သား၊ ၀က်သား ကလွဲလို့ နှစ်နှစ်သက်သက် သိပ်မစားဖြစ်ဘူး။ ငါးတောင် သားရေထူတဲ့ ငါးခူတို့ ငါးပူတင်းတို့ဆို စားချင်ဘူး။ ဖြစ်ချင်တော့ အိမ်က အမနဲ့ အမေတွေက ငါးခူဆို အရမ်းကြိုက် ဆိုတော့ ပြသနာက စပြီပေါ့။ ဒီနှုတ်ခမ်းမွေးနဲ့ ငါးခူကိုများ ဘာလို့ ကြိုက်ကြလည်း မသိဘူး။ အဟုတ်…..။

ဒီတော့ မကြိုက်တာကိုတော့ အောင့်မစားနိုင်ဘူးလေ။ အသက်သေရင် သေပါစေ... ဟွန်း။ နှုတ်ခမ်းစူရင်း ဖြစ်သလိုလွေးရတော့တာပေါ့။ ငါးခူ အဖတ်သာမစားတာ ဖြစ်သလို ဟင်းရည်တော့ စားတယ်.. အဟိ။ တစ်ခါတစ်လေ ဖြစ်သလို ငါးပိကြော်နဲ့လည်း စားရတာပဲ။

မားမားထုပ်နဲ့လည်း ပြီးရတာပေါ့။ တော်သေး ရောင်ပြန်က မားမား အရမ်းကြိုက်လို့။ ငါးခြောက်လေးကို ကျွတ်ကျွတ်ကြော်ပြီး ရေဆမ်းနဲ့လည်း လွေးရတာပဲ။ တစ်ခါတစ်လေတော့ ကြုံသလို ကွတ်တီယို( ယိုးဒယားခေါက်ဆွဲ) ၀ယ်စားလိုက်တာပဲ။ ဟီး….ပျင်းချက်က ကန်းကုန်တယ်ဟုတ်.....။

တစ်ခါတစ်ခါဆို ရှိတဲ့ အသီးတွေ အရည်တွေ အကုန် ကုန်ပြီမှတ်။ အဲဒီအတွက် မေမေ့ကို တည့်အောင် ပေါင်းထားရတယ် သိလား။ လူကြီးဆီမှာက ဓါတ်စာတွေ ပိုရှိတယ်လေနော်။ မေ့မေ့ ဆီမှာ အမတွေမသိအောင်ချွဲလို့ စားနေကျဆိုတော့ အဆင်ကို ပြေရော… ဟီး။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ အိမ်ကို ဧည့်သည်ရောက်ပါလေရော။ အစားကောင်း စားရမယ်လို့ အထင်မစောနဲ့။ ပဲပြုတ်ခြောက် တစ်ထုပ်ကြီး ယူခဲ့တယ်ရှင့်။ ဒီတော့ နေ့တိုင်း ဖြစ်သလို ထမင်းကြော်ပေါ့.. ဟာဟ.. ကြွားတာ။

တစ်ခါတုန်းကဆို အခြေအနေတော်တော်ဆိုးတယ်။ သူငယ်ချင်းတွေနဲ့ ဘုရားသွားတုန်း ဇွန်းမရှိ၊ ပန်းကန်မရှိနဲ့.. ဖြစ်သလို ဘူးသီးကြော်နဲ့ ၀ိုင်းစားကြတာ။ ဖြစ်သလိုပေမယ့် ။ ထမင်းမြိန်တယ်။ ပျော်တယ်ပေါ့။ တစ်ခါတစ်လေ လမ်းထဲမှာတောင် ဗိုက်ဆာရင် ကြုံသလို စားတတ်တယ်...ဟီဟိ..။ ပြောရင်းဆိုရင်းနဲ့ စားချင်လာပြီ … ရွှတ်… ရှလွတ်..။ ။

စိတ်ဝင်စားသေးရင်...

Monday, October 6, 2008

အိပ်မက်တစ္ဆေ


အိပ်မက်တစ္ဆေ

လူခြေတိတ်စ
ညသန်းခေါင်မှာ
ခြောက်ခြားလှစွာ
အိပ်မက် တစ်ခု
ငါမြင်မက်မိပေါ့.................။

ကူကယ်သူမဲ့
စာနာသူကင်း
အားပေးသူ နတ္ထိ
ကြောက်စရာ မျက်နှာကြီး တစ်ခုသာ
ငါ့ ပြေးလမ်းပေါ် ပိတ်ဆို့
ငါ့ အာရုံကို ၀ါးမြို
ငါ့ အိပ်မက်ကို ရုပ်ဆိုးစေခဲ့တယ်............။

လူတကာက
အပူပင်ကင်းစွာ
အိပ်မက်လှလှ မက်နေချိန်မှာ
ငါ့ လိုအိပ်မက်ဆိုး
ဘယ်နှယောက်များ မက်နေလေမလဲ..................။

အကယ်၍များ သိခဲ့ရင်
ဘ၀တူချင်း
ကူညီရင်းနဲ့
တူညီလက်များ
ထွေးကိုင်ဆုပ်ကာ
အိပ်မက် တစ္ဆေကို
တန်ပြန် တွန်းလှန်
အံတုလိုက်ချင်ပေရဲ့.................။ ။

စိတ်ဝင်စားသေးရင်...

Sunday, October 5, 2008

မေ့မရသူ


မေ့မရသူ

ဒီတစ်ခါ မေးခွန်းက တော့ဖြင့် လွမ်းစရာလေးပါ။ ဟာဟ....။ ဒီလို.....။

မေ့လို့မရတဲ့ သူတွေထဲမှာ ဘယ်သူတွေဟာ ထိပ်ဆုံးက ရှိမလဲ?”..... တဲ့။ အောက်မှာ အဖြေတိုက်ဖို့ မမေ့နဲ့နော်.....။

အဖြေကလေးက “ ပိုက်ဆံ ချေးထားတဲ့ သူတွေ” ပါတဲ့။ သတိထားနော်....။ တော်ကြာ နောင်ဘ၀ထိ လိုက်တောင်းနေ အုံးမယ်... အဟွန်း.......။ ။

စိတ်ဝင်စားသေးရင်...

ကလေး မွေးနိုင်ဆုံးသူ


ကလေး မွေးနိုင်ဆုံးသူ

ဖတ်ခဲ့ရတဲ့ ပျော်ရွှင်ဖွယ်ရာ ဥာဏ်စမ်း ပဟေဠိ စာအုပ်ထဲက အမေးအဖြေလေးတွေကို မျှဝေလိုက်တယ်နော်။ သေချာ စဉ်းစားပြီးမှ ဖြေနော်။ မေးခွန်းက.......

