Wednesday, March 18, 2009

မမေ့နိုင်တဲ့ အတိတ်နေ့များ

မမေ့နိုင်တဲ့ အတိတ်နေ့များ


အပိုင်း (၃)

အညောင်းဆန့်လို့လည်း ၀ရော ပြန်ကြမယ်ပေါ့။ ညနေပိုင်း ကျနေ ဖြစ်တော့
နေကလည်းပူ။ အမိုးမရှိတဲ့ ကားပေါ်မှာ သူငယ်ချင်းတွေ၊ ဆရာတစ်စုနဲ့
ပျော်လိုက်တာ။ စလိုက်နောက်လိုက်နဲ့...။ လမ်းမှာတွေ့သမျှ မုန့်သည်တွေ
ဆီက၀ယ်စားလိုက်နဲ့ ဆရာလေးယောက်ရဲ့ လစာ တပည့်တွေလက်ချက်နဲ့
ပြုတ်ပြီထင်ရဲ့။

ဒါနဲ့ အိမ်ပြန်ရောက်ပြီး နောက်တနေ့လည်း ရောက်ရော ခရီးပန်းပြီး
အပြင်းဖျားပါလေရော။ ကျောင်းလည်း သွားနိုင်တော့ဘူး။ အမှန်ဆို
ကျမ မဖျားချင်ပါဘူး။ ဘာလို့လဲဆို.. နောက်နှစ်ရက်ဆို သင်္ကြန်
ကျတော့မှာလေ။ အကယ်၍များသင်္ကြန်တွင်းမှာ ကျမအဖျား
မပျောက်ခဲ့ရင်.....။

အတွေးနဲ့တင် ၀မ်းနည်းပြီး ငိုချင်လာသလိုပဲ...။ တနှစ်မှ တခါပျော်ရတဲ့
နှစ်သစ်ကူးသင်္ကြန်ပွဲကို မနွှဲချင်ပဲ နေပါ့မလား။ ကျောင်းလည်းမသွား
နိုင်။ တော်သေးတယ်။ဟိုသုံးယောက်က စာဝိုင်းကူးဖော်ရလို့။

နောက်တနေ့မနက်ရောက်တော့ အိမ်ရှေ့ ခြံဝမှာ ပိတောက်ပန်းတွေရယ်...
အများကြီးပဲ။ အမယ်.. စာလေးတစောင်တောင် ပါသေးတယ်..။ ဘာတဲ့...
“မြန်မြန်နေကောင်းပါစေ...”တဲ့။ အောက်မှာ နာမည်က “သူငယ်ချင်းများ”
တဲ့။ ဟိုမျောက်သုံးကောင် လက်ချက်ပဲဖြစ်မယ်...။ ဘာပဲဖြစ်ဖြစ် သူတို့
တောင်းပေးတဲ့ ဆုကြောင့်ပဲ ကျမနေကောင်းခဲ့တယ်ထင်တယ်။

သင်္ကြန်ပွဲတော်မှာ အရမ်းပျော်ခဲ့တာပေါ့။ ရေကြောက်တဲ့ ကျမကို အိမ်ပေါ်က
အတင်းဆွဲချပြီး ရေ၀ိုင်းလောင်း၊ အိုးမည်းဝိုင်းသုတ်နဲ့ သူတို့တွေ
အရမ်းပျော်နေကြလေရဲ့။ သင်္ကြန်နောက်ဆုံးနေ့.. နှစ်ဆန်းတရက်နေ့မှာ
ကျမတို့ သူငယ်ချင်းတစု ဘုရားတက်ကြတယ်။ (ဘုရားက တောင်
ပေါ်မှာလေ..။) အရမ်းပျော်ဖို့ကောင်းတယ်...။
လမ်းတလျှောက်လုံး စလိုက်နောက်လိုက်နဲ့..။ အချင်းချင်းလည်း
ချောက်ချလိုက်သေး။

