Friday, June 19, 2009

ပန်းကလေးတွေရဲ့ ကောင်းကင်


နွေးထွေးမှုနဲ့ အားအင်ပေးပြီး
မြင်သူတိုင်း ရင်အေးချမ်းစေတဲ့
ကောင်းကင်.....

တခါတခါ
ဖြူလွှလွှ တိမ်စိုင်တွေဝန်းရံလို့...
တောက်ပတဲ့နေ့သစ်တွေ ဖန်တီးပြီး
အလှကြီးလှနေတဲ့ ကောင်းကင်.....

အနွေးဓါတ်နဲ့ အေးချမ်းမှုတွေ
တလှည့်စီပေးနေတဲ့
ဒီကောင်းကင်ကြီးရဲ့ ရင်ငွေ့အောက်မှာပဲ
ပန်းကလေးတွေ
ရှင်သန်ဖူးပွင့်နေကြလေရဲ့..........

ကောင်းကင်ကြီးက မိခင်ဆို
ပန်းကလေးတွေက ရင်သွေးငယ်ပေါ့....

တနေ့မှာ
ညစ်ပုပ်နေတဲ့ တိမ်မဲတွေက
မိခင်နဲ့ ရင်သွေးကြားမှာ
ကန့်လန့်ကာထားလိုက်ပြီး
ကောင်းကင်ကြီးက
အကျည်းတန်စွာ ချုပ်နှောင်ခံလိုက်ရသလို
လတ်ဆတ်တဲ့ ပန်းကလေးတွေဟာလည်း
အဆိပ်သင့်ခဲ့ရတယ်လေ.....

ဒါပေမယ့်လေ....
အချိန်တန်ရင်တော့
တိမ်ပုပ်တွေက
လေနဲ့အတူလွင့်သွားမှာပါပဲ
အဲဒီအချိန်မှာ
အနှောင်အဖွဲ့ကင်းပြီး
ကြည်လင်လှပနေတဲ့ ကောင်းကင်တခုကို
ဘယ်တော့များမှ
ပန်းကလေးတွေ မြင်နိုင်စွမ်းရှိမလဲနော်...........။

6 ပဲ့တင်သံ:

ခမ်းကီး said...

ကြည်လင်တဲ့ကောင်းကင်ကို အမြန်ဆုံး မြင်နိုင်ပါစေ..

မိုးစက်အိမ် said...

ကဗျာလေးကောင်းတယ်ဗျာ...ပန်းကလေးတွေ
ကြည်လင်တဲ. ကောင်းကင်မြင်နိုင်ခွင်.ရှိပါစေဗျာ...

ဇော် said...

ကဗျာ ဘာလို့ကောင်းရတယ်
ရေးတဲ့သူက တော်လို့ရယ်
ဖတ်တဲ့သူတွေ ခံစားကြောင်း
ကဗျာလေးက တကယ်ကောင်း။


အဟဲ
ကဗျာလေးဖတ်ပြီး လက်တမ်းကဗျာနဲ့ ပြန်မန့်လိုက်တယ်ဗျာ။ မကောင်းရင် ခွေးလွှတ်နော် ဒေါ်လေး။ ကျနော်က ဒေါ်လေးတို့လို ကဗျာရေးတတ်ဘူး စာရေးမကောင်းဘူးဗျ။ အဟဲ။

Anonymous said...

အရေးကောင်းတယ် ..
အတွေးကောင်းတယ်
ဘာကိုပြောချင်နေတာလဲဆိုတာ ပုံလေးတွေကနေ တစ်ဆင့် ဆွဲယူခေါ်ဆောင်သွားတယ်
နေဒေးသစ်။

Anonymous said...

ကောင်းကင်နဲ့ ပန်း ထာဝရ ဒွန်တွဲနေပါစေ.....လို့

Anonymous said...

မိုးလဲ အမြဲမရွာသလို၊ နေလဲ အမြဲမပူပါဘူး။
ပန်းကလေးတွေ တချိန်မှာ ကြည်လင်လင်ကောင်းကင်ပြာကို မြင်တွေ့ကြမှာပါ။