Monday, June 8, 2009

နောက်ကွယ်

နောက်ကွယ်

မိုးက တစိမ့်စိမ့်နဲ့
အေးနေပေမယ့်
သောကတွေနဲ့
ပူဆွေးနေတယ် ။


မြိုသိပ်မနိုင်လောက်အောင်
ဖွင့်ဟပြောလိုက်ချင်နေပေမယ့်
မျက်ရည်တွေနဲ့သာ
အသွင်ပြောင်း အရည်ဖျော်ချနေရတယ်။

အပူရုပ်ကို
ဟန်လုပ်ရင်း
မျက်စိစုံမှိတ်
အံ့ကိုကြိတ်ခံခဲ့ရတယ်။

လျှပ်တပြက်မှာ
ဖြတ်အရိုက်ခံလိုက်ရတဲ့
မာနအတွက်
သတ်ချင်လောက်အောင်
မုန်းနေပေမယ့်
ပျားရည်ဖုံးပြီး
ပြုံးနေရတယ်။

တဒင်္ဂမြင်တွေ့ရတဲ့
မြင်ကွင်းတိုင်းရဲ့
နောက်ကွယ်မှာ
အရာရာတိုင်းက
အမြင်နဲ့တထပ်တည်းလို့
ဘယ်သူပြောနိုင်မှာလဲ။ ။

10 ပဲ့တင်သံ:

WWKM said...

အဆင်ပြေပါစေ ညီမလေးရေ.

မမရဲ့မေးလ်က nanwarwarmg@gmail.com နော်.

Anonymous said...

...တဒင်္ဂမြင်တွေ့ရတဲ့
မြင်ကွင်းတိုင်းရဲ့
နောက်ကွယ်မှာ
အရာရာတိုင်းက
အမြင်နဲ့တထပ်တည်းလို့
ဘယ်သူပြောနိုင်မှာလဲ။... အတွေးကောင်းလေးကို နှစ်သက်မိတယ်။ အားပေးနေလျက်..။

Anonymous said...

ကဗျာလေး ခံစားသွားပါတယ်ဗျာ.။ ကောင်းတယ် ကဗျာလေး

ကဗျာဦး said...

စိတ်ချမ်းသာအောင်နေနော်
အဆွေးတွေ
အဝေးကိုပို့လိုက်

မေလေး said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ...
လာရောက်ခံစားသွားပါတယ်နော်
ခင်တဲ့
မေလေး

phyowai said...

အားပေးတယ်ဗျာ တော်ကီညက်တယ် နောက်မှထပ်လာဦးမယ်..

နေရီနွယ် said...

“ နောက်ကွယ် ” တဲ့ အရမ်းကောင်းပါတယ် ကဗျာလေး နောက်လည်းလာလည်မယ်နော်
အားပေးလျှက်

ကြည်ဖြူပိုင် said...

အရမ်းကောင်းတဲ့ ကဗျာလေးပါ။ လာအားပေးပြီး ကြိုက်နှစ်သက်သွားပါတယ်

ကိုလူထွေး said...

အစကနေအဆုံးအထိကြိုက်တယ်...

ပျားရည်ဖုံးပြီး
ပြုံးနေရတယ်။

ဆိုတဲ့စာသားလေးကို ပိုကြိုက်တယ်...

းဝ)

flowerworld said...

ညီမလေးရေ ကြိုက်တယ် ကွာ ကဗျာပြောတာပါ အဟဲ တော်တယ်ကွာ ရေးထားတာ လွမ်းသွားတာပဲ ထိတယ် ဆက်လုပ်း)