ခုတလော စိတ်အရမ်းရှုပ်နေတာကြောင့် ပို့စ်အသစ်မတင်ဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် သူငယ်ချင်း တို့ရဲ့ အိမ်လေးတွေကို အလည်မရောက်ခဲ့ရင် နားလည်ပေးကြပါလို့။ လာလည်တဲ့ အတွက် အားလုံး ကျေးဇူးပါနော်။
Monday, October 20, 2008
Friday, October 17, 2008
ဘယ်သူအနှစ်သက်ဆုံးလဲ
ဘယ်သူအနှစ်သက်ဆုံးလဲ
မေးပြီနော်။ “စာအုပ်တွေကို ဘယ်သူ အနှစ်သက်ဆုံးလဲ” တဲ့။ ကဲ ဖြေတော့နော်။
အဖြေက... “ ခြ” တဲ့ ။ တစ်လုံးတည်း.. နော် ။ မှားတဲ့ သူတွေ နဖူးတောက်မယ်။ မှန်တဲ့ သူတွေ ခေါင်းခေါက်မယ်......... ဟီး..။ အလကားသက်သက် တမင်တကာပြောတာနော်။ ။
Posted by ရောင်ပြန် at 6:18 PM 5 ပဲ့တင်သံ
Labels: ဟာသ-ဥာဏ်စမ်း
Wednesday, October 15, 2008
ကမ္ဘာကို ဘယ်လို အပိုင်စီးရပါ့
ကမ္ဘာကို ဘယ်လို အပိုင်စီးရပါ့..
ကဲ... ဒီတစ်ခေါက်တော့ မေးခွန်းကို ခပ်မြန်မြန်ပဲ မေးတော့မယ်..။ သွယ်ဝိုက်မနေတော့ဘူးနော်။
မေးခွန်းက “ ကမ္ဘာကို အပိုင်စီးချင်ရင် ဘာလုပ်ရမလဲ” တဲ့....။ အရမ်းခက်တဲ့ မေးခွန်းပဲ...။ သေချာဖြေနော်။
အဖြေက “ကမ္ဘာလုံးတစ်လုံး ၀ယ်လိုက်ပါ” တဲ့.... ။ သိပြီလား..။
Posted by ရောင်ပြန် at 9:45 AM 6 ပဲ့တင်သံ
Labels: ဟာသ-ဥာဏ်စမ်း
Monday, October 13, 2008
အချစ်ဆိုသည်မှာ..
အချစ်ဆိုသည်မှာ
လာပြန်ပြီ နောက် တစ် တက်ဂ်... (အီး........ ဟီး... ရွှတ်.. ပက်...)။ ကိုထူးမြတ် နဲ့ တီတီ dream ပေါ့။ အရမ်းဆိုးတာပဲ... တကယ်... ဟွန်း။ အရမ်းစဉ်းစား ရခက်တဲ့ ခေါင်းစဉ်ကိုမှ လာ တက်ဂ် ထားတာ။ နာမည်က အချစ်ဆိုသည်မှာ ဆိုတော့ အမုန်းမဟုတ်လို့ ပေါ့နော်.... ဟီဟိ။ အကြွေး တင်နေမှာ စိုးတော့ ရေးရတော့ တာပေါ့။ ပိုက်ဆံသာ အကြွေးတင်ချင် တင်ပါစေ။ အခု ဒီနေရာမှာတော့  အကြွေး အတင်ခံနိုင်ဘူး... အဟုတ်။
အားလုံးတော့ တခြားကိုကို မမတွေ.. မောင်လေး ညီမလေးတွေ ရေးတဲ့ အထဲမှာ ပါကုန်လောက်ပြီ ထင်တယ်။ ဒါကြောင့် နားလည်သလောက် တိုတိုရှင်းရှင်းပဲ ရေးတော့မယ်။ ကဲ... ရေးပြီနော်...။ အောက်မှာ ဆက်ဖတ်တော့... :P ။
အချစ်ဆိုတာ ဘယ်လိုတွေ အဓိပ္ပါယ် ဖွင့်ကြလဲ... ဘယ်လို လက်ခံထားလဲ.. သိပ်မသိဘူးနော်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ လက်ခံချက် အမျိုးမျိုးပေါ့နော်။ ရောင်ပြန်နားလည်တာက အချစ်ဆိုတာ ဆန်းကြယ်တယ်။ အံ့သြဖို့ ကောင်းလောက်အောင်ကို မျက်လှည့်ဆန်တယ် ဆိုတာပဲ (ဟီး.. ဘာရယ်လို့မဟုတ်..... လူ အထင်ကြီးအောင် စွတ်ပြောနေတာ...)။
အချစ်ဆိုတာ ဘယ်လိုမှ လုပ်ယူလို့ မရပဲ သူ့အလိုလို ဖြစ်ပေါ် ခံစားလာတာလို့ မြင်တယ်နော်။ လုပ်ယူတဲ့ ဟာကတော့ အတု အယောင်ပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဘယ်သူမှလည်း အတင်းစေခိုင်းလို့ မရဘူးလေ။ စိတ်ကူးထဲမှာ ဒီလိုလူမျိုးကို ချစ်မယ်လို့ စိတ်ကူး ပုံဖေါ်ထားပေမယ့် တကယ်တမ်း ချစ်ချင်မှ ချစ်တာလေ။ ကိုယ် လက်မခံချင်တဲ့ စိတ်မကူးမိတဲ့ ပုံမျိုးကိုလည်း ချစ်ချင် ချစ်နိုင်တာပဲ။ ဟုတ်ဘူးလား... (စစ်ကူတောင်း လှမ်းတောင်းတာ.. :P)။
