ပိုက်ဆံဆိုတာ
ကဲဒီတစ်ခါတော့ ပျင်းလို့မဟုတ်ဘူးနော်..။ စာရေးဖို့အချိန်မရလို့ (ဆင်ခြေပေးတာများလို့ မျက်နှာပူလာပြီ) အဟိ..။ အခုလည်း ဟာသပဒေသာထဲက ထုတ်နှုတ်ပြီး ပြန်ဝေငှလိုက်တယ်နော်...။ အာ..... ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး ချင့်..။ :P
ကဲစပြီနော်...။ တစ်ခါကပေါ့ကွယ်... သားဖြစ်သူက အဖေဖြစ်သူကို မေးတယ်တဲ့။ “ဖေဖေ... ပိုက်ဆံဆိုတာ ဘာလဲဟင်” တဲ့။
အဖေဖြစ်သူက စိတ်ကူးယဉ်ကြည့်ပြီးပြောတာပေါ့နော်။
အဖေ။ ။ “ ပိုက်ဆံဆိုတာ အပျံစားကား၊ အကောင်းစား ၀ီစကီနဲ့ ချောပေ့လှပေ့ဆိုတဲ့ အမျိုးသမီး တွေပေါ့ကွာ” ။
သား။ ။ “ ပိုက်ဆံမရှိရင်ကော ဟင်” ။
ဒီတော့ အဖေဖြစ်သူပြောပုံက “ အဲဒါဆိုရင်တော့.. ဘတ်စ်ကား၊ ရေနွေးကြမ်းနဲ့ မင်းရဲ့ မေမေပေါ့ သားရယ်” တဲ့။
ကောင်းရော.... သူ့အမျိုးသမီးကတော့ ပိုက်ဆံမရှိဖို့ ဆုတောင်းနေမှာပဲနော်။ အကယ်၍ သူ့ယောက်ျားအတွေးသာ သိခဲ့မယ်ဆိုရင်ပေါ့.. :P။
Friday, December 5, 2008
ပိုက်ဆံဆိုတာ
Subscribe to:
Post Comments (Atom)
4 ပဲ့တင်သံ:
အမှန်ပဲဗျ။ အဟိးဟီး
မင်္ဂလာပါ
ပဲ့တင်သံ ရောင်ပြန်ကို ခံစားသွားတယ်။ ရီ ( ရယ် ) ရ၏
ဘ၀ သရုပ်ဖေါ် ဟာသ တခုပဲ။
အပျံစားကားဆိုတာက ကားက ပျံနေတာလား ဟင်
မသိလို့ပါ၊ စိတ်ကူးယဉ်ကားတွေမှာ ကားပျံတွေ တွေ့နေလို့ပါ
ရွှင်လန်းချမ်းမြေ့ပါစေ...
ကွက်တိ ဒက်ထိပဲ ဟီဟိ။
သူ့အမျိုးသမီးကလည်း ခင်ပွန်းသည်လို ပြန်တွေးနေမိမှာပါလေ ၊၊:P
Post a Comment