Tuesday, July 7, 2009

အမှတ်တရ တပိုင်းတစ

အရှုပ်တွေလုပ်နေတာကြောင့် အသစ်မတင်ဖြစ်တာ အားလုံးကို တောင်း ရော စကောရော ပန်ပါတယ်နော်...။ ဒီကြားထဲမှာ ဘယ်အိမ်မှလည်း သွားမ လည်ဖြစ်ဘူး။ ခြေချုပ်မိတဲ့ နေ့တွေပေါ့ :( ။ မွေးနေ့မှာ မေးလ်ထဲကနေရော ဘလော့ဂ်မှာပါ ဆုမွန်ခြွေခဲ့ပေးတဲ့ ညီကိုမောင်နှမ သူငယ်ချင်းတွေ အားလုံး ကို ကျေးဇူးပါရှင်။ ရောင်ပြန်ရဲ့မွေးနေ့မှာ စိတ်ရှုပ်နေတဲ့ကြားက အမှန်တ ကယ် ပျော်ခဲ့ရပါတယ်။ အားလုံးကိုလည်း ထပ်မံပြီး ကျေးဇူးတင်ပါတယ်ရှင်။

အမဖြစ်တဲ့ မငယ်ရေစင်က ရောင်ပြန်အတွက် မွေးနေ့မှာ စာတပုဒ်ရေးပေး ခဲ့ပါတယ်။ ဘ၀တကွေ့က အမှတ်တရ တပိုင်းတစလေးပါ... သူက ကျမကို ကတိတောင်းတယ် ဘာမှမဖျက်ပဲ မူရင်းအတိုင်းတင်ရင် ပေးမယ်တဲ့..။ ပထမတော့ စဉ်းစားသေးတယ် (စိတ်ပူလို့..)။ ဘာတွေ ပေါက်ကရ ရေးထား မလဲပေါ့လေ။ နောက်တော့ သဘောတူညီချက် ရသွားတယ်။ သူပို့လာပေး တော့ ကျမဖတ်နေရင်း တကယ် ပြန်ငိုမိတယ်။ ကတိအတိုင်း ကျမဘလော့ မှာ တင်လိုက်ပါတယ်။

အမှတ်တရ တပိုင်းတစ

အမှတ်တရ နေ့ကလေးတနေ့ပေါ့….. မနက်လေးနာရီလောက် တအိမ်လုံးမှာ ပျာယာခတ်လို့… နည်းနည်း အလှမ်းဝေးတဲ့ဆီမှာနေတဲ့ အဖိုးအဖွားတွေ ဘယ်အချိန်ရောက်မှန်းမသိ…. နိုးလာလို့ ကြားလိုက်တာက အဖေက ဆရာ မ သွားခေါ်နေတယ်တဲ့....

အိပ်ချင်မူးတူးနဲ့မှတ်မိတာက အိမ်အဆင့် ဘောင်လေးမှာမှီနေတုန်း… မေမေ က မဲပြာပြာ ကလေးပေါက်စလေးတယောက်ကို လောကထဲကို ၀င်ခွင့်ပြုခဲ့ တယ်…..

အဲဒီရက်က ၁၉၉၀ ဇူလိုင်လ ၁ ရက်နေ့… လင်းရောင်ပြန်လေးတခု စတင် အားယူတဲ့ နေ့တနေ့ပေါ့…

လောကထဲကို အသစ်စက်စက် ၀င်လာတဲ့လူသားလေးက အခြားမောင်နှမ တွေနဲ့ အသားရောင်မတူဘဲ (မဲပြာပြာကနေ နည်းနည်းအရောင်ပြောင်းလို့) ညိုညစ်ညစ်လေး ဖြစ်နေတယ်… နှုတ်ခမ်းလေး ထူထူလေးနဲ့ပေါ့… သူ့ကို အသဲလေးလို့ တအိမ်လုံးက ချစ်စနိုးလေးနဲ့ ၀ိုင်းခေါ်ကြတယ်….