ကမ္ဘာပေါ်မှာ ကလေး အများဆုံး မွေးနိုင်ဆုံးက ဘယ်သူတွေလဲ?”.... တဲ့။ စဉ်းစား ပြီးပြီဆိုရင် အောက်မှာ အဖြေတိုက် ကြည့်ရအောင်နော်။

အဖြေက... “ သားဖွား ဆရာမတွေပါ”.... တဲ့။ ကဲ....သိပြီလား။ ။

စိတ်ဝင်စားသေးရင်...

Friday, October 3, 2008

မြန်အောင်လို့ပါ


မြန်အောင်လို့ပါ..

၁၀ တန်းတုန်းက ဖတ်ဖူးခဲ့တဲ့ ဟာသလေး တစ်ခုပေါ့ နော်...။ ရုတ်တရက် သတိရလာလို့ ညီအစ်ကို မောင်နှမ တွေကို မျှဝေ ပေးလိုက်တယ်..။ ဒီလို....။

တစ်ခါတုန်းက မုဆိုးမလေး တစ်ယောက်ဟာ မကြာသေးမီက သေဆုံးသွားခဲ့တဲ့ သူ့ ယောက်ျားရဲ့ မြေပုံ (အုတ်ဂူ) လေး ဘေးမှာ နေ့တိုင်း ယပ်တောင်လေး တစ်ချောင်းနဲ့ ယပ်ခပ်ရင်း ငိုငိုနေ သတဲ့။

လူတွေကတော့ သူ့ယောက်ျားကို အရမ်းချစ်ရှာ တာကိုးဆိုပြီး သနားနေကြတာပေါ့ကွယ်။ ဒါနဲ့ တစ်နေ့တော့ မိန်းမကြီး တစ်ယောက်က မနေနိုင် မထိုင်နိုင် သွားမေးမိပါရော။ အဲ... သွားနှစ်သိမ့် တယ်ဆိုရင် ပိုမှန်တာပေါ့။ သိပ်လည်း ၀မ်းမနည်းဖို့၊ တရားသဘောနဲ့ ဖြေဖို့ စတဲ့ သင်္ခါရ တရားတွေကို ပြောပြတာပေါ့ ကွယ်..။

ပြီးတော့ ဘာဖြစ်လို့ ဒီလို လာငို နေရတာလဲ လို့ မေးလိုက် သတဲ့။ အဲဒီတော့ သူမက ဘာပြန်ပြောလဲ သိလား? ။ သူမရဲ့ ယောက်ျား မသေခင် မှာသွားတာ ရှိလို့ပါတဲ့။ အဲဒါက ဘာလဲဆိုတော့ သူမရှိတော့ရင် တစ်ပင်လဲလို့ တစ်ပင်ထူတာကို အပြစ် မပြောလိုပါဘူးတဲ့။

ဒါပေမယ့် နောက်အိမ်ထောင် ပြုတော့မယ်ဆိုရင် သူ့မြေပုံလေး ခြောက်မှ ပြုပါတဲ့။ ဒါကြောင့် သူမက မြေပုံ မြန်မြန် ခြောက်အောင် ယပ်ခပ် ပေးနေရတာတဲ့ကွယ်......... ကဲ.... ဘယ့်နှယ်ရှိစ။ မိန်းမကြီးမှာတော့ ဟိုက်.... လို့ အော်ရုံမှ တပါး အခြားမရှိ ပါလေတော့။ ။

စိတ်ဝင်စားသေးရင်...

Wednesday, October 1, 2008

စူးရှ ဒဏ်ရာ


စူးရှ ဒဏ်ရာ

သူ့ကို မေ့လိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက် ကျမ ရင်ထဲမှာ ဘာမှ မရှိတော့ လောက်အောင်ကို ပေါ့ပါးနေတယ်။ မေ့တယ် ဆိုတာထက် မချစ်ဖို့ ကြိုးစားတယ် ဆိုရင် ပိုမှန်လိမ့်မယ်။ အင်း.... သေချာ စဉ်းစား ကြည့်မယ်ဆိုရင် သူ့ကိုချစ်ရတာ ကျမအတွက် နာကျင်မှုတွေ ကိုသာ လက်ဆောင် အဖြစ် တစ်ပွေ့တစ်ပိုက် ရရှိခဲ့တာပါ။

သူနဲ့ စတွေ့ခဲ့တာက.....

မထင်မှတ်တဲ့ နေရာ မထင်မှတ်တဲ့ အချိန်မှာ သူနဲ့ ဆုံခဲ့ရတယ်။ ညနေခင်းလေး တစ်ခုမှာပေါ့။ သူငယ်ချင်း တစ်သိုက်နဲ့ ပျော်ရွှင်ရယ်မောစွာ လမ်းလျှောက် ထွက်ခဲ့ချိန်မှာ... အဲဒီအချိန်မှာ ပေါ့လေ..... ။ ကားတစ်စီး က အရှိန် ပြင်းပြင်းနဲ့ ရေအိုင် တစ်ခုကို ကျော်အတက် ဖြန်းကနဲ့ဆို လျှပ်တစ်ပြက် အတွင်းမှာ ကျမ တစ်ကိုယ်လုံး ရွှဲရွှဲ စိုသွားတော့တယ်။ ကျမက လမ်းနဲ့ အနီးဆုံးမှာ ရှိတာကိုး။

အဲဒီအချိန်က စပြီး ကျမမှာ ပျော်ရွှင်စရာ အစား နာကျင်မှု တွေသာ တဖြည်းဖြည်း နေရာယူခဲ့ ရတယ်ပေါ့။ သူဟာ ကျမအတွက်တော့ ကောင်းသော လာခြင်း မဟုတ်ခဲ့ပါဘူး။ ကားပေါ်က ဆင်းလာတဲ့ သူ့ကို ရုတ်တရက် မြင်လိုက်ချိန်မှာ ဘာကြောင့်မှန်း မသိပဲ ကျမ တကိုယ်လုံး ထူပူ နေတာကို ဘယ်သူမှ မသိပေမယ့် သူကတော့ ပါးနပ်စွာ သိရှိသွားခဲ့တယ်လေ။

သူကျမကို တောင်းပန်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျမတို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျမက သူ့ကို အလေးအနက် ထားသလောက် သူက ကျမကို ပေါ့ပေါ့သာ ဆက်ဆံခဲ့တယ်ပေါ့။

