Tuesday, June 16, 2009

တချိန်ကဒုက္ခ ခုတော့ဟာသတဲ့


နောက်တ Tag ပြန်ပြီ.. အကိုတော် ကိုဂစ်တာကြီးက တက်ဂ်ထားတာ လေ.. လေးလလောက် ရှိတော့ မယ်.. မေ့နေတာ.. မေ့နေတာ.. (သတိအရမ်း ကောင်းတယ်လေ).. အကိုတော်က ပြန်ပြောမှ ဘုရားရေ သောက်တော်ရေပေါ့... :P :P

အကိုတော်ကတော့ စိတ်ဆိုးလေရဲ့.. အဲလေ စိတ်မကောင်းဖြစ်ပါလေရဲ့.. သူ့ကို မခင်ဘူးပေါ့.. ဒါနဲ့ မနည်းတောင်း ပန်(စကောပန်) လိုက်ပါတယ်.. ဟုတ်တယ်လေ.. မဲ့နေရင် လှမှမလှပဲ.. :P :P :P... တချိန်ကဒုက္ခ ခုတော့ဟာသတွေကတော့ အများသားပဲ (ပြောချင် လွန်းလို့ စကားစတာ.) .. ဒါပေမယ့် အမှတ်အရဆုံးကိုပဲ ပြောမယ်နော်.. ဟီးဟီး (လေရှည်တာလေ).. ဒီလို.. ဒီလို...

ရောင်ပြန်က အအိပ်မက်တယ်သိလား.... ကျောင်းစာနဲ့ပတ်သက်ရင်ပိုဆိုး.. အိပ်ဆေးစားမိသလိုပဲ.. စာအုပ်နဲ့ မျက်နှာနဲ့အပ်ရင် အိပ်ပျော်ပြီသာမှတ်..။ ဆယ်တန်းရောက်မှ ရောဂါက ပိုဆိုးလာတယ်ပြောရမယ်... (အဲဒီထဲမှာ ၀တ္ထု စာအုပ်တို့ မပါဘူးနော်. :).. )။ ဆယ့်နှစ်ရာသီ အိပ်ငိုက်နေတာပဲ..။ ညဆို 7 နာရီမထိုးသေးဘူး.. ငိုက်ပြီလေ.. (ဆိုးတယ်နော်).. ညမှမဟုတ်ပါဘူး.. ဘယ် အချိန်ဖြစ်ဖြစ်.. စာအုပ်ဖွင့်လိုက်တာနဲ့ ငိုက်တာပဲ...

ကျောင်းက နယ်မှာနေတာလေ.. (မွန်ပြည်နယ်ပေါ့).. ရှုခင်းတွေက အရမ်း လှ.. တောင်ခြေနားဆိုတော့.. သစ်ပင်တွေကများ.. အရိပ်ကလည်းအရမ်း ကောင်းတာ.. အမေ့ကို ခြံထဲမှာစာဖတ်မယ်လို့ပြောပြီး ခြံထဲက ယာယီနားဖို့ လုပ်ထားတဲ့ တဲလည်းရောက်ရော.. ငိုက်တော့တာပဲ.. လေလေးကလည်း တဖြူးဖြူးနဲ့ ဆိုတော့လေ.. စာအုပ်ခေါင်းအုံးပြီး တခေါခေါနဲ့.. (သွားရည် တော့ မယိုဘူးနော်.. ကြိုပြောထားတာ) မေမေစိတ်ပူလို့ လိုက်လာရင် (သူ့ သမီးအကြောင်း သိတာကိုး).. ဆူခံထိပြီမှတ်...