သင်္ကြန်ပြီးတော့ တစ်နှစ်လုံး စာတွေကို ကြိုးစားကျက်မှတ်ရင်း အချိန်ကုန်ခဲ့ကြရတယ်။ သူငယ်ချင်းလေးယောက်ကတော့ လက်တွဲမဖြုတ်ဖြစ်ခဲ့ပါဘူး။ တတွဲတွဲပါပဲ။ ဒါပေမယ့်
စာမေးပွဲလည်းပြီးရော.. နေခြည်က ရန်ကုန်ကိုပြောင်းသွားတယ်။
မင်းခန့်ရောပဲ။ မိုးတိမ်က သူ့ဇာတိမြေကို ပြန်သွားတယ်။
ကျန်ခဲ့တာက ကျမတယောက်တည်းရယ်...။

သူငယ်ချင်းတွေမရှိတော့ အရမ်းအထီးကျန်ဆန်တာပဲ။ ဘယ်သွားသွား သူတို့ကိုပဲ သတိရနေတယ်။ ဒီလိုမှန်းသိခဲ့ရင် သူတို့နဲ့ ဘယ်နေရာမှ သွားမလည်ခဲ့ပါဘူး။ ခုတော့ သွားတဲ့နေရာတိုင်းမှာ သူတို့ကိုပဲ မြင်နေရတယ်။ တယ်လည်း ဒုက္ခပေးတာပဲ.. ပြန်သွားတာတောင်..။ ဟွန့်။ ဒီကတည်းက အဆက်အသွယ် ပြတ်သွားလိုက်တာ....။

ရှစ်နှစ်ကြာပြီးနောက်..... အေပရယ်လ ရဲ့ နေ့တနေ့မှာ...။

နီလာနဲ့ ကေခိုင်တို့ ဘယ်ရောက်ကုန်ပါလိမ့်..။ ခဏဆိုပြီး သွားလိုက်တာ
ကျမတယောက်တည်း ဈေးကနေ လမ်းလျှောက်လာလိုက်တော့တယ်။
လမ်းချိုးကွေ့တခု အရောက်မှာတော့....။ ၀ုန်း..........။ အား........။အသံတွေ
တစ်ဆက်တည်း ဆူညံသွားတော့တယ်...။

“ကားမောင်းတာများ တစ်လမ်းလုံး ဘယ်သူမှမရှိ... ဟင်...”။ ရေရွတ်နေတဲ့
စကားက ကားထဲက ထွက်လာတဲ့သူကြောင့် လမ်းခုလတ်မှာပဲ ရပ်တန့်
သွားတော့တယ်။ ဒီလူကို ငါတွေ့ဖူးပါတယ်..။ ဘယ်နေရာမှာပါလိမ့်...။
သူ ကျမနားကိုလျှောက်လာတဲ့ထိ သူ့ကို ငေးကြည့်နေမိတယ်...။
သူ့မျက်နှာမှာ စိုးရိမ်စိတ်တွေ ထင်ဟပ်နေတယ် ထင်တယ်...။

သန့်ပြန့်သားနားတဲ့ ပုံစံနဲ့..။ ခန့်ညားချောမောနေတဲ့ လူချော
တယောက်ပါပဲ။ မြင့်မားတဲ့ ခန္ဓာကိုယ်နဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်က
သူနဲ့ လိုက်ဖက်နေတယ်။

“ထိမိသွားသေးလား.. ဗျာ...” ပြောပြောဆိုဆို သူကျမကို ငုံ့အကြည့်...။
“ ဟာ.. ခရေမဟုတ်လား... ငါ မင်းခန့်လေ” တဲ့။ ကျမ ရုတ်တရက်
ဝမ်းသာမှုကြောင့် ဆွံ့အသွားတယ်ထင်ပါရဲ့။ စကားလုံးက
ထွက်မလာခဲ့ဘူး။

နောက်တော့မှ သူက သူ့ရဲ့ ဆေးခန်းကိုခေါ်သွားတယ်။ ဟိုရောက်တော့
မထင်မှတ်တဲ့ သူတယောက် ထပ်တွေ့ပြန်တယ်။ နေခြည်ရယ်လေ....။

14 ပဲ့တင်သံ:

Welcome said...

အခန်းဆက် ၀တ္ထုလေးတွေ
နှစ်ခြိုက်စွာနဲ့ ဖတ်သွားပါတယ်..
စာအရေးအသားကောင်းသူမို့
ဂိတ်ဆုံး ရောက်သည်အထိ ဆွဲခေါ်သွားနိုင်ပါတယ်။

လေးစားစွာဖြင့်

Anonymous said...