သူ ကျမကို ချစ်တယ်လို့ ပြောတဲ့ နေ့က ကျမ အရမ်းကို ပျော်ခဲ့တယ်။ အတိုင်းမသိပေါ့။ ဒါပေမယ့် ကျမကို ပြောတဲ့နေ့မှာပဲ ကျမထက်သာတဲ့ တစ်ခြားတစ်ယောက် ကိုလည်း သူက ချစ်တဲ့အကြောင်း ပြောခဲ့ပါသတဲ့။ တစ်ဖြည်းဖြည်းနဲ့ စုလာတဲ့ ဒဏ်ရာတွေကို ကျမ မခံစားနိုင်တော့ဘူး။ သူ့ကို ဖွင့်ပြောတော့ သူက ကျမ ကိုသာ အချစ်ဆုံးပါတဲ့။ (အချစ် ကလေးတွေတော့... ရှာအုံးမယ့် သဘော... ဟွန်း)။

နောက်ဆုံးတော့ ကျမ သူ့ကို ဖြတ်လိုက်တယ်။ ဒီတော့ သူက သူ့ဘ၀မှာ ကျမ မရှိရင် နေလို့မရတော့ ပါတဲ့။ ဒါပေမယ့် ကျမ သူ့ရဲ့ စကားတွေ အောက်မှာ အရည်မပျော် သွားအောင် တင်းခံနိုင်ခဲ့တယ်။ ကျမဟာ သူထင်သလို ( သူ့လက်ခုပ်ထဲက အီးလို... ရှူချင်တိုင်း ရှူလို့မရဘူးမှတ်.... ဟွန်း) အရင်က ခပ်ညံ့ညံ့မိန်းမမှ မဟုတ်တော့တာ။

ကျမကိုသာ အချစ်ဆုံး... မရှိရင် မနေနိုင်ပါဘူး ဆိုတဲ့သူက ကျမနဲ့ပြတ်လို့ တစ်ပတ်မှ မပြည့်သေး။ တခြားကောင်မလေး တစ်ယောက်ကို လက်ထပ်သွားလေရဲ့။ ကျမကို ခံစားရအောင် လက်စားချေတာ ဆိုပဲ။ ကျမက အရင်ဖြတ် လိုက်တာကို ခံပြင်းနေပုံပဲ။ (အရမ်း ချစ်လွန်းလို့) ဒါပေမယ့် ကျမမှာတော့ ထူးပြီး နာကျင်မှုဆိုတာ မရှိတော့ပါဘူး။

သူပေးခဲ့တဲ့ ဒဏ်ရာတွေက ကျမကို တစ်သက်စာ ခြောက်လှန့်နေခဲ့တယ်။ သူ မသိသေးတာက ကျမ သူ့ကို မုန်းလို့ ဖျက်တာ မဟုတ်ဘူး ဆိုတာကိုပဲ။ အကြောင်း မသိတဲ့ သူတွေက ကျမမှာ အသည်းနှလုံး မရှိဘူးတဲ့။ ကျမမှာတော့ စူးရှဒဏ်ရာ တွေကို ပွေ့ပိုက်ရင်း ဘ၀လမ်းကို ဆက်လှမ်း နေခဲ့တာ ကျမမှ တပါး ဘယ်သူ သိနိုင်ပါ အုံးမလဲ (ကိုယ့်ဝမ်းနာ ကိုယ်သာ သိပ... :( ).......။ ။

သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ် အပျက် ကလေးကို အခြေခံထားပါတယ် ရှင်.......။

စိတ်ဝင်စားသေးရင်...

Friday, September 26, 2008

ဒီခဏလေးမှာ


ဒီခဏလေးမှာ

အခုတလော ကိုယ့်ဟာကိုယ် ဘာတွေ ပတ်ရှုပ် နေမှန်းကို မသိ... ကိုယ့်ရဲ့ ကမ္ဘာ ကလေးကို မရောက်တာ ကြာလို့ ရောက်ရာ အရပ်က ပြန်အကြည့်... ဗုဒ္ဓေါ.....။ ရှိသမျှ ဘုရားတွေ အကုန် တ ချင်စိတ်တောင် ပေါက်တယ်။ (ခလုတ် ထိမှ အမိ တ တာလေ... အဟဲ)။ ခုနက ဘာများ ပြောလိုက် ပါလိမ့်။ အော် သိပြီ...၊ မရွှေ Dream လေ Tag ထားပြန် ပြီတဲ့။ ဘာများ လဲလို့ သွားကြည့်မှ ပိုဆိုးမှန်း သိတော့တယ်။

မသေခင် 10 ရက် အတွင်း ဘာလုပ် မလဲတဲ့။ ဟိုက်.... အဲဒါမှ ဒုက္ခ၊ ဟုတ်တယ်လေ မီးက အခုမှ အသက် 20 တောင် မပြည့် သေးတော့ ( ကြွားတာ... အဟီး) လောကမှာ အော်ချင်တာ အော်လို့ မ၀ သေးဘူးလေ နော်။ တကယ်လို့ ဖြစ်လာ ခဲ့ရင် ဆိုပြီး လူတိုင်းက တွေး မိကြ မှာပါပဲ။ ရောင်ပြန် လေးရော ဘယ်လို တွေးထားလဲ ဆိုတာ သိချင်လား ???? ။ ဒီလို ရှင့်......။

ဒီတစ်ခါတော့ ရောင်ပြန်က တကယ့်ကို လေးလေး နက်နက် (ခဲဆွဲပြီး... အဲ.. ဟုတ်ပါဘူး) ပြောချင် ပါတယ်။ လောကမှာ ယမမင်းကို ကျော်နိုင်တဲ့ သူ မရှိ သေးဘူး ထင်တယ် နော်။ (လာဘ် ထိုးလို့ ရရင် လည်း ကောင်းသား... အဟွန့်)။ ဒါကြောင့် သိပ် မကြာသေးခင် ကတောင် ရောင်ပြန် စိတ် ညစ်ညစ်နဲ့ တယ်လို့ သာရင် ဆိုပြီး စဉ်းစား ကြည့်မိ သေးတယ်။ အဲဒီ ခဏလေးမှာ ဘာ လုပ်သင့်လဲ၊ ဘာ လုပ်ချင်လဲ လို့ပေါ့။ အခုတော့ ပြောချင် တာနဲ့ ပြေးကြည့် ကွက်တိ ဖြစ်သွားတယ်... အဟီး (မချိ သွားဖြဲ).... မနာလို မဖြစ်နဲ့နော်..။

