Friday, October 10, 2008

အမြင်လေးတွေပြောပါဦး..


အမြင်လေးတွေပြောပါဦး...

ဒီနေ့ ကျမ အွန်လိုင်းမှာ ဘလော့ဂါ အကိုကြီး တစ်ယောက်နဲ့ အကြောင်းအရာ တစ်ခုပေါ် မူတည်ြ့ပီး အငြင်းအခုန် ဖြစ်ကြတယ်... သိလား။ အကြောင်း အရာက မထူးဆန်းပေမယ့် တော်တော် ရှုပ်ထွေးတယ်။ ဘာအကြောင်းလဲ သိချင်လား..။ ပြော မှာပါ။ ဒီလိုလေ..။

ချစ်သူနဲ့ ရည်းစား ဘယ်တာက ပိုလေးနက်လဲလို့ပေါ့။ သူပြောတာက.. ချစ်သူဆိုတာက အပျော်သဘော သက်ရောက် တယ်တဲ့..။ ရည်းစားဆိုတာကတော့.. အဲ... ဘယ်ရမလဲ... အောက်မှာ ဆက်ဖတ်နော်..။


ရည်းစားဆိုတာ...... တစ်ဘ၀လုံးအတွက် "ရည်"ရွည်ပြီ လက်တွဲဖို့ စဉ်း "စား" ထားတဲ့ သူကိုပြောတာတဲ့...။ ဒီတော့ ကျမလဲ ဘယ်ရမလဲ...။ သူ့ကို ပြန်မေး လိုက်တာပေါ့။ ဒါဆိုရင် “ရည်စား” ဖြစ်ရမှာပေါ့။ ဘာဖြစ်လို့ “း” ကပိုပြီး ရည်းစား ဖြစ်သွား ရတာလဲလို့ ( ဟွန်း.. ဘယ်ရမလဲ.. ကျမက... အဲလောက်ထိ ခွာတာ.. အဲလေ.. ကပ်သပ်တာ..)။

အံမယ်.. သူကလည်း ခေသူမဟုတ်ပဲ။ ဘာပြန်ပြောလဲ သိလား..။ အမှန်ကတော့ “ရည်စား” ပဲတဲ့..။ ကာလရွေ့ လျားပြီး “ရည်းစား” ဖြစ်သွားတာတဲ့.. (ကောင်းရော)။ ဒါနဲ့ ဘယ်ရမလဲ..။ ကျမလည်း ... အားကျမခံ ပြန်ပြောတာပေါ့နော်။ ဟုတ်တယ်လေ.. ကိုယ်လက်ခံ ထားတာကို ကိုယ်က ပြန်တင်ပြတာပဲ..အဟီး။

ကျမထင်တာကတော့..... ရည်းစားထက် ချစ်သူက ပိုလေးနက်တယ်လို့။ ချစ်သူဆိုတာက ကိုယ်တကယ်“ချစ်”ပြီး တကယ် လက်တွဲရမယ့်“သူ”ကို ပြောတာလို့..။ အဲဒါက အချိန်ကာလရွေ့လည်း စာလုံးက မပြောင်းဘူး .. မလွဲဘူးလို့...။ အံမယ်.. ကိုယ့် အဓိပ္ပါယ်ဖွင့် ဆိုချက်နဲ့ ကိုယ်တော့ ဟုတ်နေတာပဲ...။ ဟီး....။

ကဲ... ကိုကို.. မမ.. တို့ကကော.. ချစ်သူနဲ့ ရည်းစားကို ဘယ်လို့ လက်ခံပြီး အဓိပ္ပါယ်ဖွင့် ဆိုကြပါသလဲရှင်...။ ၀ိုင်းပြီးတော့ ကိုယ့်ရဲ့ ယူဆချက်တွေ ကွန့်မန့်ထဲမှာ ဖလှယ်ပေး သွားပါဦးလို့...။ ။

29 ပဲ့တင်သံ:

Htoo Myat said...