အချစ်ကြောင့် မိုက်ရူးရဲ ဆန်နိုင်သလို၊ အချစ်ကြောင့်လည်း သတ္တိတွေ ရှိလာနိုင်တယ်။ ပြောရရင် အချစ်က သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးပေါ့နော်.. အဟိ။ အချစ်ဟာ အချိန် အပိုင်းအခြားမရွေး ဖြစ်တည် လာနိုင်တယ့် သဘောရှိတယ်.... (အချစ်ဆရာမကြီး.. ဟုတ်ဘူးနော်...ထင်တာကို ပြောတာ)... ဟွန်း။
ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆိုတဲ့ ချစ်ခြင်း နှစ်မျိုးရှိတယ်တဲ့ (ရုပ်ရှင်ထဲမှာ ကြားဖူးတာ.. အပြင်မှာလည်း ပြောနေကြတာပဲ...အဟင်း)..။ ဘယ်လို ကွာခြားလဲတော့ သိပ်မသိပါဘူး။ နှစ်ခုစလုံးကတော့ သူ့ဟာနဲ့ သူ အရေးကြီးမယ် ထင်တာပဲ (ထင်တာတွေ များလွန်းနေပြီ... ထင်တယ်နော်.. ဟာဟ)။
ပြီးတော့ အချစ်ဆိုတာ ပူလောင်ခြင်း၊ ၀မ်းနည်းခြင်း၊ အေးချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို တစ်လှည့်ဆီ ပေးနိုင်တယ်လို့ ထင်တယ်။ တစ်ခါတစ်လေကျရင် အဲဒီအချစ်ကို မခံစားချင်ဘူး။ အချစ်ကို ကြောက်ကြပေမယ့် အဲဒီ ချစ်ကလည်း ဘယ်သူမှ မလွတ်ကင်း နိုင်ပြန်ဘူး ( ရှုပ်နေတာပဲ နော်)။
အချစ်မှာ အတ္တတို့၊ မာနတို့၊ ၀န်တိုမှုတို့ မရှိဘဲ နားလည်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ စာနာမှု၊ လေးစားမှု စတာတွေနဲ့ ပြည့်နှက်နေရင်တော့ အကောင်းဆုံးပေါ့နော်။ ဒီလောက်ပဲ ပြောတတ်တော့တယ်။ ရေးရင်းရေးရင်း ကိုယ့်ဟာကိုယ် လည်နေလို့... :P........။
Posted by ရောင်ပြန် at 5:02 PM 3 ပဲ့တင်သံ
Labels: တက်ဂ်
ရောင်ပြန်ရဲ့ ဗရုတ်သုတ်ခကျဆုံးနေ့
ရောင်ပြန်ရဲ့ ဗရုတ်သုတ်ခကျဆုံးနေ့
ဘလော့လေးကို ပြန်မကြည့်ဖြစ်တာ 2 ရက်လောက် ရှိပြီထင်တယ်...။ ဒီနေ့တော့ ရုံးပိတ်လို့ (ဥပုသ်နေ့လေ) ပျင်းပျင်းနဲ့ ဘလော့လျှောက်လည်မယ် လုပ်တော့ C-Box မှာ ကိုဖြိုးဝေတိုး နဲ့ မမ၀ါဝါ က တက်ဂ် ထားတယ်လို့ လာအော်သွားတယ်ရှင့်။ တက်ဂ် သံသရာက ခုထိကို လည်နေတုန်း...။ ဘာအကြောင်းလဲ ဆိုတော့ ဗရုတ်သုတ်ခ အကျဆုံးနေ့ အကြောင်းတဲ့။ ရှက်ပါတယ် ဆိုမှ ပြောရတော့မယ်။ ကဲ... ရှက်ရှက်နဲ့ပဲ.. ဖော်လိုက်ရပြီ။ ဖြစ်ပုံက...။
တစ်နေ့ ကိုးတန်းကျောင်း တက်တုန်းကပေါ့။ ညနေပိုင်း သန့်ရှင်းရေး လုပ်ရတယ် (ကျောင်းမှာ)။ တစ်ကျောင်းလုံးပေါ့။ နေပူထဲမှာဆိုတော့ စိတ်ညစ်လိုက်တာ လွန်ပါရော။ မြက်လည်းနှုတ်ရ၊ အပင်တွေလည်း ရေလောင်းရ......... မညာဘူး.. တကယ်။ ပြီးတော့ အချိန်ကလည်း ကိုးလို့ကန့်လန့်။ ကျောင်းဆင်းချိန်လည်း မဟုတ်။ ဒီတော့ စိတ်တိုတိုနဲ့ မြက်တွေ နှုတ်လိုက်တာ... အနှုတ်လွန်ပြီး အနားက အလှပန်းပင်တွေပါ ကုန်သွားရော ( တစ်ယောက်တည်း မဟုတ်ဘူးနော်။ သူငယ်ချင်းတွေပါ ပါတယ်.......... ဟီး..... အဖော်ခေါ်ထားတာ။)
ပြောင်တာမှ တကယ့်ကို ဖုံးလို့မရအောင် ကုန်သွားတာ..။ ဒီတော့ ဘယ်ရမလဲ... (ဥာဏ်ကြီးရှင်တွေလေ)။ ဘေးနားမှာ ရှိတဲ့ နွားကို ဆွဲပြီး ပေးစားလိုက်တယ်...။ အေးရော။ တော်သေးတယ်။ ပန်းပင်က နွားစားတဲ့ အပင်ဖြစ်နေလို့... ဟွန်း။ ပြီးတော့ ဆရာမ မလာခင် အပြေးတပိုင်းနဲ့ လစ်ခဲ့ရတယ်။
