Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Tuesday, December 16, 2008

နတ်မိမယ်ဆိုတာ ဒါကိုး

သးငယ်...။မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်...။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ ပျံနိုင်တဲ
့နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။

သားငယ်...။ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။

သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ့ တင်ပါးကိုပုတ်ပြီး
မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့...

စိတ်ဝင်စားသေးရင်...

စောင့်လိုက်ရတာ

မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..

မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။

စိတ်ဝင်စားသေးရင်...

သွားမမေးနဲ့

တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

`အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
လို့မေးလိုက်တယ်။
ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

`အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

စိတ်ဝင်စားသေးရင်...

ဆရာလာမလုပ်နဲ့နော်

စိတ်ဝင်စားသေးရင်...

အစားတွေ့တိုင်းမစားနဲ့

တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့
ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့
မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို
မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ
အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့
ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

စိတ်ဝင်စားသေးရင်...

ဆုတောင်းမမှားနဲ့နော်

တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ
နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက်
စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက
ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------

အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။

စိတ်ဝင်စားသေးရင်...

Friday, December 12, 2008

ကျွန်မပဲ အနစ်နာခံလိုက်ပမယ်

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့
လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက်
လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက်
ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက်
ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့
မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။
အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး
လက်ခုပ်ဝိုင်းတီးကြတော့တယ်..

စိတ်ဝင်စားသေးရင်...

အကြံကောင်း

ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက
"ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို
အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ
ဖြေလိုက်တာက
"ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။

စိတ်ဝင်စားသေးရင်...

ထပ်ပြောပါဦး

တက္ကသိုလ်တွင် ဖြစ်သည်၊ ပါမောက္ခက သင်တန်းပို့ချနေသည်။

ကြက်ဖဟာ ကြက်မကို တစ်နေ့ဆယ်ခါ ခေါင်းကို ဆိတ်သည်။

အိမ်ထောင်သည် ကျောင်းသူတစ်ယောက် ထမေးသည်။

ကျွန်မယောက်ျား ကြာရအောင် အဲဒီစကားကို ပြန်ပြော ပါဦးလား ဆရာ

ပါမောက္ခက ထပ်ပြောသည်၊ စောစောက ကျောင်းသူ၏ ယောက်ျားက ထပြောသည်။

ဆရာ ၊ ကြက်ဖဟာ ကြက်မတစ်ကောင်တည်းကိုပဲ တစ်နေ့ဆယ်ကြိမ်ဆိတ်သလား ခင်ဗျာ....

ဟာ တစ်ကောင်တည်းကို ဘယ်ဟုတ်မလဲ......

အဲဒါဆို ကျွန်တော့်ဇနီး ကြားရအောင် အဲဒီစကားကို ထပ်ပြောပါဦးဆရာ.....

စိတ်ဝင်စားသေးရင်...

Tuesday, December 9, 2008

အခုတော့လဲပြောပြီပေါ့နော်

(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ)
တစ်နေ့မှာ မောင်က

"မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်" ဟု သစ္စာဆိုသည်။


နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

စိတ်ဝင်စားသေးရင်...

မင်းထင်နေသလား

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ

ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို

ထင်နေတယ်ပေါ့လေ။

စိတ်ဝင်စားသေးရင်...

သတ်ရင်သတ်လိုက် မဆင်းဘူး

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။

လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."

"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ...မဆင်းဘူး"

ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က

အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး

"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာ လဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."

စိတ်ဝင်စားသေးရင်...