တကယ်တော့ နှစ်လုံးတည်းနဲ့ ဘောင်းဘီ ကျပ်တာပဲ။ ကျနော့် အမြင်တော့ ဒါဟာ ကိုယ်ဝန်ရှိတာနဲ့ ဗိုက်ကြီးတာ လိုပဲ ထင်တာပဲ။

လူကြီး မိဘနဲ့ကျတော့ ဒါက ကျနော့်ချစ်သူလို့ ပြောမှာပေါ့။

လူငယ်ချင်းကျတော့ ပေါ့ပေါ့ပါးပါး ဒါက ငါ့ရည်းစားကွ လို့ပြောမိမယ်ထင်တယ်။

Anonymous said...

အင်း ကိုထူးမြတ်ပြောတာပဲ ဟုတ်တုတ်တုတ် ..
ကျနော့်ဘ၀မှာ သူကတော့ ချစ်သူ သူကတော့ ရည်းစား ဆိုပြီး တစ်ခါမှ ခွဲပြီး မထားခဲ့ဖူးဘူး ..
တစ်ခါတစ်လေ တန်ဖိုးထားပြီး အလေးအနက်ပြောချင်ရင်
ချစ်သူလို့ သုံးနုန်းတတ်တယ် ..
တစ်ခါတစ်လေ ခပ်ပေါ့ပေါ့ ပြောချင်ရင်တော့ ရည်းစားလို့ ပြောတတ်ပါတယ် ..
ကျနော့် အမြင်ကတော့ ဒီလောက်ပါပဲ ရောင်ပြန်ရေ :P

တောင်ပေါ်သား said...

ကိုမိုးသောက် ပြောတာသဘောကျပါတယ်။ ဟုတ်တယ်ဗျာ ချစ်သူဆိုတာက ပိုပြီး လေးနက်သလိုပဲ ရည်းစားခါကျတော့ ပြောရတာသိပ်မကောင်းသလိုပဲ ဟဲဟဲ အတွေ့အကြုံဖလှယ်ဆိုတော့ ဖလှယ်ရတာပေါ့ ကောင်မလေးတွေကို ရည်းစားလို့ပြောရင် သိပ်မကြိုက်ချင်းဘူးဗျ အဲ ချစ်သူလို့ပြောလိုက်ရင်တော့ သဘောကို ခွေ့လို့ ဟား ဟား ယုံဘူးလား ပြောကြည့်လိုက်လေ

ဖြိုးငယ် said...

ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ချို့ကတော့ ချစ်သူဆိုတာ
အမှန်အကန် တန်ဖိုးထားပြီး ချစ်တဲ့သူကို သတ်မှတ်ကြတယ် .. ကျွန်တော်လည်း သဲသဲကွဲကွဲ မသိပေမဲ့ ငယ်ငယ်တည်းက ရည်းစား ဆိုတာထက် ချစ်သူ ဆိုတာ ပို လေးနက်တယ်လို့ ယူဆပါတယ် ....
ဘယ်သူမှန်တယ်လို့တော့ မပြောတက်ဘူး ....
ကျွန်တော်ကတော့ ချစ်သူဆိုတာ လေးနက်စွာ သုံးနှုံးတယ်လို့ ထင်ပါတယ်

သံလွင် HeRo said...

ကျနော့်အထင်ကတော့(သေချာတော့မသိပါဝူးဗျို့...
အမြင်တစ်ခုပေါ့ဗျာ) ချစ်သူကပိုလေးနက်သလိုရှိတယ်။
ဘာလို့လဲဆိုတော့ တစ်ခုစဉ်းစားကြည့်ဗျာ...
အဲကောင်ကြီး ရည်းစားတွေပွေတယ်လို့ပဲကြားဖူး
သလိုပဲ...ချစ်သူပွေတယ်လို့သိပ်ပီးမသုံးဝူး ...
တစ်ကယ့်အဓိပ္ပာယ်ကိုတော့ ဘဘဗိုလ်ကလေးတင့်အောင်ကိုပဲသွားမယ်ရင်ကောင်း
မယ်...ဟဲဟဲ

ခေါင်ခေါင် said...

