ကျမရဲ့ ဒိုင်ယာရီပုံပြင်
ဒိုင်ယာရီဆိုတာ အမှတ်တရတွေကို သိမ်းထားပေးတဲ့ ပြတိုက်လေး တခုအဖြစ် ကျမကတော့ မှတ်ယူထားပါတယ်။ ကျမ ဒိုင်ယာရီ ရေးရပျင်းမှန်း.. ကြွားတော့မယ်ဆိုတဲ့ ပို့စ်မှာ ပြောထားပြီးတဲ့အတွက်.. သိကြမှာပါ။ ဒါပေမယ့် သူများကို ရေးခိုင်းပြီး သိမ်းရတာတော့ ၀ါသနာပါတယ်။ အဟဲ..။ ကျမအတွက် အဖိုးတန်တဲ့ ဒိုင်ယာရီ စာအုပ်နှစ်အုပ်ရှိပါတယ်။
ကျမ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေရေးထားပေးတဲ့ စာအုပ်လေးတွေပါ။ သိမ်းထားခဲ့တာ သုံးနှစ် ရှိပါပြီ။ ကျမစိတ်ဓါတ်ကျတိုင်း အဲဒီစာအုပ်လေးကို ဖွင့်ဖတ်တဲ့အခါ အဲဒီတုန်းက အချိန်တွေကို ပြန်ရောက်သွား သလိုပါပဲ။ ဒီစာအုပ်နှစ်အုပ်က ဘာလို့အရေးကြီးလဲဆိုရင် အဲဒီအချိန်က အဲဒီနေရာက အဲဒီလိုပုံစံမျိုးနဲ့ နောက်ဆို ဘယ်တော့မှ ပြန်တွေ့မှာ မဟုတ်လို့ပါပဲ။
ဒီနေ့ မနက်လည်း ကျမ အဲဒီစာအုပ်လေးတွေကို ဖွင့်ဖတ်မိပြန်တယ်။ တပြိုင်တည်းမှာပဲ ပို့စ်လေးတစ်ခု ရေးမယ်လို့ စိတ်ကူးရလိုက်တယ်။ (အမှန်က ရေးစရာမရှိလို့.. :D)။
တစ်ချို့  သူငယ်ချင်းတွေ ရေးထားပေးတဲ့ Auto လေးတွေမှာဆို အရင်က အငွေ့အသက်လေးတွေ လွှမ်းနေတတ်ပါတယ်။ သူတို့ ရေးထားပေးတဲ့ ပုံကို သူတို့လက်ရေးအတိုင်း ဓါတ်ပုံရိုက်ပြီး ပြန်ဖော်ပြထားပေးပါတယ်။ (ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကို ဘယ်လောက်ချစ်လဲ ကြွားတာလေ... အဟိ)။
ဒါကတော့ ကျမသူငယ်ချင်း ကရင်မလေး တယောက်ရဲ့ ဆုတောင်းလေးပါ.. “ ဘ၀တကွေ့မှာ တွေ့ကြုံရမယ့် ဆူးကန္တာရကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေ” တဲ့...
ဒါက နောက်သူငယ်ချင်း တယောက်ပါ.. သူကလည်း ကျမအတွက် ကဗျာလေး တပုဒ် ရေးပေးခဲ့ပါတယ်... သူ့ကဗျာက..
“ တနယ်တကျေး ဟိုအဝေးကို
သွားရတော့မယ်
သူငယ်ချင်းရယ်
ဌာနေပြည်ကြီး သူ့အရပ်ကို
ပြန်ရတော့မယ်
သူငယ်ချင်းရယ်
အချိန်တန်လို့ ပြန်ရတာ
စိတ်မှာမှတ်ပေါ့
သူငယ်ချင်းရယ်တဲ့”...။
ဒီတစ်ခုကတော့ သူငယ်ချင်း ကောင်လေးတယောက် ရေးပေးထားတာပါ။ အခုတော့ သူအိမ်ထောင်ကျသွားပြီ..။ (မြန်လိုက်တာနော်.. :P)။ သူ့ရဲ့ အမှတ်တရ စာသားလေးက....
“ လရောင်းကင်းသောညသည် မတင့်တယ်
လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည် မတင့်တယ်
ဟင်္သာကင်းသော ရေကန်သည် မတင့်တယ်
သူငယ်ချင်းကင်းသော လူ့ဘ၀သည်လည်း မတင့်တယ်” တဲ့....။
ဒီမမကလည်း သူငယ်ချင်းပါပဲ။ ကျမထက် တစ်နှစ် ကြီးတယ်...။ သူရဲ့ ကျမအတွက် မှတ်ချက်က “သိပ်ကို လေပန်းတယ်” တဲ့..။ (ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ ခပ်ရှက်ရှက်...)။ ဒါလည်း ကျမအတွက် အမှတ်ရလေးပါပဲ...။ ကျောင်းတုန်းကဆို.. စုပြီး လေပေါနေကျ.. (ဘယ်ရမလဲ သူ့ကိုပါ ဆွဲထည့်လိုက်ပြီ.)..။
ဒီသူငယ်ချင်း တယောက်ကတော့ လူကို ငိုအောင် စပြီးမှ ပြန်ချော့တာလေ.. ဟွန့်။ အစသန်တယ်။ သူ့ပုံတူ လေးပါ။ သူ ဆွဲထားပေးတာလေ။ တကယ်တူတယ်သိလား။ အရမ်းခင်စရာကောင်းတဲ့ ရိုးသားတဲ့ ကရင် ကောင်လေး တယောက်ပါ..။
ဒီသူငယ်ချင်းက ကိုယ့်ကဗျာနဲ့ ကိုယ့်ကို တရားပြန်ချတဲ့သူပေါ့.. အဟဲ..။
သူကတော့ ကျမရဲ့ အမတ၀မ်းကွဲလည်းဖြစ်.. သူငယ်ချင်းလည်း ဖြစ်တဲ့ သူပေါ့။ သူ့ရဲ့ ကျမကို ဖျောင်းဖျတဲ့ စကားလေးက....