ဆယ်ရက်သာ လိုတော့ တယ်လို့ သိသိချင်းမှာ ရောင် ပြန် တုန်လှုပ် သွားတာပေါ့။ သေရမှာ ကြောက်လို့ တော့ မဟုတ်ပါဘူး။ အဆင်သင့် မဖြစ်သေးမှာ စိုးလို့ပါ... အဟင်း။ အချိန်ရဲ့ တန်ဖိုးကို အခုမှ ပိုသိလာ သလိုပဲ.. အဟွန်း။ ဟာသ လေးတစ် ပုဒ်ကို သတိ သွားရမိတယ်။ သေရင် ဘာမှ ပါသွားတာ မဟုတ်ဘူး တဲ့၊ ဒီတော့ မသေခင် ရသမျှ အကုန် ယူထား တဲ့...။ ရောင်ပြန် ယူသွားတာ ဘာတွေလဲ လို့ ဖတ်ကြည့် ရအောင် နော်...။

ဆယ်ရက် မြောက်နေ့မှာ လှပတဲ့ စိတ် ချမ်းမြေ့ စရာ ကောင်းတဲ့ ရောင်ပြန် တို့ရဲ့ ရိပ်မြုံ လေးမှာ မိဘ မောင်နှမ တွေနဲ့ အတူတူ ပျော်ရွှင်စွာ နေချင်ပါတယ်။ ဘာကိုမှ မစဉ်းစား ပဲနဲ့ပေါ့။ နောက်ဆုံး အခွင့် အရေးလေး ပေါ့နော်..။

ကိုးရက်မြောက် နေ့မှာ ရောင်ပြန်ရဲ့ သူငယ်ချင်း ညီအကို အပေါင်း အသင်း မောင်နှမ တွေနဲ့ ပျော်ပျော်ကြီး အချိန် ဖြုန်းလိုက် ချင်သေးတယ်... (ဒီအချိန် အထိတောင် အပေါင်း အသင်း အပျော် အပါး မက်တယ် လို့တော့ မထင် ပါနဲ့ နော်။ ခင်တတ် လို့ပါ။ နောက်ပြီး ပျော်ပျော်နေ သေခဲ ဆိုလို့ ယမမင်း ဆီမှာ ဈေးဆစ် မလားလို့... အဟိ။

ရှစ်ရက်မြောက် နေ့မှာတော့ ရောင်ပြန်ရဲ့ တစ်ယောက်သော သူနဲ့ တစ်နေ့လုံး ကုန်ဆုံးချင် ပါတယ်။ ကြည်နူး မှုတွေ အပြည့် နဲ့ပေါ့။ နှုတ်ဆက် ခွင့်လေး ရသွားချင် လို့ပါ။

ခုနှစ် ရက်မြောက် နေ့မှာတော့ အရာ အားလုံးကို ပြီးဖြတ် နိုင်ဖို့ လှုပ်ရှားရ ဦးမယ်လေ။ ရှင်းလင်း စရာတွေ ကိုလည်း အပြတ် ဖြတ်ရမယ်... ဥပမာ- အကြွေး လိုမျိုး ပေါ့။ လုပ်ချင်တာ၊ စားချင်တာ၊ ဖတ်ချင်တာ စသဖြင့် အကုန်လုံး ပြီးစီးအောင် ကြိုးစားဖြတ် ရမယ်လေ။

အဲ... ခြောက်ရက်မြောက် နေ့ကနေ နှစ်ရက်နေ့ အထိ ငါးရက် တိတိကတော့ အပြန် ခရီးလမ်း အတွက် ရိက္ခာ ယူရ ဦးမယ် လို့ပဲ ဆိုပါစို့ နော်။ အေးချမ်းတဲ့ တရားရိပ်မှာ ပျော်မွေ့ ချင်ပါတယ်။ ဘ၀ အမော တွေနဲ့ အရိပ် ဆိုးတွေ နောက် တစ်ဘ၀ အထိ ပါမသွားအောင် ရသမျှ အချိန် လေးမှာ ဆေးကြော ရဦးမယ်လေ။ ခလုတ်ထိမှ အမိ တ လို့ ဆိုချင်လည်း မတားပါဘူး။ နောက်ဆုံး အချိန်ကလေးမှာ လူတွေကို သည်းခံမယ်လို့ ဆုံးဖြတ် ထားပါတယ်... မကြောက်ပါနဲ့.... အဟင်း။ အချိန်က ငါးရက်ပေမယ့် တကယ်တော့ စိတ် ထားတတ်ဖို့သာ အဓိက ပါပဲ။

နောက်တစ်ရက်သာ ကျန်တော့တဲ့ မနက်ပိုင်းမှာ ရောင်ပြန်က ပြုခဲ့တဲ့ ကုသိုလ် အစုစု အတွက် ရေစက်ချ အမျှ ဝေချင် ပါသေးတယ်။ ညနေပိုင်း မှာတော့ ရောင်ပြန် လေးက ဘ၀ နောက်ဆုံးအချိန်ကို တည်ငြိမ် စွာ ရင်ဆိုင်ရင်း အရာ အားလုံးကို စိတ်ချမ်း မြေ့စွာနဲ့ ကြောခိုင်း သွားခဲ့ ပြီပေါ့။

ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ တစ်ချက် တစ်ချက် ဟာသ ဆန်တယ်။ လေးနက်မှု မရှိဘူးလို့ မယူဆ ကြပါနဲ့ ရှင်....။ အမှန် ပြောရရင် ဒီစာ ရေး နေတဲ့ အချိန်မှာ ရောင်ပြန် ပျော်မနေ ပါဘူး။ လေးနက် ကြေကွဲစွာနဲ့ ရေးနေ ခဲ့တာပါ။ ဒါကြောင့် ရောင်ပြန်လေးက စိတ်ထဲ ရှိသမျှကို ကြိုးစားပြီး သရုပ်ဖော် သွားတယ်လို့ အပြစ်တော် မမြင်ပဲ ချစ်ခင်တော် မူကြပါရှင့်...။ မျှဝေ ခံစား ပေးတဲ့ ကိုကို မမများ အားလုံးကို ချစ်ခင် လေးစားလျက် ပါရှင့်..။ အော်.. မေ့လို့ မောင်လေး.. ညီမလေး တွေလည်း ပါပါတယ် နော်... ဟီးဟီး(ရယ်သံ)။

စိတ်ဝင်စားသေးရင်...