ပြီးတော့ ဆရာမက ပန်းပင် ရေလောင်းတဲ့။ ကျောင်းဝန်းက သိပ်တော့မကျယ် ပါဘူး။ ဒါပေမယ့် ကံဆိုးစွာပဲ အပင်တွေက အရှေ့ ရော၊ အနောက်ရော၊ ဘေးရော၊ အလယ်ရော နေရာလပ်မကျန်အောင်ကို များတာ။ တော်သေးတယ်.. ကျောင်းကို အပိုင်းတွေခွဲပြီး အသင်းလိုက် နေရာကန့်ထားလို့။ အသင်းတွေနဲ့လည်း ပြိုင်ရသေးတယ်။ အမှတ်ရဖို့။ ပြီးချင်ဇောနဲ့ အားကြိုးမာန်တက် (ဒေ၀ဒတ်ဥာဏ်နဲ့) ရေလောင်းလိုက်တာ မြေသြဇာလုပ်ဖို့ ပုံထားတဲ့ နွားချေးတို့ မြေဆွေးတို့ပါ အကုန်ရေထဲ မြောတာပဲ...... ဟာဟ။ သေချာမလောင်းပဲ တစ်ခါတည်း လိုက်ဖြန်းလိုက်တာလေ။ မှတ်ရော။ ကံကောင်းလို့ ကြိမ်လုံးစာ မမိတယ်။ ရေလောင်းပြီး ခဏနေတော့ မိုးရွာလိုက်လို့..။ မိုးမင်းကြီးကို ကျေးဇူးတင်တယ်.. အဟုတ်။
ပြီးတော့ စာပြန်သင်မယ်ပေါ့လေ။ အဲဒီတုန်းက ကိုးတန်းနဲ့ ဆယ်တန်းက အချိန်ပိုသင်ရတယ်.. သိလား။ သုံးနာရီ ကျောင်းဆင်းရင် လေးနာရီမှ ပြန်ရတယ်။ အခန်းထဲရောက်တော့ ဆရာက သင်နေပြီ... Physic ဆရာလေ။ ဒါနဲ့ စာအုပ် ကမန်းကတန်းထုတ်ရင်း... ပြန်နေတဲ့ ကလေးတွေကို ငေးနေတာ။ ဆရာကလည်း ကျောင်းသားတွေ အာရုံမ၀င်ဘူးဆိုတာ သိတယ်လေ။ အဲဒီတော့ စာသင်ရင်း ဘာမေးလဲသိလား။ အပူချိန် 160 ရှိတဲ့ ခဲတုန်းကြီးက မအေးလွန်း နေဘူးလားတဲ့။
သိတယ်မဟုတ်လား။ သံယောင်လိုက်တဲ့ နေရာမှာတော့ အားလုံးက တိုင်ပင်စရာမလိုအောင်ကို ညီတာလေ။ တစ်ပြိုင်တည်း... တစ်ညီတည်း ၀ိုင်းအော်လိုက်တယ် “အေးပါသည်” ပေါ့။ ဆရာက နီးရာလူတွေ ခေါင်းကို မှီသလို.. ဖြစ်သလို.. စာအုပ်နဲ့ ခေါက်တာ။ ကံဆိုးချင်တော့ ကိုယ့်ခေါင်းပေါ် ဒေါက် ကနဲပဲ။ ဒါတောင် ကိုယ့်အမှား ကိုယ်မသိသေးဘူး။ ဘာလို့ ရိုက်လဲဟပေါ့။ ပြီးမှ ရှက်ရယ် ရယ်ပြရတယ်... အဟဲပေါ့။
ဒါတင်ပြီးလား ဆိုတော့ မပြီးသေးဘူး။ ကျောင်းက ပြန်လာလို့ ကျူရှင်သွားတော့ လွယ်အိတ်မေ့သွားတယ် သိလား။ ဆရာမ မျက်နှာမြင်တော့မှ သတိရတာ။ တော်သေး.. အချိန်စောသေးလို့။ ပြီးတော့ ညဈေးမှာ မုန့်တီသွားစားပြီး ပိုက်ဆံပေးဖို့ သတိမရဘဲ ခပ်တည်တည်နဲ့ ထွက်လာတာ သူငယ်ချင်း တစ်အုပ်စုလုံးပဲ။ တော်သေးတာပေါ့နော်။ တစ်ယောက်တည်းဆို မျက်နှာကွဲ.. အဲလေ.. အရှက်ကွဲပြီ။
တစ်နေ့လုံး ဗရုတ်သုတ်ခ ဖြစ်နေလိုက်တာ.. အိပ်တဲ့ အချိန်ထိတောင် မဆုံးသေးဘူး။ ငါ.. ဒီနေ့ ဘာဖြစ်နေပါလိမ့်ပေါ့။ စဉ်းစားနေရင်း မေမေ လာလို့ ကမန်းကတန်း စာအုပ်ဖွင့်ဖတ်လိုက်တာ ဇောက်ထိုးကြီး။ တော်သေး.. မေမေက သတိမထားမိလို့..။ ပြီးတော့ အိပ်ငိုက်ငိုက်နဲ့ ၀င်အိပ်လိုက်တာ.. ဘောပင်လ်ကြီးကို ကိုင်လို့။ တစ်နေ့လုံး မှားနေတာ အိပ်ရာဝင်တောင် အလွတ်မပေးပါလားလို့တော့ စဉ်းစားမိလိုက်သား။ ဒါပေမယ့် ဘောပင်လ် ကိုတော့ပြန်မထားမိလိုက်ဘူး။ အိပ်ပျော်သွားလို့လေ...။ ။
Posted by ရောင်ပြန် at 3:09 PM 3 ပဲ့တင်သံ
Labels: တက်ဂ်
Friday, October 10, 2008
အမြင်လေးတွေပြောပါဦး..
အမြင်လေးတွေပြောပါဦး...
ဒီနေ့ ကျမ အွန်လိုင်းမှာ ဘလော့ဂါ အကိုကြီး တစ်ယောက်နဲ့ အကြောင်းအရာ တစ်ခုပေါ် မူတည်ြ့ပီး အငြင်းအခုန် ဖြစ်ကြတယ်... သိလား။ အကြောင်း အရာက မထူးဆန်းပေမယ့် တော်တော် ရှုပ်ထွေးတယ်။ ဘာအကြောင်းလဲ သိချင်လား..။ ပြော မှာပါ။ ဒီလိုလေ..။