Friday, December 5, 2008

ပိုက်ဆံဆိုတာ


ပိုက်ဆံဆိုတာ

ကဲဒီတစ်ခါတော့ ပျင်းလို့မဟုတ်ဘူးနော်..။ စာရေးဖို့အချိန်မရလို့ (ဆင်ခြေပေးတာများလို့ မျက်နှာပူလာပြီ) အဟိ..။ အခုလည်း ဟာသပဒေသာထဲက ထုတ်နှုတ်ပြီး ပြန်ဝေငှလိုက်တယ်နော်...။ အာ..... ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး ချင့်..။ :P

ကဲစပြီနော်...။ တစ်ခါကပေါ့ကွယ်... သားဖြစ်သူက အဖေဖြစ်သူကို မေးတယ်တဲ့။ “ဖေဖေ... ပိုက်ဆံဆိုတာ ဘာလဲဟင်” တဲ့။

အဖေဖြစ်သူက စိတ်ကူးယဉ်ကြည့်ပြီးပြောတာပေါ့နော်။

အဖေ။ ။ “ ပိုက်ဆံဆိုတာ အပျံစားကား၊ အကောင်းစား ၀ီစကီနဲ့ ချောပေ့လှပေ့ဆိုတဲ့ အမျိုးသမီး တွေပေါ့ကွာ” ။

သား။ ။ “ ပိုက်ဆံမရှိရင်ကော ဟင်” ။
ဒီတော့ အဖေဖြစ်သူပြောပုံက “ အဲဒါဆိုရင်တော့.. ဘတ်စ်ကား၊ ရေနွေးကြမ်းနဲ့ မင်းရဲ့ မေမေပေါ့ သားရယ်” တဲ့။

ကောင်းရော.... သူ့အမျိုးသမီးကတော့ ပိုက်ဆံမရှိဖို့ ဆုတောင်းနေမှာပဲနော်။ အကယ်၍ သူ့ယောက်ျားအတွေးသာ သိခဲ့မယ်ဆိုရင်ပေါ့.. :P။

စိတ်ဝင်စားသေးရင်...

Sunday, November 23, 2008

ဂယောင်ချောက်ချား


ဂယောက်ချောက်ချား

ဟီး (မျက်နှာချိုသွေးပြီး တောင်းပန်ခြင်း)... ။ အချိန်ကလည်းမရ၊ ကိုယ်ကပျင်းတာလည်းပါတာပေါ့။ အကြမ်းရေးထားတဲ့ စာတွေတော့ရှိပါရဲ့ ။ ခုထိ ဘလော့ဂ် ပေါ်မတင်ရသေးဘူး။ အချိန်ကုန်လွယ်ပြီး ပေါ့ပါးတဲ့ ဟာသလေးတွေပဲ ဖတ်ပြီးတဲ့အထဲကပဲ ဘလော့ဂါ ကိုကို မမ၊ မောင်လေး ညီမလေး၊ သူငယ်ချင်း( အောင်မလေး ရှည်လိုက်တာ... အသက်ဘယ်ကထွက်ရပါ့.. အဲလေ) တို့အတွက် ပြန်ဝေလိုက်တယ်....။ နောက်မှ စာရှည်ရှည်၊ ကဗျာလှလှ နဲ့ ပုံပြင်လေးတွေ ရေးပေးပါ့မယ်...။ :D (မချိသွားဖြဲ)

ဒီလိုလေ....။ ဘ၀တစ်ပါးကို ကူးပြောင်းတော့မယ့် စကော့တလန်သားက သူ့ဇနီးကို မှာတမ်းခြွေနေလေရဲ့။
“မိန်းမရေ.. ဒို့အိမ်နီးချင်း ဂျွန်ဆီက စတာလင်ပေါင် 50 အကြွေး ရစရာရှိတယ်။ မမေ့နဲ့” တဲ့။
သူ့မိန်းမက “မမေ့ပါဘူးရှင်” ပေါ့။

နောက်တစ်ခါ ယောက်ျားဖြစ်သူက “ မစ္စတာ စမစ်ကိုတော့ တို့ ငါးပေါင်ပေးစရာရှိတယ်” ။
ဒီတော့ မိန်းမဖြစ်သူက သက်ပြင်းချပြီး ဘာပြန်ပြောလဲ သိလား။

ဂယောင်ချောက်ချားတွေ ပြောနေပြန်ပါပြီရှင်” တဲ့။ ကောင်းလေစွ။

စိတ်ဝင်စားသေးရင်...