“ရေထဲက ဗေဒါပင်တွေဟာ..
လေကြောင့်ပဲ ပေါင်းဆုံကြသလို..
လေကြောင့်ပဲ ခွဲခွါကြရတယ်..
ဘ၀ပင်လယ်ပြင်က လူသားတွေဟာလည်း
ကံကြောင့်ပဲ တွေ့ဆုံကြသလို...
ကံကြောင့်ပဲ ခွဲခွာကြရတယ်...
ဒါကြောင့် လမ်းခွဲမှ ၀မ်းမနည်းကြပါနဲ့...
ကံမကုန်ရင် ပြန်ဆုံကြမှာမို့” တဲ့.....။
တကယ်ပဲ သူငယ်ချင်းတွေအားလုံး နောက်ဆုံးတွေ့ကြတဲ့ ကျောင်းနှုတ်ဆက်ပွဲညမှာ ငိုခဲ့ကြတယ်...။ သူတို့ရဲ့ ကျမအတွက် အမှတ်တရလေးတွေက ဆွဲဆောင်မှုရှိတဲ့ ပုံပြင်တွေလို ဘယ်တော့မှ မေ့လို့မရခဲ့ဘူး..။ ဘလော့ဂ်ဂါ ကိုကို မမ.. မောင်လေး.. ညီမလေးတွေအားလုံး.. သူငယ်ချင်းတွေရဲ့အမှတ်တရလေးက ဘ၀အတွက် အားဆေးတွေ ဖြစ်ပါစေနော်..။ :) :P :D
Tuesday, February 17, 2009
ကျမရဲ့ ဒိုင်ယာရီပုံပြင်
Subscribe to:
Post Comments (Atom)
9 ပဲ့တင်သံ:
အမှတ်တရလေးတွေ ပေါ့ဗျာ။
တန်ဖိုးထားသင့်တဲ့ အမှတ်တရလေးပါ
“ လရောင်းကင်းသောညသည် မတင့်တယ်
လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည် မတင့်တယ်
ဟင်္သာကင်းသော ရေကန်သည် မတင့်တယ်
သူငယ်ချင်းကင်းသော လူ့ဘ၀သည်လည်း မတင့်တယ်”
ထို့အတူပဲ ``ဘဲဘဲမရှိသောဘ၀သည် မတင့်တင်ထင်ပြီး အိမ်ထောင်ပြုသွားလားမှ မသိတာနော့်
နှစ်အုပ်တောင်မှဆိုတော့တစ်အုပ်လောက်လိုချင်လိုက်တာမျှပေးရင်ကောင်းမှာပဲလို့ကျွန်တော်တွေးနေမိတယ်။ဂယ်တော့မပြောတော့ပါဘူ့းဟီးဟီး
ဒါလေးတွေမြင်တော့
ငယ်ငယ်က အရွယ်လေးကို သိပ်သတိရသွားတယ်
ဟုတ်တယ်နော် ပြန်တွေးရင် မျက်ရည်တောင် ကျချင် မိသွားတယ်
အေးဗျာ ကျနော်တို့တုန်းကတော့ အဲဒါတွေ ဂရု
မစိုက်မိဘူးဗျာ သူများတွေတော့ လုပ်ကြတယ်
ကိုယ်တိုင်က စိတ်မ၀င်စားတာဗျ ကမြင်းကြော
ထဖို့ပဲ စိတ်ရောက်နေတော့ ဒါတွေ မသိဘူး ခု
တော့ ပြန်လိုချင်တာတောင် မရတော့ဘူးဗျာ။
အင်း....
ဝေလေးမှာလည်းရှိတယ်။ သူငယ်ချင်းတွေသတိရတိုင်း ထုတ်ထုတ်ဖတ်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တ၇ပေါ့....
ဒိုင်ယာရီကစိတ်ဝင်စားဖို့ကောင်းတယ် အပြင်အဆင် ပုံလေးတွေကလည်း အသက်ဝင်တယ် နောက်လာဖတ်အုံးမယ်
ဒိုင်ယာရီကစိတ်ဝင်စားဖို့ကောင်းတယ် အပြင်အဆင် ပုံလေးတွေကလည်း အသက်ဝင်တယ် နောက်လာဖတ်အုံးမယ်
Post a Comment