ညဆိုလည်း ဒီလိုပဲ.. သင်္ချာတွက်ရင် စာရွက်နဲ့မတွက်ဘူး.. ကျောက်သင်ပုန်း နဲ့တွက်တာ.. (ကိုယ်က အကြံနဲ့လေ).. စာရွက်နဲ့တွက်လို့ မေမေက အသံမ ကြားရရင် လာလာချောင်းနေမှာစိုးလို့.. ကျောက်သင်ပုန်းကို တတောက် တောက်နဲ့ မြည်အောင်ခေါက်ရင်း ထိုင်ရက်ငိုက်နေတာ.. (မသိရင်တော့ စာ လုပ်နေတာပေါ့).. ဒါပေမယ့် မေကလည်း ဆရာမဟောင်းဆိုတော့ လည် တယ်လေ... တရေးနိုးရင် လာလာချောင်းတာ.. (အဲလောက်ထိ ယုံတာ.. အဟိ).. တောက်ခနဲဆို ခေါင်းက ပူထွက်သွားတာပဲ.. ကြည့်လိုက်တော့ မေမေ.. မိပြန်ပြီပေါ့.. မေမေကလည်း တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေး ရှာပါတယ်.. lemon tea ယူမလား.. အချဉ်ထုတ်ယူမလား.. သံပုရာသီးယူ မလား.. အကုန်ဝယ်ပေးတယ်.. လက်ဖက်သုပ်ရောပဲ.. (မအိပ်ငိုက်ရင်ပြီး ရော)

ခက်တာက ကိုယ်ကလည်း ရာဇ၀င်နဲ့လေ.. သံပုရာသီးစားလို့ ချဉ်ပြီးယောင် လို့ မျက်စိမှိတ်မိရင် ပြန်မဖွင့်ချင်တော့ဘူး.. တခြားဟာတွေလည်း ထိုနည်း လည်းကောင်းပဲ.. အစာကုန်တာနဲ့ ငိုက်တာပဲ.. မျက်နှာသစ်တာလည်း အခါ ခါ.. ဒီနေ့ ၀အောင်အိပ်မယ်လေ.. မနက်ဖြန်ကစပြီး ကြိုးစားတော့ မယ်ပေါ့... အဲလိုနဲ့ ... မနက်ဖြန်တွေများပြီး စာမေးခါနီး.. စာမေးပွဲဖြေခါနီးမှ ကပ်လုပ် တာ.. (ဒီနေရာမှာ တပွဲတိုးဥာဏ်က မကောင်းပေမယ့် အကူအညီတော့ ဖြစ်သား)...

ကျောင်းမှာ Night Study လုပ်တော့လည်း ဒီတိုင်းပဲ.. သူငယ်ချင်းတွေစုပြီး.. တယောက်တလှည့်... ခိုးအိပ်တာလေ.. (ခုံအောက်မှာ)..ကျန်တဲ့သူက ဆရာ တွေလာမလာ ကင်းစောင့်ရတာပေါ့... ဒါတောင် သူငယ်ချင်းတွေစုပြီး အချဉ် သီးတွေ... အချဉ်ထုပ်တွေသယ်လာပြီး ... ရိက္ခာအပြည့်အစုံနဲ့... အိပ်ကြ တာ.. အဟဲ... ဆရာတွေ အားထားတဲ့ မျက်နှာမှ မထောက်နော်.... ဒါပေ မယ့် ဘယ်တတ်နိုင်မလဲလေ.. သူက ငိုက်တာကိုး...

ညဆို 11 နာရီ... 12 နာရီလောက်မှ အိပ်... မနက်ဆို... 4 နာရီထရပြီ... ကျောင်းက ဘုန်းကြီးကျောင်းနဲ့ ကပ်ရက်ဆိုတော့ သိတဲ့အတိုင်းပဲ... အဲဒီချိန် ဆို မီးစက်နှိုးပြီ.. မျက်နှာသစ်.. သွားတိုက်.. စာကြည့်ကြရတာ... ဆရာတွေ လည်း ဒုက္ခခံရတာပါပဲ.. အရမ်းသနားဖို့ကောင်းတယ်... လစာလည်းပိုပြီး မရဘူး.. ကျောင်းသားတွေနဲ့ တူတူ ကျောင်းမှာ လာနေရတယ်.. တပည့်တွေ အိပ်မှ အိပ်ရတယ်... ကျောင်းသားတွေ ထရင် ထရတယ်... နားမလည်တဲ့ စာတွေဆို.. ရုံးခန်းကိုသွားပြီး.. ဘာသာရပ်ဆိုင်ရာအလိုက် ဆရာတွေ သွား ခေါ်ရှင်းပြခိုင်းရုံပဲ... တခါတလေမှသွားခေါ်ရတာပါ... အများသောအားဖြင့် ကျောင်းဝင်းထဲမှာ round လှည့်နေတတ်တာ.. လှမ်းခေါ်လိုက်ရုံပဲ.. ပျော်ဖို့ လည်း ကောင်းပါတယ်.... ညဆယ်နာရီဆို.. ကျောင်းသား မိဘတွေက.. အလှည့်ကျ လာကျွေးတဲ့ မုန့်တွေလည်း စားရသေးတယ်.... ( ပြောရင်းနဲ့ သတိရလာပြီ.. :(...)