Wednesday, November 12, 2008

လှမ်းထားတာပါ


လှန်းထားတာပါ

ဒီတစ်ခါ ပြောပြတာကတော့ မငယ်လေး (အမတွေက များတယ်.. အဟီး.. ကြွားတာ)..။ သူဘယ်က ဖတ်ခဲ့လဲ... မသိ... (မသိတွေ များနေပြီ ထင်တယ်နော်.. အဟွန်း)။ အမတွေဆီကနေ ရသမျှ အလကားနားထောင်ရပြီး ပြန်ဝေမျှလိုက်တယ် နော်......။ သိပ်များ ပင်ပန်းသွားမလားပဲ နော်...။ ဒါပေမယ့် ရှိစေတော့.. ဒီတစ်ခါ အနစ်နာခံလိုက် အုံးမယ်.. :P။

ဒီလိုလေ...။ စိတ္တဇဆေးရုံ တစ်ခုမှာပေါ့။ လူနာတစ်ယောက်က ရေနစ်ပါလေရော။ ဟော...... လူတစ်ယောက် ရေနစ်ပြီ.. လုပ်ကြပါအုံးပေါ့..။ ဘယ်သူမှ သွားမဆယ်ရသေးဘူးတဲ့။ အဲဒီအချိန်မှာ အခြားလူနာတစ်ယောက်က သွားကယ်တယ်တဲ့။ ဒါနဲ့ ဆရာဝန်တွေက သူ့ရဲ့ စိတ်ဟာ အကောင်းအတိုင်း ပြန်ဖြစ်လောက်ပြီတဲ့။ ဒါကြောင့်မို့သာ လူကို ကယ်နိုင်တာပေါ့လို့ စဉ်းစားကြတယ်။ သူ့ကိုလည်း ဆေးရုံက ဆင်းခွင့်ပြုဖို့ သဘောတူကြတယ်တဲ့။

ဒါပေမယ့်.. နောက်တစ်နေ့ကျတော့ ရေနစ်ခံရတဲ့ သူက ကြိုးဆွဲ ချပြီးသေသွားပါရောတဲ့။

ဒါနဲ့ ဆရာဝန်က သူ့ကို ခေါ်တွေ့တယ်ပေါ့။ “မင်းနေကောင်းသွားပြီ..။ ဒါကြောင့် ဆေးရုံက ဆင်းလို့ရပြီ” တဲ့။ “ဒါပေမယ့် မင်းကယ်လိုက်တဲ့ လူနာကတော့ သေသွားပြီကွာ..။ ဘာလို့ ဒီလိုဖြစ်သွားမှန်းမသိပါဘူး..။ ဘယ်သူက ဒီလိုလုပ်လိုက်တာလဲ မသိ” လို့ ဆရာဝန်က ညည်းညူရင်းနဲ့ ပြောလိုက်တာပေါ့ ။

ဒီတော့ သွားကယ်တဲ့ လူနာက “ ကျနော်ပဲ လုပ်ထားတာ” တဲ့။ ဆရာဝန်တွေက မျက်လုံးပြူးပြီး “ဘာလို့ ဒီလိုလုပ်ရတာလဲ” လို့မေးတဲ့အချိန်မှာ သူက ဘာပြန်ပြောလဲသိလား။

“ကျနော် သူ့ကို သွားဆယ်တုန်းက သူ့အ၀တ်တွေက စိုနေတယ်လေ.. ဒါကြောင့် သူ့ကို တန်းမှာ ကြိုးနဲ့ လှမ်းထားတာ... သူ့အ၀တ်တွေ ခြောက်အောင်လို့” တဲ့....။ (နောက်ဆုံးတော့ သူလဲ ဒီပုတ်ထဲက ဒီပဲ ပါပဲလားနော်..:(...)။

ကဲ ဆရာဝန်တွေခမျာ .... လွှတ်ပေးရမှာလား.. ပြန်ထားရမှာလား... ဘယ်လို ဆုံးဖြတ်ရမှန်းမသိ... ဘာပြောရမှန်းမသိ... မသိပေါင်းများစွာနဲ့.... ဖြစ်နေရတော့တယ်ကွယ်.........။ ဆရာဝန်တွေခမျာ သနားစရာနော်...။ ။

စိတ်ဝင်စားသေးရင်...