အေင်မြတ်လေး... အခန်းဆက်တွေ ခေတ်စားနေတယ်ထင်ပ့ါ... ဇာတ်လမ်းကလည်း အရှိန်ကောင်းမှနော်..................... အစ အဆုံး အရမ်းကို ကောင်းတယ်.... အဟိ ဂယ်ကြောတာ... ညာတတ်ဘူး။ မြန်မြန် ဇာတ်သိမ်းပါတော့ဗျို့... ပြီးရင် ဇာတ်ကားဆု အကယ်ဒမီ ပေးမယ်။ အဟတ်ဟတ် အိ... နာလည်း ကျောင်းနေပီဟ... ဒါပဲ ရောင်လေးရေ...(ချစ်စနိုးနဲ့ ခေါ်ပါသည်။ ချိတ်ချိုးရ၀ူးနော်....)

Anonymous said...

ကျောင်းနောက်ကျနေပြီ ရောင်လေးရေ.... လောလောနဲ့ ရိုက်လိုက်တာ စာတွေကျန်ခဲ့တယ်။ တာ့တာ....

Anonymous said...

လုပ်ပြန်ပြီညလေးကတော့ ကောင်းတုန်းလေးရပ်သွားတယ်
ဆက်ရန်လေးမျှော်နေတယ်နော်

Anonymous said...

စာရေးသားတာ ဆွဲဆောင်မှုရှိတယ်နော်....။စိတ်ဝင်စား
စရာပဲ..။ဆက်စောင့်နေပါတယ်....။

Anonymous said...

အခန်းဆက်လေး နှစ်သက်မိတယ် ခင်ဗျာ။ အဆုံးထိ ဆွဲဆောင်ခေါ်ယူသွားနိုင်တယ်။ ဖတ်လို့ ကောင်း၏။

Anonymous said...

ရောင်ပြန်ရေ စောစောရက်တွေကမလာဖြစ်လို့ ၁ကနေ ၃ကို အစအဆုံးထိုင်ဖတ်သွားတယ်။ နောက်အပိုင်းတွေ စောင့်ဖတ်မယ်နော်။ ဖတ်လို့ကောင်းလို့။

မသက်ဇင် said...

စာရေးကောင်းတယ်--
ပျော်ရွှင်ပါစေ--

Anonymous said...

ဟား ကောင်းခန်းရောက်မှ ရပ်နေတယ်ဝေ့
အရင်ဟာတွေပါ ဖတ်သွားတယ်နော်
နေမကောင်းလို့ မရောက်ဖြစ်တာ ရောင်ပြန်ရေ ...
နေကောင်းတယ် ဟုတ်
ဇာတ်လမ်း အဆက်လေး ရေးဦး စိတ်ဝင်စားဖို့ ကောင်းတယ်
လာဖတ်မယ် :)

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

စိုင်းစိုင်းလားရှိုး said...

အခန်းဆက် ၀တ္ထုရှည် လာဖတ်တယ်ဗျိုး............
စာအရေးအသား ကောင်းတယ်.. ဆက်ရေးပါ ခင်ဗျာ အားပေးနေပါတယ်sagge

megumi said...

စာရေးကောင်းတယ်။ ဆက်ရန်ကို မျှော်နေတယ်နော်။

2mar said...

အယ် ဖတ်နေတာ ကောင်းနေမှ ဆန့်ငင်ဆန့်ငင်ဖြစ်သွားတယ် ပြန်လာမယ်နော် ဆက်ရန်လေး ပူဆာပါရစေ မြန်မြန်နော်
ကိုးရီးယားကားတရုတ်ကားလို မနှိပ်ဆက်နဲ့နော်
ဝတ္တူတွေမဖတ်တာကြာပြီ စိတ်ဝင်စားစရာကောင်းလို့ ခုမှရောက်ပြီး အားလုံးဖတ်သွားတယ်နော်...

Anonymous said...

ဆန့်တငံ့ငံ့နဲ့ဗျာ.. လုပ်ပါဥိး အဆက်ကလေး