ဟုတ်တယ် လေ.. ကိုမိုးသောက်တို့ ပြောသလိုပဲ ချစ်သူနဲ့ ရည်းစားတူတူပဲ မဟုတ်ဘူးလား.. တူတူပါပဲကွာ..

megumi said...

သေချာတော့မသိပေမယ့်၊ ချစ်သူလိုသုံးနှုံးရင် ကြိုက်တယ်။ ရည်းစားဆိုတဲ့စကားလုံးက နည်းနည်းပေါ့ပျက်ပျက်နိုင်သလိုပဲ။

flowerworld said...
This comment has been removed by the author.
flowerworld said...

ရောင်ပြန်ရေ...မီးလေးကတော့ချစ်သူဆိုတာပိုပြီးလေးနက်တယ်လို့ လက်ခံထားတယ် ရည်းစားအပျော်ထားတယ်လို့ပဲကြားဖူးတယ် ချစ်သူအပျော် ထားတယ်လို့မကြားဖူးဘူး မီးလေးကိုယ်တိုင်လဲထားခဲ့ဖူးတဲ့သူတွေကိုရည်စားလို့ပဲ သတ်မှတ်ထားတယ် ချစ်သူလို့မသတ်မှတ်ဘူး... အဲလေ...ပေါ်ကုန်ပါပြီး..ဟီးးးးးးးး

Dream said...

အင်း... တကယ်တော့ နှစ်ခုလုံးက အတူတူပါပဲ။
ကိုထူးမြတ်ကြီးပြောတာကို လက်ခံတယ်။
နေရာဒေသ၊အချိန်အခါ ကိုလိုက်ပြီး အပြောအဆို ကွဲပြား
သွားတာပါ။ ကိုယ့်ယူတဲ့တဲ့မိန်းမကို တစ်ခါခါမှာ
ဒါကကျွန်တော့ဇနီးလေ၊ ဒါကကျွန်တော့မိန်းမလေ၊ ဒါကကျွန်တော့ အမျိုးသမီးလေ၊စသည်ဖြင့်သူ့နေရာနဲ့
သူလိုက်ပြီး မိတ်ဆက်ပေးသလိုမျိုးပေါ့၊ အဲ..မိန်းမတွေ
အနေနဲ့ လည်းဒီလိုပဲ... ဒါကကျွနမ ယောက်ျားလေ၊
ဒါကကျွန်မအမျိုးသားလေ၊ ဒါကကျွန်မခင်ပွန်းလေ။
စသည်ဖြင့်ပေါ့ သူ့နေရာနဲ့သူပေါ့။။ အဲလိုပဲ တရားဝင်
မယူရသေးခင်သူတွေအနေနဲ့ အခေါ်အဝေါ်ယဉ်ကျေးမှု ကိုလိုက်ပြီးပြောင်းလဲသွားတာပါ။
တကယ်တော့ အနှစ်ကအတူတူပါပဲ။
(မက်မက်ခံယူထားတာပြောတာပါနော်၊သူများတွေတော့
မသိဘူး၊) :) :)

ဟီးဟီး.. လူတတ်ကြီးလုပ်သွားတာ...
တိဒေါ့ဖူး...ထရေးကိုဘာဒွေရာမေး
နေမှန်းမတိဖူး..ဂယ်ဖဲ...ဂယ်ဖဲ..
တီတီလူဆိုး...ဟွန်း......:P :P

Anonymous said...