Tuesday, November 11, 2008

ဒီလိုလား


ဒီလိုလား

ဒီနေ့ ကျမရဲ့ အမကြီးက ဘယ်ဝက်ဘ်ဆိုဒ်က ရှာဖတ်တယ် မသိပါဘူး။ ဟာသလေး တစ်ပုဒ် ကျမကို လာပြန်ပြောပြတယ်။ ဒီလို မဖြစ်အောင် မျှဝေလိုက်တယ်နော်........ :P။ ဆက်ပြောမယ် ဒီလို........

တစ်နေ့မှာပေါ့...။ ကောင်လေးတစ်ယောက်က ကောင်မလေး တစ်ယောက်ကို ခိုးရာလိုက်ဖို့ ချိန်းတယ်တဲ့။ အဲ...... ညရောက်တော့ ကောင်လေးက သွားတာပေါ့။ အဲဒီမှာ ကောင်မလေးက သူ့အမေကို တောင်းပန်စာရေး နေတယ်တဲ့။ စာထဲမှာတော့ သမီး အမိုက်မကို ခွင့်လွှတ်ပါ.. ဘာညာ.. ကွိကွ... ရေးထားလိုက်ရော။ အဲဒီမှာ ကောင်လေးက ဘယ်လိုတွေးမိတယ် မသိပါဘူး။ ကောင်မလေးကို မခိုးပဲ ထွက်ပြေးသွားရောတဲ့။

ကောင်လေးက ဘာတွေးမိလဲ သိချင်လား?????????။

ကောင်လေးတွေးမိတာက “ဟင်....... ဒီလိုလား... လက်စသတ်တော့ သူက အမိုက်မကိုး။ သူမိုက်မှန်း အခုမှသိရတော့တယ်။ တော်သေးတယ် မှီသေးလို့... အချိန်ရှိတုန်း အမြန်လစ်မှ” တဲ့ ကဲ......... ဘယ်လောက်ဆိုးလဲ။

စိတ်ဝင်စားသေးရင်...

Thursday, November 6, 2008

အကျင့်


အကျင့်

ကဲ........ စိတ်ရှုပ်လို့လဲ ၀ပြီ.... အဟိ (ကိုယ့်ဟာကိုယ် အပျင်းကြီးနေတာလည်း ပါတာပေါ့နော်...။) နောက်တစ်ခုက ဒီဘလော့ပေါ့... တကယ်စိတ်ပုတ်တယ်... ကိုယ့်သခင်တောင် ကိုယ်မမှတ်မိလို့ သခင်ငှားခေါ်ရတယ်..။ ကြည့်.. ဘယ်လောက်ဆိုးလဲ.. တကယ်..။ ... ခုတော့ ဟာသလေး တခုပြောပြမယ်..။ ဘယ်မှာဖတ်ရလဲတော့ မေ့သွားပြီ။(သတိက အဲလောက်ကောင်း.. ဟွန်း)။ ဖြစ်ပုံက... ဒီလို.. ဟိုလို... ။

တစ်နေ့မှာ အမျိုးသားတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်တဲ့။ (သူတို့ဟာ သူတို့ လက်ထပ်တာ ဘာအရေးလဲလို့ မမှတ်လိုက်နဲ့နော်.. ပြသနာက အဲဒီကစတာ)။ နောက်တစ်နေ့ကျတော့ အဲဒီအမျိုးသားက ရေးကြီးသုတ်ဖြာနဲ့ သူ့သူငယ်ချင်းဆီကို ရောက်လာသတဲ့။

အမျိုးသား။ ။ ဟေ့ သူငယ်ချင်း... ငါတော့ ပြသနာတတ်ပြီ ထင်တယ်ကွ။
သူငယ်ချင်း။ ။ ဟေ.. ဘာဖြစ်လို့လဲ..။