ချစ်သူနဲ့ ရည်းစား ဘယ်တာက ပိုလေးနက်လဲလို့ပေါ့။ သူပြောတာက.. ချစ်သူဆိုတာက အပျော်သဘော သက်ရောက် တယ်တဲ့..။ ရည်းစားဆိုတာကတော့.. အဲ... ဘယ်ရမလဲ... အောက်မှာ ဆက်ဖတ်နော်..။
ရည်းစားဆိုတာ...... တစ်ဘ၀လုံးအတွက် "ရည်"ရွည်ပြီ လက်တွဲဖို့ စဉ်း "စား" ထားတဲ့ သူကိုပြောတာတဲ့...။ ဒီတော့ ကျမလဲ ဘယ်ရမလဲ...။ သူ့ကို ပြန်မေး လိုက်တာပေါ့။ ဒါဆိုရင် “ရည်စား” ဖြစ်ရမှာပေါ့။ ဘာဖြစ်လို့ “း” ကပိုပြီး ရည်းစား ဖြစ်သွား ရတာလဲလို့ ( ဟွန်း.. ဘယ်ရမလဲ.. ကျမက... အဲလောက်ထိ ခွာတာ.. အဲလေ.. ကပ်သပ်တာ..)။
အံမယ်.. သူကလည်း ခေသူမဟုတ်ပဲ။ ဘာပြန်ပြောလဲ သိလား..။ အမှန်ကတော့ “ရည်စား” ပဲတဲ့..။ ကာလရွေ့ လျားပြီး “ရည်းစား” ဖြစ်သွားတာတဲ့.. (ကောင်းရော)။ ဒါနဲ့ ဘယ်ရမလဲ..။ ကျမလည်း ... အားကျမခံ ပြန်ပြောတာပေါ့နော်။ ဟုတ်တယ်လေ.. ကိုယ်လက်ခံ ထားတာကို ကိုယ်က ပြန်တင်ပြတာပဲ..အဟီး။
ကျမထင်တာကတော့..... ရည်းစားထက် ချစ်သူက ပိုလေးနက်တယ်လို့။ ချစ်သူဆိုတာက ကိုယ်တကယ်“ချစ်”ပြီး တကယ် လက်တွဲရမယ့်“သူ”ကို ပြောတာလို့..။ အဲဒါက အချိန်ကာလရွေ့လည်း စာလုံးက မပြောင်းဘူး .. မလွဲဘူးလို့...။ အံမယ်.. ကိုယ့် အဓိပ္ပါယ်ဖွင့် ဆိုချက်နဲ့ ကိုယ်တော့ ဟုတ်နေတာပဲ...။ ဟီး....။
ကဲ... ကိုကို.. မမ.. တို့ကကော.. ချစ်သူနဲ့ ရည်းစားကို ဘယ်လို့ လက်ခံပြီး အဓိပ္ပါယ်ဖွင့် ဆိုကြပါသလဲရှင်...။ ၀ိုင်းပြီးတော့ ကိုယ့်ရဲ့ ယူဆချက်တွေ ကွန့်မန့်ထဲမှာ ဖလှယ်ပေး သွားပါဦးလို့...။ ။
Posted by ရောင်ပြန် at 4:09 PM 29 ပဲ့တင်သံ
Labels: ရသ
Wednesday, October 8, 2008
အင်တာနက်ကိုမုန်းတယ်.. မိန်းမတွေကိုမုန်းတယ်... ကိုယ့်ကိုယ်ကိုယ် အမုန်းဆုံးပဲ..
သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ" ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား" ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား" ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် "ခင်ဗျားက ထူးခြားတယ်" အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ" ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ" သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား" "နည်းနည်းတော့ ကြောက်မိပါတယ်" "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ" "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား" "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ" ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား" "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား" "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ" "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။ "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား" "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ" "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။ "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား" သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား" "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။ "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ" ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်" သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော "ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်" ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုပ်ကိုင်ထားလိုက်သည်။ "မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား" နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဒီ ပို့စ် လေးက သူငယ်ချင်းတစ်ယောက်က ပို့ပေးတဲ့ forward mail လေးက ရခဲ့ တာပါလို့ ပထမဆုံး ၀န်ခံပါရစေ..။ ကျမ အရမ်းကြိုက်လွန်းလို့ လာလည်ကြတဲ့ ညီအကို မောင်နှမတွေကို မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်..။ ထပ်တူခံစားနိုင်ကြပါစေနော်...။
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။
အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။
ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်း
တစ်ခုလုံးမှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)
ဖြစ်ပြီးသန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာ
တတ်သည်။ကျွန်မမှာညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင်
ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ပထမဆုံးအကြိမ်
ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး
ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည်
မဟုတ်ဟု ကျွန်မတွေးမိသည်။
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်
မှတ်ထားသောယောက်ျားလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း
သန်းခေါင်ယံအချိန်တွင်တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။
ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိ
သည်။ တစ္ဆေသရဲ အင်တာနက်သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောက်
ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည်
အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကိုမြင်ဖူးထားသည့်အလား
ဘယ်တော့မှ ကျွန်မ၏ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည်
ကျွန်မဘေးတွင်ရှိနေခဲ့ပြီးကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။
ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေ
သည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်
ကာ ကွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ
မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ
ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊
အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟု
ခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်
ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူ
သာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွင်
ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့်
chatroom ထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍
မည်သူနှင့်မျှ သူစကားမပြောပေ။
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"
မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့
အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောက
တွင် သူတွေ့ချင်လာသည်။လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်
ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။
မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း
အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက
အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့်
သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့
ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။
တစ်ခါတရံသူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း
ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ
ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"
အနားတွင်သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏
သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ
ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ
အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်း
ချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့
အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ
ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့
တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့
ဝင်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း
ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို
ဝတ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်းမျက်နှာမှာ
သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။
ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို
ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ
ပွတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။
၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ
တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။
အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရည်ကို ကျွန်မ
ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင်
ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား... စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း
chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight....
