Wednesday, October 1, 2008

စူးရှ ဒဏ်ရာ


စူးရှ ဒဏ်ရာ

သူ့ကို မေ့လိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက် ကျမ ရင်ထဲမှာ ဘာမှ မရှိတော့ လောက်အောင်ကို ပေါ့ပါးနေတယ်။ မေ့တယ် ဆိုတာထက် မချစ်ဖို့ ကြိုးစားတယ် ဆိုရင် ပိုမှန်လိမ့်မယ်။ အင်း.... သေချာ စဉ်းစား ကြည့်မယ်ဆိုရင် သူ့ကိုချစ်ရတာ ကျမအတွက် နာကျင်မှုတွေ ကိုသာ လက်ဆောင် အဖြစ် တစ်ပွေ့တစ်ပိုက် ရရှိခဲ့တာပါ။

သူနဲ့ စတွေ့ခဲ့တာက.....

မထင်မှတ်တဲ့ နေရာ မထင်မှတ်တဲ့ အချိန်မှာ သူနဲ့ ဆုံခဲ့ရတယ်။ ညနေခင်းလေး တစ်ခုမှာပေါ့။ သူငယ်ချင်း တစ်သိုက်နဲ့ ပျော်ရွှင်ရယ်မောစွာ လမ်းလျှောက် ထွက်ခဲ့ချိန်မှာ... အဲဒီအချိန်မှာ ပေါ့လေ..... ။ ကားတစ်စီး က အရှိန် ပြင်းပြင်းနဲ့ ရေအိုင် တစ်ခုကို ကျော်အတက် ဖြန်းကနဲ့ဆို လျှပ်တစ်ပြက် အတွင်းမှာ ကျမ တစ်ကိုယ်လုံး ရွှဲရွှဲ စိုသွားတော့တယ်။ ကျမက လမ်းနဲ့ အနီးဆုံးမှာ ရှိတာကိုး။

အဲဒီအချိန်က စပြီး ကျမမှာ ပျော်ရွှင်စရာ အစား နာကျင်မှု တွေသာ တဖြည်းဖြည်း နေရာယူခဲ့ ရတယ်ပေါ့။ သူဟာ ကျမအတွက်တော့ ကောင်းသော လာခြင်း မဟုတ်ခဲ့ပါဘူး။ ကားပေါ်က ဆင်းလာတဲ့ သူ့ကို ရုတ်တရက် မြင်လိုက်ချိန်မှာ ဘာကြောင့်မှန်း မသိပဲ ကျမ တကိုယ်လုံး ထူပူ နေတာကို ဘယ်သူမှ မသိပေမယ့် သူကတော့ ပါးနပ်စွာ သိရှိသွားခဲ့တယ်လေ။

သူကျမကို တောင်းပန်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျမတို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျမက သူ့ကို အလေးအနက် ထားသလောက် သူက ကျမကို ပေါ့ပေါ့သာ ဆက်ဆံခဲ့တယ်ပေါ့။

သူ ကျမကို ချစ်တယ်လို့ ပြောတဲ့ နေ့က ကျမ အရမ်းကို ပျော်ခဲ့တယ်။ အတိုင်းမသိပေါ့။ ဒါပေမယ့် ကျမကို ပြောတဲ့နေ့မှာပဲ ကျမထက်သာတဲ့ တစ်ခြားတစ်ယောက် ကိုလည်း သူက ချစ်တဲ့အကြောင်း ပြောခဲ့ပါသတဲ့။ တစ်ဖြည်းဖြည်းနဲ့ စုလာတဲ့ ဒဏ်ရာတွေကို ကျမ မခံစားနိုင်တော့ဘူး။ သူ့ကို ဖွင့်ပြောတော့ သူက ကျမ ကိုသာ အချစ်ဆုံးပါတဲ့။ (အချစ် ကလေးတွေတော့... ရှာအုံးမယ့် သဘော... ဟွန်း)။

နောက်ဆုံးတော့ ကျမ သူ့ကို ဖြတ်လိုက်တယ်။ ဒီတော့ သူက သူ့ဘ၀မှာ ကျမ မရှိရင် နေလို့မရတော့ ပါတဲ့။ ဒါပေမယ့် ကျမ သူ့ရဲ့ စကားတွေ အောက်မှာ အရည်မပျော် သွားအောင် တင်းခံနိုင်ခဲ့တယ်။ ကျမဟာ သူထင်သလို ( သူ့လက်ခုပ်ထဲက အီးလို... ရှူချင်တိုင်း ရှူလို့မရဘူးမှတ်.... ဟွန်း) အရင်က ခပ်ညံ့ညံ့မိန်းမမှ မဟုတ်တော့တာ။