အမျိုးသား။ ။ ညတုန်းကကွာ..။ ငါ့မိန်းမနဲ့ အတူတူ အိပ်ပြီးတော့... ငါက အကျင့်ပါပြီး ပိုက်ဆံ ၅၀၀ ထုတ်ပေးလိုက်မိတယ်ကွ။
သူငယ်ချင်း။ ။ ဟင်.......... ဟုတ်လား။ အဲဒီတော့ မင်းမိန်းမက ဘာပြန်ပြောလဲ...။

အမျိုးသား။ ။ ဘာမှ ပြန်မပြောဘူးကွ။ အဲ..... ဒါပေမယ့် သူက ငါ့ကို ပိုက်ဆံ ၁၅၀ တော့ ချက်ချင်း ပြန်အမ်း ပေးတယ်ကွ။
သူငယ်ချင်း။ ။ ဟိုက်...........။ ။

စိတ်ဝင်စားသေးရင်...

Friday, October 3, 2008

မြန်အောင်လို့ပါ


မြန်အောင်လို့ပါ..

၁၀ တန်းတုန်းက ဖတ်ဖူးခဲ့တဲ့ ဟာသလေး တစ်ခုပေါ့ နော်...။ ရုတ်တရက် သတိရလာလို့ ညီအစ်ကို မောင်နှမ တွေကို မျှဝေ ပေးလိုက်တယ်..။ ဒီလို....။

တစ်ခါတုန်းက မုဆိုးမလေး တစ်ယောက်ဟာ မကြာသေးမီက သေဆုံးသွားခဲ့တဲ့ သူ့ ယောက်ျားရဲ့ မြေပုံ (အုတ်ဂူ) လေး ဘေးမှာ နေ့တိုင်း ယပ်တောင်လေး တစ်ချောင်းနဲ့ ယပ်ခပ်ရင်း ငိုငိုနေ သတဲ့။

လူတွေကတော့ သူ့ယောက်ျားကို အရမ်းချစ်ရှာ တာကိုးဆိုပြီး သနားနေကြတာပေါ့ကွယ်။ ဒါနဲ့ တစ်နေ့တော့ မိန်းမကြီး တစ်ယောက်က မနေနိုင် မထိုင်နိုင် သွားမေးမိပါရော။ အဲ... သွားနှစ်သိမ့် တယ်ဆိုရင် ပိုမှန်တာပေါ့။ သိပ်လည်း ၀မ်းမနည်းဖို့၊ တရားသဘောနဲ့ ဖြေဖို့ စတဲ့ သင်္ခါရ တရားတွေကို ပြောပြတာပေါ့ ကွယ်..။

ပြီးတော့ ဘာဖြစ်လို့ ဒီလို လာငို နေရတာလဲ လို့ မေးလိုက် သတဲ့။ အဲဒီတော့ သူမက ဘာပြန်ပြောလဲ သိလား? ။ သူမရဲ့ ယောက်ျား မသေခင် မှာသွားတာ ရှိလို့ပါတဲ့။ အဲဒါက ဘာလဲဆိုတော့ သူမရှိတော့ရင် တစ်ပင်လဲလို့ တစ်ပင်ထူတာကို အပြစ် မပြောလိုပါဘူးတဲ့။

ဒါပေမယ့် နောက်အိမ်ထောင် ပြုတော့မယ်ဆိုရင် သူ့မြေပုံလေး ခြောက်မှ ပြုပါတဲ့။ ဒါကြောင့် သူမက မြေပုံ မြန်မြန် ခြောက်အောင် ယပ်ခပ် ပေးနေရတာတဲ့ကွယ်......... ကဲ.... ဘယ့်နှယ်ရှိစ။ မိန်းမကြီးမှာတော့ ဟိုက်.... လို့ အော်ရုံမှ တပါး အခြားမရှိ ပါလေတော့။ ။

စိတ်ဝင်စားသေးရင်...