ကျွန်မ အသက်ရှူဖို့ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ
မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်
တစ်ယောက် ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။
ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့
ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား....
ခင်ဗျား ဖျားနေပြီ"
ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။
ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို
အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။
ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏
ဝတ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်း
ဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေ
တတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူ အရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည်ဆိုသည့်အတွေးနှင့်
ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။
မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော
ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး
ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း
ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင်
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက
အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင်
ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို
ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူ
ထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက
သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို
နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ
ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား...
ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...
မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို
ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ..
ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ...
"အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး
ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား
ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင်
ကျွန်မ အခန်းမီးများကိုဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။
မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင်
ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေ
တစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း
တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။
သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည
သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ
ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က
နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့
ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို
ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ...
ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ
လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ
ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့
သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။
ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"
"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။
အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့
ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။
ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။
သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့
သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။
ဓာတ်ပုံထဲကထက်တောင် လှတယ်"
ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။
ခေါင်းရမ်းရင်း ပြောလိုက်မိသည်။
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို
ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော
လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"
သူ့စကားများကို ကျွန်မခံစားမိသည်။
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"
ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ်
အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့
တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက်အပူကြောင့် ရှိန်းခနဲ
ဖြစ်သွားသည်။
အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"
ဝိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့
ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။
တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို
လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"
လေးထောင့်အခန်း......... ခန္ဓာကိုယ်....
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့
သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"
လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေ
သော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။
တော်တော်စိတ်ကုန်သွားပြီလား"
ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"
သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား...
လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ
ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ
လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ
အတားအဆီးမဲ့ စီးကျလာသည်။
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။
စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
"ဟုတ်တယ်"
သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"
ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"
ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ
စောင့်နေမယ်"
စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်
သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာ
နေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"
ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ
ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။
အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင်
ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက်
သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း
သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။
လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။
ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ
မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ
သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ
နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့
ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ
မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို
ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ
စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်
မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစုံ
ကိုရပ်လိုက်သည်။
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight
ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့်
မော့ကြည့်လိုက်မိသည်။
ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့်
ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်က
လွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင်
သူထိုင်ချလိုက်သည်။
လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"
ကလေးလေးတစ်ယောက်နှင့် တူနေသည်။
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ
ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။ ။
Posted by ရောင်ပြန် at 4:11 PM 4 ပဲ့တင်သံ
Labels: ၀တ္ထု
ဘာဖြစ်နိုင်မလဲဟင်..
ဘာဖြစ်နိုင်မလဲဟင်..