Friday, September 5, 2008

ရောင်ပြန်ပြောတဲ့ ရောင်ပြန်ဆိုတာ


ရောင်ပြန်ပြောတဲ့ ရောင်ပြန်ဆိုတာ....

အင်း..... ပျင်းပျင်းရှိလို့ စီဘောက်ကိုအကြည့် Dream လေးက Tag ထားတယ်တဲ့။ ဘာများလဲလို့ သွားအကြည့်... ခေါင်းကို တဗြိဗြိ မြည်အောင်သာ ကုတ်လိုက်ချင်တော့တယ်။ ဒါပေမယ့် အပျိုကြီးဖြစ်မှာလည်း ကြောက်တယ်လေ.. ဟီး..။ သူများပြောလို့ အပျိုကြီးဖြစ်မှာတော့ မလိုချင်ပေါင်.... နော်။ ဒါနဲ့ပဲ အတင်း ဖြစ်ညှစ်ပြီး ရေးလိုက်ရတာ။ တီတီ Dream လေးရေ... အကျွေး ကြေပါပြီနော်...... :)..။

သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အကြောင်းက ဒီလို......

-ကိုယ့်ရဲ့ နာမည်.......... ရောင်ပြန်လေ..။

-ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ်......... ရောင်ပြန်၊ ပြေးနေတဲ့ အရောင်၊ မိအိမွန်၊ အိမွန်၊ အပေါ
(တစ်ခါတစ်လေ ပေါတတ်လို့ပါ.......:P)...။

-ကိုယ် ဒီမှာနေတယ်............ ကမ္ဘာမြေကြီးရဲ့ ချောင်လေးတစ်ချောင်မှာ အဖီဆွဲပြီး နေတယ်....... :)........။

-ကိုယ့်ဆီဖုန်းဆက်ချင်ရင်......... စကားပြောဖေါ်ရတော့ ကောင်းတာပေါ့...... အဟီး(ရယ်သံ).........။

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

-အရောင်ဆိုရင်......... အဖြူနဲ့ အနက်ကတော့ အကြိုက်ဆုံးပေါ့။ တခြားအရောင်တွေလည်း ၀တ်ဖြစ်ပါတယ်... မျက်စိအေးတဲ့ အရောင်လေးတွေပေါ့........။


-အ၀တ်အစားဆိုရင်....... လွတ်လပ် ပေါ့ပါးတဲ့ စတိုင်လေးပါပဲ........။


- အစားအစာဆိုရင်........ စားလို့ကောင်းတာ အကုန်ပေါ့......... :) ........ ခေါက်ဆွဲပြုတ်နဲ့ အရွက်တွေကတော့ ဘယ်တော့မှ မရိုးနိုင်ဘူး.............။

-ပစ္စည်းဆိုရင်...... သေးသေးကွေးကွေးလေးတွေ........ ချစ်စရာကောင်းတာတွေ အကုန်ကြိုက်တာပ....... :) ..... ။

-သီချင်းဆိုရင်............ နားထဲမှာ ကောင်းရင် အကုန် နားထောင်ဖြစ်တယ်....... တေးသံ မြူးမြူးလေးတွေပေါ့......... ခံစားမှုနဲ့ တိုက်တဲ့ သီချင်းဆိုလည်း အလွတ်မပေးဘူး........ ဟွန်း........။


-စာရေးဆရာ......... အားလုံးက ကိုယ့်ထက်တော်တဲ့ သူတွေလို့ သတ်မှတ်ထားတယ်( အမှီလိုက်ဖို့ လေယာဉ် ၀ယ်ဦးမှ).......... :D........။

-စာအုပ်........... သုတ၊ ရသ၊ ကဗျာ၊ ထူးဆန်းထွေလာအစ.... စာတိုပေစအဆုံး အကုန်လုံးပဲ( စာအုပ်တော့ လောဘကြီးတယ်၊ ဖတ်တာ မဖတ်တာ အသာထား.... :P) .......။

-Life Style.......... သာယာ၊ အေးချမ်း၊ လှပ၊ ပျော်ရွှင်၊ အပူအပင် ကင်းတဲ့ ဘ၀လေးပေါ့ ( ဒီလိုဆို သိပ်များ လောဘကြီးသွားမလားပဲ).......။

-ကိုယ့်ရဲ့ ၀ါသနာ................... စာဖတ်ခြင်း၊ စာရေးခြင်း၊ တွေးခြင်း၊ ငေးခြင်း၊ ကမ္ဘာ လှည့်ခြင်း...... (ကြီးကျယ်ရာ ကျသွားအုံးမယ်....... အဟွန်း).......။

-အလိုချင်ဆုံး လက်ဆောင်......... ကိုယ့်ကို ချစ်ခင် မြတ်နိုး တန်ဖိုးထားမှုပေါ့ (အတ္တကြီး ရာများ ရောက်သွား မလားဟင်)..... :) ..........။

-ကိုယ့်ရဲ့ အချစ်ဆုံးသူက....... ကိုယ့်ရဲ့ အာရုံကို ဖမ်းစားနိုင်သူ၊ ကိုယ့်ကို လွှမ်းမိုးနိုင်သူ လောက်ပါပဲ( မိဘအစ သူငယ်ချင်းအဆုံး အကုန် ဖြစ်နိုင်တယ်နော်........ အဟား)......။

-ကိုယ့်ရဲ့ အလေးစားဆုံးသူက..........စိတ်ဓါတ်၊ စွမ်းရည်က အစ.... ရိုးသားမှု အဆုံးထဲက တစ်ခုခု ရှိတဲ့ ကိုယ်အားကျရတဲ့ သူတွေပေါ့..... အင်း....... ကိုယ့်ထက် သာတဲ့ သူလည်း ပါတာပဲ.... ဟာဟ....။


-ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက......... ကိုယ့်အပေါ် စိတ်ကောင်းထားတဲ့ သူတွေ အကုန်လုံးပါပဲ..... ရုပ်က အဓိက မဟုတ်ဘူးနော်.....ဟီး........ အော် မေ့လို့ အရူးတွေကိုလည်း ခင်တယ်လေ...... ကိုယ်ကလည်း အပေါဆိုတော့.........။