လေးဘက်သွားတတ်.. ထိုင်တတ်တဲ့အရွယ်မှာ… ချမ်းသာတဲ့သူတွေမဟုတ် လို့… မိဘတွေက သူကလေးကို အစ်မတွေနဲ့ စိတ်ချလက်ချအပ်ပြီး ခြံထဲ အလုပ်သွားလုပ်ကြတယ်….

အစ်မတွေကလဲ ငယ်သေးတာမို့… ကလေးပီပီဆော့ကြတော့…. သူ့ကို စားပွဲ ပေါ်မှာတင်ပြီး ထိုင်စေခဲ့တယ်… သတိတချက်အလစ်မှာ သူစားပွဲပေါ်ကနေ ဆပ်ကပ်ပြပြီး ကျွမ်းထိုးချလိုက်တယ်…..

အသံကျယ်ကြီးကြောင့် ၀ိုင်းဖမ်းပေမဲ့ ပြန်မိတဲ့အချိန်မှာ သူ့နှုတ်ခမ်းမှာ နောင်ဘယ်တော့မှ ပြန်မလျော့တော့မယ့် အသီးလေး…. နှုတ်ခမ်း ထော် ထော်လေးနဲ့ပေါ့…

သူငယ်ငယ်တုန်းကတော့ ဥာဏ်လဲသိပ်ကောင်းတယ်တဲ့ (မိဘတွေအပြော အရ)…. သေချာမှတ်မိတာ တခုကတော့ အငယ်ဆုံး… အချစ်ဆုံးမို့ အလို လိုက်ခံရတဲ့သူ့က… သိပ်ကို အငေါ်တူးတယ်ဆိုတာဘဲ…. (နည်းနည်းဖြစ် စိတ်ကောက် စိတ်ဆိုး)။ ဒါပေမယ့် ဓါတ်ပုံရိုက်ရင်တော့ သိပ်အိုက်တင်ပေး တတ်တယ်.. ခေါင်းကလေး စောင်းစောင်း.. စောင်းစောင်းနဲ့…. အဲဒီအချိန် တုန်းက သူ့ကို ချစ်စနိုးနဲ့မေးတော့ အိုက်တင်စောင်း လေးပါတဲ့…..

သူများကလေးတွေနည်းတူ… အီအီးပါပြီး အီးတောထဲမှာလဲ သူလူးဖူးတယ်။ ထိန်းမယ့်သူ အဖေတယောက်တည်း ရှိတဲ့အချိန်… အဖေအိမ်သာသွားချင်လို့ သူ့ခြေထောက်ကို.. ကြိုးချည်ပြီးထားခဲ့တော့ ထရံကြားထဲကနေကျွံကျပြီး အောက်မှာ တွဲလောင်းဖြစ်နေတာကို ငိုသံမပေးဘဲ တိတ်တိတ်လေးလည်း နေတတ်တဲ့အကျင့်ရှိခဲ့ဖူးတယ်….

ကံကြမ္မာ အပြောင်းအလဲကြောင့် မိသားစုတွေ ဒုက္ခရောက်တော့ သူ့မှာ ကလေးဘ၀နဲ့မတန်တဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရတယ်… (သူများကစား ချိန်မှာ သူ မကစားရ… သူများထမင်းစားချိန်မှာ ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရ…. စသည်ဖြင့်..စသည်ဖြင့်..) အဲဒီတုန်းကတော့ သိပ်သနားစရာ ကောင်းတဲ့ ကောင်မလေးပေါ့…..

အခုတော့ အခက်အခဲတွေကို ကျော်လွှားပြီးတဲ့နောက်… သူ အသက် ၁၉ နှစ်ထဲဝင်လာပြီ….

အရင်တုန်းက နှုတ်ခမ်းထော်ထော်လေးက အခုတော့ သိပ်ချစ်စရာကောင်း နေသလို…အရင်တုန်းက အသားရောင်ညိုညစ်ညစ်လေးက အခုတော့လည်း ယဉ်ပြီး ပိုချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေပြန်တယ်…..