Wednesday, September 3, 2008

နေချင်ရခြင်း


နေချင်ရခြင်း

ဖတ်ခဲ့ဖူးတဲ့ အမှား အယွင်းများ စာအုပ် ထဲက အကြောင်း အရာ တစ်ခုပေါ့နော်။

တစ်နေ့တော့ ငရဲပြည်မှာ ယမမင်း က “ ဒီနေ့ လူ့ ပြည်က လူတစ်ယောက်ကို လွှတ်ဖို့ရှိတယ်” ဆိုပြီး အဲဒီ လူကို ခေါ်ခိုင်း လိုက်တယ် တဲ့။

ဒါနဲ့ အဲဒီ လူလည်း ရောက်လာရော “ကဲ... မင်းကို ဒီနေ့က စပြီး လွှတ်ပေး လိုက်ပြီ။ ဒီတော့ မင်း လူ့ပြည်ကို ပြန်လို့ ရပြီ” တဲ့။ အဲဒီ လိုလည်း ပြောလိုက်ရော အဲဒီ လူကြီးမင်းက ကျူကျူ ပါအောင် ငိုပါလေရော တဲ့ကွယ်။

ဒါနဲ့ ယမမင်းက “မင်းက တခြားသူတွေနဲ့ မတူပါလား။ သူများတွေက ပြန်ရမယ် ဆိုရင် ပျော်နေတာပဲ၊ မင်းက ဘာလို့ လူ့ပြည်ကို မပြန်ချင် ရတာလဲ”လို့ မေးတော့။ သူ ဖြေလိုက် ပုံများ မပြောချင်တော့ ပါဘူး။ အဲလေ........ ဆုံးအောင်တော့ ပြောရမှာပေါ့။ :)...

သူ ဖြေတဲ့ ပုံက “ ကျနော်တို့ မိသားစု တွေ အားလုံး ဒီမှာ ရောက်နေ ကုန်လို့ပါ” တဲ့။ မှတ်ကရော.....။ ။

စိတ်ဝင်စားသေးရင်...

Tuesday, September 2, 2008

သေစမ်းဟဲ့ နန္ဒိယ


သေစမ်းဟဲ့ နန္ဒိယ

ရွာကျောင်းလေး တစ်ကျောင်းမှာ ဘုန်းကြီး တစ် ပါးက ကျောင်းသူလေး တစ်ယောက်ကို စာမေး နေတဲ့ အချိန်ပေါ့။ ဘုန်းကြီးက ကျောင်းသူလေး ကို “မြတ်စွာ ဘုရား တောမထွက် ခင် မြင်ခဲ့ရတဲ့ နိမိတ်ကြီး လေးပါးက ဘာတွေလဲ” တဲ့။

ကျောင်းသူလေး။ ။ “သူအို”

ဘုန်းကြီး။ ။ “အင်း ဟုတ်ပြီ”

ကျောင်းသူ။ ။ “သူနာ”

ဘုန်းကြီး။ ။ “မှန်တယ်”
]
ကျောင်းသူ။ ။“သူသေ”

ဘုန်းကြီးက အားတက် လာပြီး “ဟုတ်ပြီ ၊ နောက် တစ်ခုပဲ ကျန်တော့ တယ်၊ သေချာ ဖြေ” တဲ့။ အဲဒီ အချိန်မှာ ကျောင်းသူ လေးက လုံးဝ စဉ်းစားလို့ မရ တော့ဘူးတဲ့။ အဲဒါနဲ့ အထက်ပါ သုံးခုနဲ့ ကာရံ ညီအောင် အားရ ပါးရ ပြောလိုက် ပုံကြောင့် ဘုန်းကြီး ခမျာ “သေစမ်းဟဲ့ နန္ဒိယ” လို့ ကိုယ့် နဖူး ကိုယ်ရိုက်ပြီး ညည်းတွား မိတော့ သတဲ့။

ကျောင်းသူလေးက ကာရံညီအောင် ပြောလိုက်ပုံက “ သူယုတ်” တဲ့ လေ...... ကဲ....... ကြားကောင်း ကြသေးရဲ့လား။ ။

စိတ်ဝင်စားသေးရင်...