သူတို့လည်း တပည့်တွေကို ပြန်သနားနေကြတာလေ.... ဆူလည်း မဆူရက် ပေမယ့်.. သူတို့မျက်နှာကို တမင်ပြင်ပြီး.. ဆူကြတာလေ.. တပည့်တွေ ကတော့ မျက်နှာငယ်နဲ့ပေါ့.. (ငိုက်ချင်ဦးဟဲ့).... ဆရာအဆူခံပြီး.. ဒုက္ခခံပြီး ခိုးအိပ်လိုက်.... အတင်းမျက်လုံးဖြဲပြီး စာကျက်လိုက်နဲ့.. စာမေးပွဲလည်းပြီး ရော.. မျက်လုံးက ညညဆို အိပ်မပျော်ဘူး.. (အကျင့်မကောင်းလိုက်တာ များ.. ကြည့်ပါဦး).. ခုချိန်ပြန်ပြောတော့ ရယ်စရာဖြစ်ရော.... ဆရာတွေနဲ့ တွေ့ရင်.. သူငယ်ချင်းအချင်းချင်းတွေ့ရင် အဲဒီတုန်းက အကြောင်းတွေ ပြန် ပြောပြီး ရယ်ကြ.... အဲဒီတုန်းက သူငိုက်တာက ဘယ်လို.. ငါခိုးအိပ်တာက ဘယ်လို.. ဆရာတွေက ဘယ်လိုပြောပြီးဆူတာနဲ့.. ပြန်ပြောပြီးရယ်ကြရော၊ ပြန်ပြောတိုင်းလည်း... ဆရာတွေ... သူငယ်ချင်းတွေနဲ့ အဲဒီအချိန်ကို သတိရ တယ်.. ဒုက္ခများပေမယ့်.. တကယ့်... မိသားစုလိုပဲ အရမ်းနွေးထွေးကြတာ... ဆရာ.. ဆရာမတွေက အဖေ အမေပေါ့ (တခါတလေ သူငယ်ချင်းလိုပဲ)... သူငယ်ချင်းတွေကတော့ မောင်နှမတွေလေ...

ကဲ... ကိုဂစ်တာကြီးရေ... ကျေပြီနော်... :) ဒီလို ပြန်နေတော့... :P :P :P

6 ပဲ့တင်သံ:

ကိုဂစ်တာ said...

ဖတ်ပြီးသွားပြီ

မဟာဆန် said...

တို့ ဆယ်တန်းတုန်းက အတိုင်းပဲ..ချွတ်စွပ်..ဟီး
အိမ်က အစ်မတွေက စေတနာထားရှာတယ်..
အေး လုပ်ထား..နင် စာမေးပွဲ ဖြေပြီးမှ သိမယ်လို့
အမြဲ ကြိမ်းတယ်

မိုးစက်အိမ် said...

ဆယ်တန်းတုန်းကလို ကြိုးစား ပုံချင်းတူတယ်
ဒါပေမဲ. ကျွန်တော်က ရောင်ပြန်ထက်
သာတယ် 7 နာရီ တရုတ်ကားပြီးမှ
အိပ်ငိုက်တာ ဟီးးးးးးးးးးးးးးးးးးးးး

မိုးတိမ် said...

ဟာသဥာဏ်ရွှင်တဲ့ ညီမငယ်ရဲ့ အကြောင်းကိုဖတ်သွားပါတယ်။
မင်္ဂလာနေ့လေးဖြစ်ပါစေ။

ငချမ်းကောင် said...

ကိုယ့်ကိုကိုယ်တော်လှပြီမှတ်တာ။ တော်တဲ့သူကအများသား။ လေးစားလောက်ပါပေတယ်။

နေဒေးသစ် said...

ရောင်ပြန်ရေးတဲ့ တက်ဂ်ပို့စ်လေး ဖတ်ပြီး လူတောင် ငိုက်ချင်သွားတယ် ... ခုဖတ်ပြီးတော့ အိပ်ချင်လာပြီ .. ကောမန့်ရေးပြီးရင်တော့ အိပ်တော့မယ် :D
နေဒေးသစ်။