နောက်ကွယ်
မိုးက တစိမ့်စိမ့်နဲ့
အေးနေပေမယ့်
သောကတွေနဲ့
ပူဆွေးနေတယ် ။
မြိုသိပ်မနိုင်လောက်အောင်
ဖွင့်ဟပြောလိုက်ချင်နေပေမယ့်
မျက်ရည်တွေနဲ့သာ
အသွင်ပြောင်း အရည်ဖျော်ချနေရတယ်။
အပူရုပ်ကို
ဟန်လုပ်ရင်း
မျက်စိစုံမှိတ်
အံ့ကိုကြိတ်ခံခဲ့ရတယ်။
လျှပ်တပြက်မှာ
ဖြတ်အရိုက်ခံလိုက်ရတဲ့
မာနအတွက်
သတ်ချင်လောက်အောင်
မုန်းနေပေမယ့်
ပျားရည်ဖုံးပြီး
ပြုံးနေရတယ်။
တဒင်္ဂမြင်တွေ့ရတဲ့
မြင်ကွင်းတိုင်းရဲ့
နောက်ကွယ်မှာ
အရာရာတိုင်းက
အမြင်နဲ့တထပ်တည်းလို့
ဘယ်သူပြောနိုင်မှာလဲ။ ။
Monday, June 8, 2009
နောက်ကွယ်
Subscribe to:
Post Comments (Atom)
10 ပဲ့တင်သံ:
အဆင်ပြေပါစေ ညီမလေးရေ.
မမရဲ့မေးလ်က nanwarwarmg@gmail.com နော်.
...တဒင်္ဂမြင်တွေ့ရတဲ့
မြင်ကွင်းတိုင်းရဲ့
နောက်ကွယ်မှာ
အရာရာတိုင်းက
အမြင်နဲ့တထပ်တည်းလို့
ဘယ်သူပြောနိုင်မှာလဲ။... အတွေးကောင်းလေးကို နှစ်သက်မိတယ်။ အားပေးနေလျက်..။
ကဗျာလေး ခံစားသွားပါတယ်ဗျာ.။ ကောင်းတယ် ကဗျာလေး
စိတ်ချမ်းသာအောင်နေနော်
အဆွေးတွေ
အဝေးကိုပို့လိုက်
အရမ်းကောင်းတဲ့ ကဗျာလေးပါ...
လာရောက်ခံစားသွားပါတယ်နော်
ခင်တဲ့
မေလေး
အားပေးတယ်ဗျာ တော်ကီညက်တယ် နောက်မှထပ်လာဦးမယ်..
“ နောက်ကွယ် ” တဲ့ အရမ်းကောင်းပါတယ် ကဗျာလေး နောက်လည်းလာလည်မယ်နော်
အားပေးလျှက်
အရမ်းကောင်းတဲ့ ကဗျာလေးပါ။ လာအားပေးပြီး ကြိုက်နှစ်သက်သွားပါတယ်
အစကနေအဆုံးအထိကြိုက်တယ်...
ပျားရည်ဖုံးပြီး
ပြုံးနေရတယ်။
ဆိုတဲ့စာသားလေးကို ပိုကြိုက်တယ်...
းဝ)
ညီမလေးရေ ကြိုက်တယ် ကွာ ကဗျာပြောတာပါ အဟဲ တော်တယ်ကွာ ရေးထားတာ လွမ်းသွားတာပဲ ထိတယ် ဆက်လုပ်း)
Post a Comment