-ကိုယ့်ကို နားလည်မှုအများဆုံး ပေးနိုင်သူက...... ကိုယ့်ဆီက ဘာကိုမှ မမျှော်မှန်းပဲ ကိုယ့်ရဲ့ အနွံတာခံပြီး ကိုယ့်ကို အမှန်တကယ် ချစ်ခင်သူတွေပေါ့...... ကောင်းတဲ့ ဘက်က အလိုလိုက်တဲ့ သူတွေလည်း ပါ ပါတယ်...အဟင်း.......။


-ကိုယ့်ရဲ့ အမုန်းဆုံးသူက......... ကိုယ့်အပေါ် မကောင်းကြံတဲ့သူ၊ မကောင်းတဲ့ စိတ်ထားတဲ့ သူတွေလေ.........။


-ရင်အခုန်ဆုံး အချိန်........ကိုယ်လိုချင်တဲ့ အရာတစ်ခု ရခါနီးအချိန်..... မထင်မှတ်တဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေ ဖြစ်ပျက်ချိန်လည်း ပါတာပဲ(ပိုက်ဆံကောက်ရတာတို့ လိုမျိုးပေါ့).........ဟဲဟဲ.....။


-အကြောက်ဆုံးအချိန်.......... မျှော်လင့်ထားတာတွေ ဆုံးရှုံးသွားမယ့် အချိန်ကိုပေါ့( လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပဲ မဟုတ်လား).....အဟိ........။ ကိုယ်ချစ်တဲ့သူတွေ၊ ခင်တဲ့ သူတွေက ကိုယ့်ကို ဟောက်တဲ့ အချိန်လည်း ပါတာပဲ........။

-အပျော်ဆုံးအချိန်......... မွေးနေ့ရောက်တဲ့ အချိန်..... အင်း... ကိုယ်လိုချင်တာ ရတဲ့ အချိန်ကိုလည်း မေ့ထားလို့ မရဘူးပဲ( လိုချင်တာရလို့ ၀မ်းနည်းတဲ့သူ ရှိသေးလားဟင်)........... ;) ...........။

-အမှတ်တရနေ့............ ပထမဆုံး ရင်ခုန်တဲ့နေ့ ဖြစ်မယ်ထင်တယ်...... မသေချာသေးဘူး( သေချာမှ ပြန်ပြောမယ်နော်)........... ဟွန်း......။

-ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမယ့်ဆု....... တစ်ခုလေးပါပဲ..... ကိုယ်ချစ်တဲ့သူတွေ ကိုယ့်ကို ပြန်ချစ်ဖို့ပေါ့........ သက်ရောက်မှုတိုင်းမှာ တန်ပြန်ရလဒ် ရှိခဲ့ရင်ပေါ့နော်...... :).........။

-အချစ်ဆိုတာ....... ကိုယ့်အတွက်တော့ မရှိမကောင်း....... ရှိမကောင်းလို့ ထင်တယ်.......:P .......။ စစ်မှန်တဲ့ အချစ်ဆိုရင်တော့......... ကောင်းမှာပါ........။

-အမုန်းဆိုတာ....... ထားတဲ့ သူအတွက် ပူလောင်သလို.......... အထားခံရတဲ့ သူတွေအတွက်လည်း မကောင်းဘူးလေ နော်........။

-အလွမ်းဆိုတာ........... ကိုယ်ချစ်ခင်တဲ့ သူတွေနဲ့ ဝေးရာမှာ ရောက်ချိန်မှာ ခံစားရတတ်တယ်........ချစ်သူ၊ သူငယ်ချင်း၊ မိဘမောင်နှမ၊ အားလုံးအတွက်ပေါ့....ဟီး...။

-သံယောဇဉ်ဆိုတာ.......... အချစ်ထက် ဖြူစင်တယ်..... ခိုင်မြဲတယ်...... အေးမြတယ်.... ဒါတွေက ချစ်သူတွေမှာလည်း ရှိတတ်ပါတယ်နော်..............။

-ဘ၀ဆိုတာ...... မျက်လှည့်တစ်ခုပါပဲလို့......... ဖြစ်လွယ်၊ ပျက်လွယ်.....စတဲ့ အံ့သြလောက်အောင် ပြောင်းလဲမှုတွေ မြန်တယ်လေနော်...........။

-သူငယ်ချင်းဆိုတာ.......... ကိုယ်က ခင်တဲ့သူတွေ၊ သိတဲ့သူတွေ အားလုံးပါပဲ........။ ကိုယ့်ကိုခင်တဲ့ သူတွေလည်း ချန်မထားတတ်ဘူး...။

-ချစ်သူဆိုတာ...... ကိုယ်နဲ့ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ပြီး......... ကိုယ် လိုအပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ အကောင်းဆုံးသော အဖော်ပေါ့...... ဒါပေမယ့် ထာဝရအတွက်တော့ တစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်နော်........ဟားဟား...။

-ကိုယ့်ကိုယ်ကိုယ် ဒီလိုထင်တယ်...... စိတ်ကူးယဉ်များ သိပ်ဆန်နေမလားလို့..........:P.....။

-ကိုယ့်ရဲ့ လက်ဆွဲဆောင်ပုဒ်က............ သက်ရောက်မှုတိုင်းမှာ တန်ပြန် ပဲ့တင်သံ.. ရောင်ပြန်တွေ ရှိပါတယ်” တဲ့ ......... မှတ်ထားနော်............ :D.........။

-အပြောချင်ဆုံး စကားတစ်ခွန်း...........ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ်နဲ့ မချပါနဲ့လို့” လို့........ သူများအတွက် မကောင်းသလို ကိုယ့်အတွက်လည်း အကျိုးမရှိဘူးလေ........။

စိတ်ဝင်စားသေးရင်...

Wednesday, September 3, 2008

နေချင်ရခြင်း


နေချင်ရခြင်း

ဖတ်ခဲ့ဖူးတဲ့ အမှား အယွင်းများ စာအုပ် ထဲက အကြောင်း အရာ တစ်ခုပေါ့နော်။

တစ်နေ့တော့ ငရဲပြည်မှာ ယမမင်း က “ ဒီနေ့ လူ့ ပြည်က လူတစ်ယောက်ကို လွှတ်ဖို့ရှိတယ်” ဆိုပြီး အဲဒီ လူကို ခေါ်ခိုင်း လိုက်တယ် တဲ့။

ဒါနဲ့ အဲဒီ လူလည်း ရောက်လာရော “ကဲ... မင်းကို ဒီနေ့က စပြီး လွှတ်ပေး လိုက်ပြီ။ ဒီတော့ မင်း လူ့ပြည်ကို ပြန်လို့ ရပြီ” တဲ့။ အဲဒီ လိုလည်း ပြောလိုက်ရော အဲဒီ လူကြီးမင်းက ကျူကျူ ပါအောင် ငိုပါလေရော တဲ့ကွယ်။

ဒါနဲ့ ယမမင်းက “မင်းက တခြားသူတွေနဲ့ မတူပါလား။ သူများတွေက ပြန်ရမယ် ဆိုရင် ပျော်နေတာပဲ၊ မင်းက ဘာလို့ လူ့ပြည်ကို မပြန်ချင် ရတာလဲ”လို့ မေးတော့။ သူ ဖြေလိုက် ပုံများ မပြောချင်တော့ ပါဘူး။ အဲလေ........ ဆုံးအောင်တော့ ပြောရမှာပေါ့။ :)...