ကိုစိုင်းကတော့ ချစ်သူကပိုလေးနက်တယ်လို့ထင်တယ်
ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတော်တော်များများ
ဒီစကားကိုသုံးတယ်ဗျ ရည်းစားတစ်ထောင် လင်ကောင်
တစ်ယောက်ဆိုတော့ ရည်းစားဆိုတာက မလေးနက်ဘူးလေ ချစ်သူဆိုတာကမှ ပိုလေးနက်တယ် လို့ထင်တယ် ဒါကြောင့် ကိုယ့်ချစ်သူကို နောက်ဘယ်သူမေးမေး ချစ်သူလို့ပဲပြောတော့မယ်

saiwunna

Anonymous said...

ကျုပ်က `ချစ်သူ´ ကို `ချစ်ခင်နှစ်သက်ရပါသောသူ´ လို့ အဓိပ္ပာယ်ဖွင့်ချင်တယ်။

ပြီးတော့ `ချစ်သူ´ ဆိုတဲ့ စကားလုံးကို သုံးတဲ့အခါ အပြင်လူကိုရော ကိုယ့်ရည်းစားကိုရော ရည်ညွှန်းပြီး သုံးလို့ရပေမယ့်... `ရည်းစား´ ဆိုတဲ့ စကားလုံးကိုတော့ တတိယလူကို ပြောတဲ့အခါမှပဲ သုံးကြတာက ကွာခြားချက်တစ်ခုပါ။

ဥပမာ။ `ရည်းစားရေ... မင်းသိစေချင်တယ်´ ဆိုတာမျိုးကို မသုံးဘူး။ `ဒါကျုပ်ရည်းစားလေ´ ဆိုတာမျိုးပဲ သုံးတတ်တယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ရည်းစားပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ် နားလည်မှုမရှိလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး လို့ထင်တယ်။

ခွန်း said...

ကျနော့် အမြင်အရတော့ ချစ်သူနဲ့ ရည်းစား မတူဘူးလို့ ထင်တယ်။ ချစ်သူက ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်ရတဲ့ သူကို ခေါ်တာ။ ရည်းစားဆိုတာတော့ တစ်ယောက်ကို တစ်ယောက် ချစ်သူလို့ သတ်မှတ်ထားပြီးတော့ တွဲသွားတွဲလာ လုပ်နိုင်တဲ့သူ လို့ ထင်ပါတယ်။ ချစ်သူဆိုတာတော့ ကိုယ့်ဘက်က ချစ်နေရုံနဲ့လည်း သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့် တစ်ယောက်ပဲ ရှိနိုင်ပါတယ်။ ရည်းစားကတော့ နှစ်ဘက်လုံးက ချစ်ဖို့ လိုပါတယ်။ ဒါပေမယ့် အများကြီး ဖြစ်နိုင်ပါတယ်။
ကျနော် အဲလိုပဲ မြင်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။

JulyDream said...

ချစ်သူဆိုတဲ့ စကားလုံးက ပိုပြီး တန်ဖိုးရှိသလို ခံစားရတယ်။ ရည်းစားကတော့ နည်းနည်း ပေါ့ပါးတဲ့ စကားလုံးတစ်ခုလို့ မြင်မိတယ်။

Anonymous said...

တကယ်တော့ မျက်နှာ လို့ ခေါ်လို့ရသလို
မျက်ခွက်လို့လဲ ခေါ်လို့ရတဲ့ အနေအထားမျိုးပေါ့နော
" ခင့်မျက်နှာလေးက ချစ်စရာကောင်းလိုက်တာ "
လို့ပြောတာနဲ့
" ခင့်မျက်ခွက်လေးက ချစ်စရာကောင်းလိုက်တာ "
လို့ပြောတာ ဘယ်ဟာက ပိုပြီးနားဝင်ချိုပါသလဲဗျာ..
အဓိပ္ပါယ်ကတော့ အတူတူသက်ရောက်ပါတယ်..
ဒါပေမဲ့ စိတ်ရဲ့ခံစားချက်ကတော့ ကွာခြားလွန်းလှပါတယ်
ညီမတော်ရောင်ပြန်ပြောသလိုပေါ့
ချစ်သူဆိုတဲ့စကားလုံးဟာ အင်မတန်သိမ်မွေ့နုညံ့ပါ
တယ်.. ရည်းစားဆိုတဲ့ စကားကတော့ အနည်းငယ်
ကြမ်းတမ်းနေသလားပါပဲခင်ဗျာ....
ဒါလေးကတော့ ကျွန်တော့ အထင် နဲ့ ကျွန်တော့
အမြင်ပါ.. တချို့နဲ့ ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်
ဒါပေမဲ့ သားသားက ခလေးပဲရှိသေးတယ် ဟီးဟီး
ဒါတွေ သားသားသိဘူး.. ရှာအုပ်ထဲကနေ ဖတ်ပြောတာပါ အဟဲ

