ဒီခဏလေးမှာ
အခုတလော ကိုယ့်ဟာကိုယ် ဘာတွေ ပတ်ရှုပ် နေမှန်းကို မသိ... ကိုယ့်ရဲ့ ကမ္ဘာ ကလေးကို မရောက်တာ ကြာလို့ ရောက်ရာ အရပ်က ပြန်အကြည့်... ဗုဒ္ဓေါ.....။ ရှိသမျှ ဘုရားတွေ အကုန် တ ချင်စိတ်တောင် ပေါက်တယ်။ (ခလုတ် ထိမှ အမိ တ တာလေ... အဟဲ)။ ခုနက ဘာများ ပြောလိုက် ပါလိမ့်။ အော် သိပြီ...၊ မရွှေ Dream လေ Tag ထားပြန် ပြီတဲ့။ ဘာများ လဲလို့ သွားကြည့်မှ ပိုဆိုးမှန်း သိတော့တယ်။
မသေခင် 10 ရက် အတွင်း ဘာလုပ် မလဲတဲ့။ ဟိုက်.... အဲဒါမှ ဒုက္ခ၊ ဟုတ်တယ်လေ မီးက အခုမှ အသက် 20 တောင် မပြည့် သေးတော့ ( ကြွားတာ... အဟီး) လောကမှာ အော်ချင်တာ အော်လို့ မ၀ သေးဘူးလေ နော်။ တကယ်လို့ ဖြစ်လာ ခဲ့ရင် ဆိုပြီး လူတိုင်းက တွေး မိကြ မှာပါပဲ။ ရောင်ပြန် လေးရော ဘယ်လို တွေးထားလဲ ဆိုတာ သိချင်လား ???? ။ ဒီလို ရှင့်......။
ဒီတစ်ခါတော့ ရောင်ပြန်က တကယ့်ကို လေးလေး နက်နက် (ခဲဆွဲပြီး... အဲ.. ဟုတ်ပါဘူး) ပြောချင် ပါတယ်။ လောကမှာ ယမမင်းကို ကျော်နိုင်တဲ့ သူ မရှိ သေးဘူး ထင်တယ် နော်။ (လာဘ် ထိုးလို့ ရရင် လည်း ကောင်းသား... အဟွန့်)။ ဒါကြောင့် သိပ် မကြာသေးခင် ကတောင် ရောင်ပြန် စိတ် ညစ်ညစ်နဲ့ တယ်လို့ သာရင် ဆိုပြီး စဉ်းစား ကြည့်မိ သေးတယ်။ အဲဒီ ခဏလေးမှာ ဘာ လုပ်သင့်လဲ၊ ဘာ လုပ်ချင်လဲ လို့ပေါ့။ အခုတော့ ပြောချင် တာနဲ့ ပြေးကြည့် ကွက်တိ ဖြစ်သွားတယ်... အဟီး (မချိ သွားဖြဲ).... မနာလို မဖြစ်နဲ့နော်..။
ဆယ်ရက်သာ လိုတော့ တယ်လို့ သိသိချင်းမှာ ရောင် ပြန် တုန်လှုပ် သွားတာပေါ့။ သေရမှာ ကြောက်လို့ တော့ မဟုတ်ပါဘူး။ အဆင်သင့် မဖြစ်သေးမှာ စိုးလို့ပါ... အဟင်း။ အချိန်ရဲ့ တန်ဖိုးကို အခုမှ ပိုသိလာ သလိုပဲ.. အဟွန်း။ ဟာသ လေးတစ် ပုဒ်ကို သတိ သွားရမိတယ်။ သေရင် ဘာမှ ပါသွားတာ မဟုတ်ဘူး တဲ့၊ ဒီတော့ မသေခင် ရသမျှ အကုန် ယူထား တဲ့...။ ရောင်ပြန် ယူသွားတာ ဘာတွေလဲ လို့ ဖတ်ကြည့် ရအောင် နော်...။