သူ ဖြေတဲ့ ပုံက “ ကျနော်တို့ မိသားစု တွေ အားလုံး ဒီမှာ ရောက်နေ ကုန်လို့ပါ” တဲ့။ မှတ်ကရော.....။ ။

စိတ်ဝင်စားသေးရင်...

Tuesday, September 2, 2008

သေစမ်းဟဲ့ နန္ဒိယ


သေစမ်းဟဲ့ နန္ဒိယ

ရွာကျောင်းလေး တစ်ကျောင်းမှာ ဘုန်းကြီး တစ် ပါးက ကျောင်းသူလေး တစ်ယောက်ကို စာမေး နေတဲ့ အချိန်ပေါ့။ ဘုန်းကြီးက ကျောင်းသူလေး ကို “မြတ်စွာ ဘုရား တောမထွက် ခင် မြင်ခဲ့ရတဲ့ နိမိတ်ကြီး လေးပါးက ဘာတွေလဲ” တဲ့။

ကျောင်းသူလေး။ ။ “သူအို”

ဘုန်းကြီး။ ။ “အင်း ဟုတ်ပြီ”

ကျောင်းသူ။ ။ “သူနာ”

ဘုန်းကြီး။ ။ “မှန်တယ်”
]
ကျောင်းသူ။ ။“သူသေ”

ဘုန်းကြီးက အားတက် လာပြီး “ဟုတ်ပြီ ၊ နောက် တစ်ခုပဲ ကျန်တော့ တယ်၊ သေချာ ဖြေ” တဲ့။ အဲဒီ အချိန်မှာ ကျောင်းသူ လေးက လုံးဝ စဉ်းစားလို့ မရ တော့ဘူးတဲ့။ အဲဒါနဲ့ အထက်ပါ သုံးခုနဲ့ ကာရံ ညီအောင် အားရ ပါးရ ပြောလိုက် ပုံကြောင့် ဘုန်းကြီး ခမျာ “သေစမ်းဟဲ့ နန္ဒိယ” လို့ ကိုယ့် နဖူး ကိုယ်ရိုက်ပြီး ညည်းတွား မိတော့ သတဲ့။

ကျောင်းသူလေးက ကာရံညီအောင် ပြောလိုက်ပုံက “ သူယုတ်” တဲ့ လေ...... ကဲ....... ကြားကောင်း ကြသေးရဲ့လား။ ။

စိတ်ဝင်စားသေးရင်...

Friday, August 29, 2008

မဆုံတဲ့ဖူးစာ


မဆုံတဲ့ဖူးစာ

ဝိုင်ဝိုင်း သီချင်းတော့ မဟုတ်ပါဘူး။ ကဗျာလေး တစ်ပုဒ်ပါ။ စာအုပ် တစ်အုပ် ဖတ်ရင်း ခံစားမိတဲ့ ခံစားချက် လေးတွေကို ကဗျာ သီလိုက် တာနော်။ တစ်မျိုး မထင်နဲ့.........:) ။

လေပြေလေညှင်းလေးက
ပန်းရနံ့တွေနဲ့ အတူ
ငါ့ပါးပေါ်ကို တိုးဝှေ့လာတိုင်း
မင်းကို လွမ်းတယ်.........။


ဆည်းလည်းသံ လေးတွေ
ငါ့နားထဲ ရောက်လာတိုင်း
မင်းကို တမ်းတတယ်.....။

စိမ်းလမ်းတဲ့ မြက်ခင်းပြင်ကနေ
ညို့ မှိုင်းနေတဲ့ တောင်တန်းတွေကို
ငါမြင်လေတိုင်း
မင်းကို သတိရတယ်.........။

အပြစ်မဲ့တဲ့ ကလေးတွေရဲ့
မျက်နှာလေးနဲ့
ရယ်သံတွေကြားတိုင်း
မင်းကို နှမြောမိတယ်........။

အိပ်ရာဘေးက
ဖုန်းကလေး ထမြည်တိုင်း
ခေါ်သူ မင်းဖြစ်ဖို့
ဆုတောင်းနေမိတယ်........။

အချိန်တိုင်း
နေရာတိုင်း
စက္ကန့်တိုင်းမှာ
မင်းကို လွမ်းတယ်ဆိုတာ
မင်း သိပါ့မလား ချစ်သူရယ်.........။

မဆုံတဲ့ဖူးစာ
နာကျင်စွာကြေကွဲ
မင်းမရှိတဲ့ ၀န်းကျင်
ခုတော့.. ငါတယောက်တည်းပေါ့.................။





စိတ်ဝင်စားသေးရင်...

ညကဗျာ

ညကဗျာ


လူတွေက ကောင်းကင် ပြာတွေ ကိုပဲ စာဖွဲ့လေ့ ရှိကြ တယ်နော်(များသော အားဖြင့်)။ ကျမကတော့ ညဘက်မှာ တွေ့ရတဲ့ ကောင်းကင်ကို ပိုပြီး နှစ်သက် ပါတယ်။ မနေ့ညတုန်းက ဘာရယ်မဟုတ် ကောင်းကင်ကို ကြည့်နေရင်း သူတို့ ပေးတဲ့ အေးချမ်း မှုကို ရရှိခဲ့တယ်။

သူတို့ ဆိုတာက ကောင်းကင်၊ တိမ်တိုက်တွေ၊ ကြယ်တွေ၊ လမင်း၊ လေပြေ စတာ တွေပေါ့။ ကောင်းကင် ရဲ့ အလှဟာ အဲဒါတွေ ရှိမှ ပိုပြီး ပြည့်စုံ တယ်လို့ ကျမ ယုံကြည် ထားတာ။ ။