ညီအကိုများ said...

ချစ်သူဆိုတာ formal....
ရည်းစားဆိုတာ casual ပေါ့.....

ထင်တာပဲ... :)

ကိုနေ(YNP)

khin oo may said...

ချစ်သူ ဆိုတာ ကိုယ်က ချစ်ရတဲ့သူ။ ပိုပြီး လေးနက် တယ် လို့ထင်ပါတယ။်

ရည်းစား ဆိုတာကတော့ သေချာပေါက် ရည်းစား တရားဝင် ရည်းစား

Anonymous said...

ချစ်သူတို့ရည်းစားတို့ လုပ်မနေပါနဲ့ဗျာ။ တကယ်ညားမှ ငါ့မိန်းမကွ လို့ကြွားရတာ ပိုမိုက်ပါတယ်။ ဟုတ်တယ်ဟုတ်နော..။

Anonymous said...

ချစ်သူ=ချစ်တဲ့လူ
ရည်းစား=ရည်းတဲ့စား အဲ ဟုတ်ပါဘူး ရည်းစားဆိုတာ မသိတော့ဘူးရှုပ်နေတာပဲ။ ဟီးးးးးးးးး နောက်တာနော်
စိတ်မဆိုးနဲ့
အနော်က ခရေးပဲရှိသေးတယ်။ ဒါတွေနားလည်ဘူး (ယုံချင်ယုံမယုံချင်နေ)

Anonymous said...

ရှက်ကိုးရှက် ကန်းဆိုရင်တော့ရည်းစားပေါ့။
ပေါ်ပေါ်ထင်ထင် ဆိုရင်တော့ ချစ်သူပေါ့။

ဒီလိုပဲအခြေအနေ နဲ့အချိန်အခါအရတော့ ရေလိုက်ငါးလိုက်ပြော
ပေးရတာပေါ့။

Htoo Myat said...

ကိုဟန်သစ်ငြိမ်ပြောတာ စံနစ်ကျတယ်လို့ မြင်တယ်။

ကိုထူးမြတ်ကြီးလို့ ခေါ်သွားတဲ့ Dream ပြောတာ လက်မခံဘူး။ ကျနော့်ကို ကိုထူးမြတ်ကြီးလို့ ခေါ်လို့... :D (စတာပါ)

ယုန်ကလေး said...

အင်း ချစ်သူနဲ့ ရည်စားမှာကတော့ ချစ်သူက ပိုပြီးလေးနက် မလားလို. ယုန်လေးထင်တာနော်. မှန်ချင်လည်းမှန်မယ် မှားချင်လည်း မှားမယ်။ ယုန်လေးတို့ကျောင်းနေတဲ့ အချိန် မှာတော့ ဆရာ ပြောတာက သမီးတို့ရေ ရည်းစားတွေ မထားနဲ့တဲ့ ချစ်သူပဲထားတဲ့. ရည်စားဆိုတာ အပျော်ချစ် တာတဲ့ ချစ်သူဆိုတာ ကိုယ်က တကယ်ချစ် သူလည်း တကယ်ချစ် တာတဲ့..ချစ်သူဆိုတာကို ပိုလေးနက်တယ် ထင်တာပဲ...ဟီဟီ..