အငေါ်တူးတာလေးတွေရဲ့နေရာမှာ… ပြေပြေပြစ်ပြစ်နဲ့ ချစ်စရာအသံလေး က နေရာယူလာပြန်တော့… လူချစ်လူခင်ပိုများလာစေတယ်…

ငယ်ငယ်ကအတိုင်း ပဲများတဲ့အကျင့်ကတော့ မပျောက်သေးပါဘူး… လူလစ် ရင်လစ်သလို ကင်မရာတစ်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံ ပြန်ရိုက်…. (မျက်နှာမသစ်သေးမီ… မျက်နှာသစ်ပြီးချိန်… အလှမပြင်မှီ… အလှပြင်ပြီးချိန်).. တခါမှကို ဓါတ်ပုံရိုက်လို့ မကျေနပ်နိုင်တဲ့ သူပေါ့….

အခုတော့လည်း ၁၉ နှစ်တိုင်တိုင် အားယူပြီးတဲ့နောက်မှာ အားဖြစ်လာတဲ့ အလင်းတန်းလေး…. ၁၉ နှစ်ပြည့်မွေးနေ့မှသည် ဘ၀တသက်တာကာလလုံး ဒုက္ခအပေါင်းမှ ကင်းဝေးပြီး အေးချမ်းလှပတဲ့… ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ…

ငယ်စဉ်က
အမှောင်ထဲမှာ…
အားယူခဲ့ရ….

ဒုက္ခတွေကြားမှာ…
ရှင်သန်ခဲ့ရ…

ပူလောင်မှုတွေကို…
အဖော်လုပ်ခဲ့ရ….

အလင်းတန်းတခုအဖြစ်စတင်လာချိန်….
ရင်ထဲကခံစားမှုတွေကို..
တန်ပြန်ဖို့အတွက်….
ပဲ့တင်သံတခုရဲ့လင်းရောင်ပြန်..

မငယ်ရေစင်…

ပို့စ်က အရမ်းရှည်လွန်းတော့... ဖတ်ရ အခက်အခဲ ဖြစ်နိုင်တဲ့အတွက် ကျန်တဲ့မွေးနေ့ဆုမွန်တွေကို ပို့စ်တခုနဲ့ ပြန်တင်ထားပါတယ်ရှင်။ မွေးနေ့ ဆုမွန်တွေကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်...။

5 ပဲ့တင်သံ:

gadone said...

you've grown up early pot congratulations!
with the best wishes,

thet naing

မိုးစက်အိမ် said...

ခုတော.လဲ ဒီကလေးက ငယ်ငယ်ကထက်တောင်
စကားတွေ တတ်နေပါပေါ.လား ရောင်ပြန်လေးရေ ... :)
ခင်မင် အားပေးလျက်...

မေဇင် said...

အိုး...ခုတော့ အရမ်း ချစ်စရာ ကောင်းနေပြီတဲ့...။ ဖတ်ရတာ စိတ်ချမ်းမြေ့စရာ ကောင်းလိုက်တာ...ငယ်ငယ်က ဘယ်လိုဘ၀ ကြမ်းကြမ်း ခုချိန်မှာ အဆင်ပြေနေရင် အဆင်ပြေတာပဲနော်...။


ပျော်ရွှင်ပါစေ..

ခင်တဲ့ မေဇင်

ဂျပန်ကောင်လေး said...

း)... အဲဒီ နှုတ်ခမ်းလေးကို ဓါတ်ပုံရိုက်ပြီး တင်သင့်တယ်.. ဟိ

Git Tuu said...

နှုတ်ခမ်းထော်တာ ဆွဲဆောင်မှု အပြည့်ရှိတယ်လို့
ထင်တာပဲ...။

သူငယ်ချင်းလေးက တော်တော်ချစ်ဖို့ ကောင်းလောက်တယ်...။

ခင်ဖို့ ကောင်းမယ်ထင်လို့ ခင်ခင်မင်မင် လာမိတ်ဆက်သွားပါတယ် ။

ခင်မင်စွာဖြင့်
ဂျစ်