ခုတလော ကိုယ့်ဟာကိုယ် အရှုပ်တွေ လုပ်နေ တာကြောင့် သူတို့ တွေကို မေ့နေ ခဲ့တာ။ ညတုန်း ကတော့ ရုပ်ရှင် (အလာကား ရလို့) ကြည့်ပြီး ပြန်အလာ ကားပေါ်မှာ ပျင်းပျင်းနဲ့ ကောင်းကင်က တိမ်တွေကို အမှတ် မထင် ကြည့်နေ မိတယ်။ တိမ်တွေ ကြားထဲက ကြယ်လေးတွေ လင်းလက် နေတာ ကြည်နူး စရာပါပဲ။ ကောင်းကင်က နေ့ခင်းလို အရောင် မတောက်တော့ ကြည့်ရတာ မျက်စိ အေးတယ်လေ... နော်။

လေ အဝှေ့မှာ တိမ်လေးတွေ လွင့်သွားတာ အရမ်း ကြည့်လို့ ကောင်းတယ် (မယုံ မရှိနဲ့)။ တိမ်ဖုံး သွားတဲ့ ကြယ်ကို စောင့်ကြည့် ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး.. သိလား။ ကျမကတော့ တနေကုန် ဖိစီးထားတဲ့ စိတ်တွေကို ညဖက်မှာ ဒီနည်းနဲ့ လျော့သွားအောင် လုပ်တယ်။ ဒီနည်းက ကျမရဲ့ စိတ်ကို အေးချမ်းမှု အပေးနိုင် ဆုံးပဲ။

၁၀ တန်းတုန်း ကဆို အိပ်ငိုက်တိုင်း အပြင်ထွက်ပြီး ညကောင်းကင် ကိုကြည့် ရတာ အမော။ ခုချိန်ထိ စိတ်ဆိုး စရာတွေ၊ စိတ်ညစ် စရာတွေ၊ ပင်ပန်း မှုတွေကို ခံစား ရတဲ့ အခါတိုင်း ညကောင်းကင်ကို တမ်းတ တုန်းပါပဲ။ သူက ရမ္မက်၊ လောဘတွေ ကင်းရှင်းအောင် လုပ်ပေးနိုင်တယ်။ ညဖက် ရောက်လို့ ကောင်းကင်ကို ကြည့်မိတိုင်း ငယ်ငယ် တုန်းက ဘ၀ကို ပြန်အမှတ် ရမိတယ်။

နေပူရင် အလိုလို နေရင်း သွေးဆူပြီး စိတ်တွေ တိုနေ တတ်တာ။ ဒါကြောင့် ကျမက နေ့ထက် ညကို ပိုပြီး နှစ်သက် တယ်။ ညဖက်မှာ ကောင်းကင် ကိုကြည့်ပြီး ချစ်သူ တွေနဲ့ စကား ပြောတတ်တဲ့ သူတွေကတော့ ကျမထက် ပိုပြီး ညကဗျာကို ခံစား မိမှာပါ.... :) ။

တစ်ချိန် တုန်းကပေါ့ ကျမ စိတ်ညစ် အားငယ် နေတဲ့ အချိန်မှာ သူတို့က ကျမရဲ့ အဖေါ် ဖြစ်ခဲ့တယ်။ အချိန်တွေ ကြာလို့ တစ်ချို့  သူငယ်ချင်း တွေက ကျမ အပေါ် ပြောင်းလဲ သွားခဲ့ ပေမယ့် သူတို့က ကျမရဲ့ ထာဝရ မပြောင်း လဲတဲ့ အဖေါ် ပါပဲ။ ကျမ အတွက် ထာဝရ အေးချမ်းမှု ပေးနိုင်တဲ့ အဖေါ်ပေါ့။

ကဗျာ လေးလို ကျမကို အေးချမ်းမှုတွေ အမြဲ ပေးတဲ့ ညကို ကျမက ညကဗျာလို့ အမည်ပေး ထားတယ်။ အေးချမ်းမှုကို ရှာဖွေ နေတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျမရဲ့ အိုအေစစ်လေး တစ်ခုဖြစ်တဲ့ ညကဗျာကို ဝေမျှ ပေးလိုက် တယ်နော်။

စိတ်ဝင်စားသေးရင်...

Friday, August 22, 2008

ကြယ်ရောင်တောက်တဲ့ည

ကြယ်ရောင်တောက်တဲ့ည

လသာညနဲ့ ကြယ်စင်တွေကို
မင်းကြောင့် ငါ.........
တွယ်တာတတ်ခဲ့ပြီ
ကြယ်စင်တွေကို ကြည့်နေတဲ့ချိန်
မင်းလည်း တစ်နေရာက
ကြည့်နေမှာပဲဆိုတဲ့ အသိနဲ့
ငါ.......... ကြည်နူးနေခဲ့ပေါ့...........။

တစ်ချိန်က မင်းနဲ့အတူ........
ဆောင်းရာသီထဲက လပြည့်ညမှာ
မြက်ခင်းပြင်ပေါ် ခြေဆင်းထိုင်ရင်း
ကောင်းကင်က ကြယ်တွေကို
နှစ်ယောက်အတူ ရေတွက်ကြည့်ခဲ့ဖူးတယ်
ဆောင်းကအေးပေမယ့်
မင်းရင်ခွင်ကြောင့် ငါနွေးထွေးနေခဲ့တယ်လေ..................။


ကိုယ်ပိုင် အလင်းနဲ့
တောက်ပနေတဲ့ ကြယ်တွေကို
ငါချစ်သလို မင်းလည်းနှစ်သက်လိမ့်မယ်လို့
ငါ့ရင်ထဲ စွဲမြဲစွာ ယုံကြည်ခဲ့ပေါ့ ချစ်သူ
ဒီတစ်ညမှာတော့ဖြင့်
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းရောင်ပြန်ကြောင့်
ကြယ်တွေဟာ ပိုမိုတောက်ပနေလေရဲ့................။

မိုးအုပ်တဲ့နေ့တွေမှာ
ကြယ်တွေကို မမြင်ရပေမယ့်
ကြယ်ကလေးတွေကတော့


ကြယ်လေးတွေလို
ငါတို့နှစ်ယောက်ဟာလည်း
အခြေအနေကြောင့်
မမြင်ကြရပေမယ့်
ငါတို့ရဲ့ချစ်ခြင်းတွေဟာ
ရင်ထဲမှာ ထာဝရအမြဲတောက်ပနေမှာပါ
................။

စိတ်ဝင်စားသေးရင်...