ယုန်ကလေး

ဒီရေ said...

အင်းဗျ... အမြင်ချင်းတွေ က တူနေတယ်... ကျွန်တော်ကတော့ ချစ်သူဆိုတာ ကိုကြိုက်တယ်.. ချစ်သူ ဆိုတာ ကိုယ်က ချစ်ရတဲသူ... ချစ်သူ ... သူက ချစ်ရတဲ့သူ ချစ်သူ ပဲ မဟုတ်လားဗျ... ရည်စားဆိုတာ က နဲနဲပေါ့တယ်...

ဇင်ယော် said...

အဟဲ ၀င်ပြီးနှမ်းဖြူးလိုက်ဦးမယ်။ သိပ်မကွာဘူး အတူတူပဲလို့ ထင်တာပဲ။ နေရာဒေသ၊ အခြေအနေကို လိုက်ပြီး သုံးစွဲရတာပ။ ဘယ်လိုပဲခေါ်ခေါ် နှစ်ဦးနှစ်ဘက် နားလည်မှု အပြည့်အ၀ ရှိဖို့ ပဲ အရေးကြီးပါတယ်။

Phyo Thet Aung said...

အင်း ချစ်သူနဲ့ ရည်းစား ... ရည်းစားနဲ့ ချစ်သူ
ဘာတွေလည်း သိတော့ဝူးကွာ ..
ကျနော်က တော့ အချစ်လို့ပဲခေါ်ချင်တယ်

Anonymous said...

အင်းမအားတော့ခုမှလာဖတ်ဖြစ်ပါတယ် နောက်ကျနေပြီ ဆိုတော့ကိုယ့်အယူအဆ တွေလည်းသူများပြောတဲ့ဟာ နဲကတူနေပြီ ဒါပေမယ့်ကိုယ့်အမြင်ဆိုတာကိုမပြောလို့ ကလည်းမဖြစ်ပြန်ဒီတော့ ကျွန်တော်ယူဆတာကတော့ သူများတွေပြောသလိုပေါ့မှန်ချင်မှမှန်မယ် ချစ်သူဆို တာကိုပိုလေးလေးနက်နက်ခံစားမိသဗျ ရည်းစားဆို တာကတော့ အလွယ်ပြောကြတဲ့စကားရပ်လို့ထင်တယ် လိုက်လံစစ်ကြောကြည့် ဒါကျွန်တော်ချစ်သူပါလို့ပြော တဲ့လူရှားမယ်ထင်တယ် သေချာ၏ မသေချာ၏ တော့ မသိ

kiim said...

တို့ လဲချစ်သူဆိုတာကိုပိုကြိုက်တယ်..
ဟုတ်တယ်..သူကပိုလေးနက်တယ်လေ..

စိုင်းလောဝ်ပိန်း said...

ချစ်သူဆိုတာ ပိုလေးနက်တယ်လို့ ကျွန်တော်တော့ ထင်တာပဲဗျာ...
ဒါပေမယ့် ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ရှင်းပြရမလဲ မသိဘူး ... ဘာကြောင့်လို့ လာမမေးနဲ့နော် :)

Anonymous said...

ရည်းစား နဲ့ ချစ်သူ မတူဘူးလို့ အစတည်းကယူဆထားတာပဲလေ။
ချစ်သူ ဆိုတာ ပိုလေးနက်တယ် အခေါ်အဝေါ်ကတော့အဆင်ပြေသလိုပေါ့။ သူများတွေပြောသလိုပဲ ဒါငါ့ရည်းစားလို့ပဲပြောတာများပါတယ်။ မိန်းကလေးတွေဘက်ကတော့ ချစ်သူ ဆိုတဲ့စကားကိုကြားချင်တာအမှန်ပဲ။ တစ်ကယ်ချစ်တဲ့လူဆီကပေါ့လေ။
နောက်ဆုံးမှလာပြီး ဝင်ဖောသွားတယ် :P