ကျမကိုသာ အချစ်ဆုံး... မရှိရင် မနေနိုင်ပါဘူး ဆိုတဲ့သူက ကျမနဲ့ပြတ်လို့ တစ်ပတ်မှ မပြည့်သေး။ တခြားကောင်မလေး တစ်ယောက်ကို လက်ထပ်သွားလေရဲ့။ ကျမကို ခံစားရအောင် လက်စားချေတာ ဆိုပဲ။ ကျမက အရင်ဖြတ် လိုက်တာကို ခံပြင်းနေပုံပဲ။ (အရမ်း ချစ်လွန်းလို့) ဒါပေမယ့် ကျမမှာတော့ ထူးပြီး နာကျင်မှုဆိုတာ မရှိတော့ပါဘူး။

သူပေးခဲ့တဲ့ ဒဏ်ရာတွေက ကျမကို တစ်သက်စာ ခြောက်လှန့်နေခဲ့တယ်။ သူ မသိသေးတာက ကျမ သူ့ကို မုန်းလို့ ဖျက်တာ မဟုတ်ဘူး ဆိုတာကိုပဲ။ အကြောင်း မသိတဲ့ သူတွေက ကျမမှာ အသည်းနှလုံး မရှိဘူးတဲ့။ ကျမမှာတော့ စူးရှဒဏ်ရာ တွေကို ပွေ့ပိုက်ရင်း ဘ၀လမ်းကို ဆက်လှမ်း နေခဲ့တာ ကျမမှ တပါး ဘယ်သူ သိနိုင်ပါ အုံးမလဲ (ကိုယ့်ဝမ်းနာ ကိုယ်သာ သိပ... :( ).......။ ။

သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ် အပျက် ကလေးကို အခြေခံထားပါတယ် ရှင်.......။

8 ပဲ့တင်သံ:

မိုးသောက် said...

လာလည်ပါတယ်ခင်ဗျ .. ဇာတ်လမ်းလေးက
ဆုံးလည်း မဆုံးသေးဘူး ..
ဆက်ရန်လေး ဘာလေး လုပ်ဦးလေ ..
နေ့တိုင်း လာဖတ်မယ် :P :P

ဇင်ယော် said...

ဒန် တန် တန့်  ဇာတ်လမ်းကမသန်း အဲမှားလို့  အခုမှ အစပဲ ရှိသေးတယ်။ အောက်က ဆက်ရန်လေးဘာလေး ထိုးဦးလေ။ နို့ မို့ ဆို ဖတ်ရတဲ့ လူက ကိုးလိုးကန့် လန့် ကြီး။ ဟီးဟီး အဆက်ရေးပြီးရင်လည်း လက်တို့ ဦးနော်။

ဇင်ယော် said...

အိုက်ရား ... ပြောရုံရှိသေး၊ ပြီးပြီတဲ့ မြန်ချက်။ အင်းလေ IT ခေတ်ကြီးကိုး။ အဲဒီ သူကလည်း စွမ်းလှချည်လား။ တစ်ယောက်ပြီးတစ်ယောက်။ အားကျပါ့ဗျာ။ စွံတာပြောတာနော်။ တလွဲမတွေးနဲ့ ။

သက်တန့် said...

အမလေး လက်စားချေပုံကလည်း မှတ်သားလောက်ပါပေရဲ့... :D

ဝေလေး said...

သူငယ်ချင်းဇာတ်လမ်းဟုတ်ရဲ့လားကွယ်.. ဟိ ဟိ..
အင်း သူလက်စားချေပုံကလည်း တစ်မျိုးပဲ......
မာနတွေထားတာမကောင်းပါဘူးနော်.. ချစ်သူနှစ်ယောက်ကြားမာနမရှိတာအကောင်းဆုံးပဲ
ထင်တာတွေဝင်ဖောသွားပြန်ပြီ.... ဟိ ဟိ.. :P

မိုးသောက် said...

အခုမှ ကွန်ပျူတာလေး ပြန်ကောင်းလို့ အခုမှပဲ အရောက်လာပါတယ်ခင်ဗျ ...
အင်း ဇာတ်လမ်းလေးက ကြေကွဲစရာပါပဲ ..
ဘာပဲဖြစ်ဖြစ်လေ ဒီလိုလူတစ်ယောက် အကြောင်းကို
စောစောစီးစီး သိလိုက်ရတာကိုပဲ ကံကြမ္မာကို ကျေးဇူး တင်ရတော့မှာပေါ့ ...
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

ဥယျာဉ်မှူး said...

ညီမလေးရေ
အဲဒီလိုတွေထဲမှာ အကိုတို့ ဘလော့ဂ်ဂါ gentle man
တွေ မပါဘူးနောလေ... သယ်ရင်းတို့ ဟုတ်တယ်ဟုတ်... အားလုံးညီစေနော်....
ငါ့ညီမကတော့ အချစ်ဆုံးသူနဲ့ တွေ့ခဲ့တာကို...
မှတ်သားလောက်ပါပေတယ် သူ့ရဲ့ အချစ်ဆုံး ဆိုတဲ့
စကားလုံးကိုလေ...

မြန်မာ့ဘ၀ said...

ကောင်းတယ်ဗျို့ မြန်မြန်တင်ပါ ကျန်သည့် အဆက်ကို