ဆယ်ရက် မြောက်နေ့မှာ လှပတဲ့ စိတ် ချမ်းမြေ့ စရာ ကောင်းတဲ့ ရောင်ပြန် တို့ရဲ့ ရိပ်မြုံ လေးမှာ မိဘ မောင်နှမ တွေနဲ့ အတူတူ ပျော်ရွှင်စွာ နေချင်ပါတယ်။ ဘာကိုမှ မစဉ်းစား ပဲနဲ့ပေါ့။ နောက်ဆုံး အခွင့် အရေးလေး ပေါ့နော်..။
ကိုးရက်မြောက် နေ့မှာ ရောင်ပြန်ရဲ့ သူငယ်ချင်း ညီအကို အပေါင်း အသင်း မောင်နှမ တွေနဲ့ ပျော်ပျော်ကြီး အချိန် ဖြုန်းလိုက် ချင်သေးတယ်... (ဒီအချိန် အထိတောင် အပေါင်း အသင်း အပျော် အပါး မက်တယ် လို့တော့ မထင် ပါနဲ့ နော်။ ခင်တတ် လို့ပါ။ နောက်ပြီး ပျော်ပျော်နေ သေခဲ ဆိုလို့ ယမမင်း ဆီမှာ ဈေးဆစ် မလားလို့... အဟိ။
ရှစ်ရက်မြောက် နေ့မှာတော့ ရောင်ပြန်ရဲ့ တစ်ယောက်သော သူနဲ့ တစ်နေ့လုံး ကုန်ဆုံးချင် ပါတယ်။ ကြည်နူး မှုတွေ အပြည့် နဲ့ပေါ့။ နှုတ်ဆက် ခွင့်လေး ရသွားချင် လို့ပါ။
ခုနှစ် ရက်မြောက် နေ့မှာတော့ အရာ အားလုံးကို ပြီးဖြတ် နိုင်ဖို့ လှုပ်ရှားရ ဦးမယ်လေ။ ရှင်းလင်း စရာတွေ ကိုလည်း အပြတ် ဖြတ်ရမယ်... ဥပမာ- အကြွေး လိုမျိုး ပေါ့။ လုပ်ချင်တာ၊ စားချင်တာ၊ ဖတ်ချင်တာ စသဖြင့် အကုန်လုံး ပြီးစီးအောင် ကြိုးစားဖြတ် ရမယ်လေ။
အဲ... ခြောက်ရက်မြောက် နေ့ကနေ နှစ်ရက်နေ့ အထိ ငါးရက် တိတိကတော့ အပြန် ခရီးလမ်း အတွက် ရိက္ခာ ယူရ ဦးမယ် လို့ပဲ ဆိုပါစို့ နော်။ အေးချမ်းတဲ့ တရားရိပ်မှာ ပျော်မွေ့ ချင်ပါတယ်။ ဘ၀ အမော တွေနဲ့ အရိပ် ဆိုးတွေ နောက် တစ်ဘ၀ အထိ ပါမသွားအောင် ရသမျှ အချိန် လေးမှာ ဆေးကြော ရဦးမယ်လေ။ ခလုတ်ထိမှ အမိ တ လို့ ဆိုချင်လည်း မတားပါဘူး။ နောက်ဆုံး အချိန်ကလေးမှာ လူတွေကို သည်းခံမယ်လို့ ဆုံးဖြတ် ထားပါတယ်... မကြောက်ပါနဲ့.... အဟင်း။ အချိန်က ငါးရက်ပေမယ့် တကယ်တော့ စိတ် ထားတတ်ဖို့သာ အဓိက ပါပဲ။
နောက်တစ်ရက်သာ ကျန်တော့တဲ့ မနက်ပိုင်းမှာ ရောင်ပြန်က ပြုခဲ့တဲ့ ကုသိုလ် အစုစု အတွက် ရေစက်ချ အမျှ ဝေချင် ပါသေးတယ်။ ညနေပိုင်း မှာတော့ ရောင်ပြန် လေးက ဘ၀ နောက်ဆုံးအချိန်ကို တည်ငြိမ် စွာ ရင်ဆိုင်ရင်း အရာ အားလုံးကို စိတ်ချမ်း မြေ့စွာနဲ့ ကြောခိုင်း သွားခဲ့ ပြီပေါ့။
ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ တစ်ချက် တစ်ချက် ဟာသ ဆန်တယ်။ လေးနက်မှု မရှိဘူးလို့ မယူဆ ကြပါနဲ့ ရှင်....။ အမှန် ပြောရရင် ဒီစာ ရေး နေတဲ့ အချိန်မှာ ရောင်ပြန် ပျော်မနေ ပါဘူး။ လေးနက် ကြေကွဲစွာနဲ့ ရေးနေ ခဲ့တာပါ။ ဒါကြောင့် ရောင်ပြန်လေးက စိတ်ထဲ ရှိသမျှကို ကြိုးစားပြီး သရုပ်ဖော် သွားတယ်လို့ အပြစ်တော် မမြင်ပဲ ချစ်ခင်တော် မူကြပါရှင့်...။ မျှဝေ ခံစား ပေးတဲ့ ကိုကို မမများ အားလုံးကို ချစ်ခင် လေးစားလျက် ပါရှင့်..။ အော်.. မေ့လို့ မောင်လေး.. ညီမလေး တွေလည်း ပါပါတယ် နော်... ဟီးဟီး(ရယ်သံ)။

4 ပဲ့တင်သံ:
ညီမရောင်ပြန်ရယ် အသက် ၂၀ မပြည့်သေးဘူးလဲ ပြောသေးတယ် ပီးကြတော့
" ရှစ်ရက်မြောက် နေ့မှာတော့ ရောင်ပြန်ရဲ့ တစ်ယောက်သော သူနဲ့ တစ်နေ့လုံး ကုန်ဆုံးချင် ပါတယ်။ ကြည်နူး မှုတွေ အပြည့် နဲ့ပေါ့။ နှုတ်ဆက် ခွင့်လေး ရသွားချင် လို့ပါ။ " တဲ့
အကိုသာရောင်ပြန်ရဲ့ အကိုအရင်းသာဆို နားရင်း တီးပစ်
လိုက်ချင်တယ်။ ဟဲ ဟဲ အကိုက ခင်လို့ စတာနော်
အကို လာပြီးအားပေးသွားတယ်။ အကို့ဆီကို လာလည်တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ညီမ
ဟိုက်ရှားဘား ယမမင်းကို လာဘ်ထိုးမယ့်သူနဲ့  လာတွေ.နေတယ်။ မှာလိုက်တယ်ဗျ။ ၀မ်းတေဘယ်လ် လောက်နဲ့  မလာပါနဲ့ တဲ့။ ဟီးဟီး။ ဂျင်နရေတာ တစ်လုံးဆိုရင်တော့ စဉ်းစားမယ်တဲ့။ ငရဲပြည်မှာလည်း မီးတွေ ခဏခဏပျက်နေလို့ ။
အော် ယမမင်းကို ဈေးဆစ်ချင်တဲ့လူနဲ့လာတွေ့နေပါလား..
လုပ်တော့မယ်
လာဘ်ကလည်းထိုးလို့ရရင်ထိုးအုံးမယ်. အိမ်း ကောင်းလေစွ. ကောင်းလေစွ.. ဟိ
ကောင်မလေးနော်.. ဟုတ်ပ အသက်ကနှစ်ဆယ်မပြည့်သေးဘူးလဲဆိုသေး... အောက်မှာတော့ တစ်ယောက်သောသူနဲ့တဲ့. ဟင်း ဟင်း :P
လူကြီးစတိုင်ဖမ်းသွားတယ်..... ဟိ ဟိ...
ဟိဟိ..တီတီယောင်ပန်ရေ..အထုမှလာမန့်ထွင့်ရလို့..
ဟိ..ဟီ.. ချိတ်ချိုးနဲ့နော်..
အာဝါး.......
ရေးပေးထားတဲ့အတွက်..
ကျေးဇူးတင်ပါတယ်..နော်..
Post a Comment