မေးခွန်းလေး တစ်ခု မေးကြည့်မယ်နော်။ မှန်ရင်... အဲလေ မုန့်ကျွေးရမယ် ( ဖြေတဲ့ သူက ကျွေးရမှာနော်... ဟွန်း)။ အဲလောက် သဘောကောင်းတယ် နော်။
မေးခွန်းလေး ကတော့ “ လူတစ်ယောက်က တစ်စုံတစ်ခုကို အကျယ်ကြီး အော်လိုက်တဲ့အခါ အနားမှာ ရှိတဲ့ သူတွေ ဘာဖြစ်မလဲ?” တဲ့..........။ ကဲ... နဖူးကချွေး ခြေမကျအောင် စဉ်းစား အဲလေ.. ကြိုးစားပြီး ဖြေနော်... :P..။ အဖြေတိုက်ဖို့လည်း မေ့ကြပါနဲ့ နော်......။
အဖြေက ဘာတဲ့........။ “အကျယ်ကြီး ကြားရမှာပေါ့” တဲ့။ ကဲ.......... မှတ်ပြီလား......။ အဟား.....။
Posted by ရောင်ပြန် at 12:39 PM 2 ပဲ့တင်သံ
Labels: ဟာသ-ဥာဏ်စမ်း
Tuesday, October 7, 2008
ရောင်ပြန်ရဲ့ ဖြစ်သလိုလေးတွေ
ရောင်ပြန်ရဲ့ ဖြစ်သလိုလေးတွေ
ဦးဦးအိမ်က တက်ထားတယ် လာကြည့်ဆိုတော့ ခေါင်းက ကြီးပြီးရင်း ကြီးပြန်၊ မျက်လုံးက ပြူးပြီးရင်း ပြူးလာပြန်ပဲ…အဟွန်း ။ ဒါနဲ့ comment လေးတွေကို ဆက်ဖတ် နေတယ်ပေါ့။ လာပြန်ပြီ....တစ်ယောက် ။ ဦးဦးမိုးသောက်ကလည်း တက် ထားတယ်တဲ့။ ဘုရား၊ တရား တလို့ သွားကြည့်တော့ တော်သေး။ ရေးခိုင်းတာက အတူတူ ဖြစ်နေလို့။
ရောင်ပြန်က အိမ်မှာဆို ချေးအများဆုံးထင်တယ်။ အစားအသောက် ကိုပြောတာ တစ်မျိုးမထင်နဲ့ ….. ဟွန်း။ အသားဆို ကြက်သား၊ ၀က်သား ကလွဲလို့ နှစ်နှစ်သက်သက် သိပ်မစားဖြစ်ဘူး။ ငါးတောင် သားရေထူတဲ့ ငါးခူတို့ ငါးပူတင်းတို့ဆို စားချင်ဘူး။ ဖြစ်ချင်တော့ အိမ်က အမနဲ့ အမေတွေက ငါးခူဆို အရမ်းကြိုက် ဆိုတော့ ပြသနာက စပြီပေါ့။ ဒီနှုတ်ခမ်းမွေးနဲ့ ငါးခူကိုများ ဘာလို့ ကြိုက်ကြလည်း မသိဘူး။ အဟုတ်…..။
ဒီတော့ မကြိုက်တာကိုတော့ အောင့်မစားနိုင်ဘူးလေ။ အသက်သေရင် သေပါစေ... ဟွန်း။ နှုတ်ခမ်းစူရင်း ဖြစ်သလိုလွေးရတော့တာပေါ့။ ငါးခူ အဖတ်သာမစားတာ ဖြစ်သလို ဟင်းရည်တော့ စားတယ်.. အဟိ။ တစ်ခါတစ်လေ ဖြစ်သလို ငါးပိကြော်နဲ့လည်း စားရတာပဲ။
မားမားထုပ်နဲ့လည်း ပြီးရတာပေါ့။ တော်သေး ရောင်ပြန်က မားမား အရမ်းကြိုက်လို့။ ငါးခြောက်လေးကို ကျွတ်ကျွတ်ကြော်ပြီး ရေဆမ်းနဲ့လည်း လွေးရတာပဲ။ တစ်ခါတစ်လေတော့ ကြုံသလို ကွတ်တီယို( ယိုးဒယားခေါက်ဆွဲ) ၀ယ်စားလိုက်တာပဲ။ ဟီး….ပျင်းချက်က ကန်းကုန်တယ်ဟုတ်.....။
တစ်ခါတစ်ခါဆို ရှိတဲ့ အသီးတွေ အရည်တွေ အကုန် ကုန်ပြီမှတ်။ အဲဒီအတွက် မေမေ့ကို တည့်အောင် ပေါင်းထားရတယ် သိလား။ လူကြီးဆီမှာက ဓါတ်စာတွေ ပိုရှိတယ်လေနော်။ မေ့မေ့ ဆီမှာ အမတွေမသိအောင်ချွဲလို့ စားနေကျဆိုတော့ အဆင်ကို ပြေရော… ဟီး။
ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ အိမ်ကို ဧည့်သည်ရောက်ပါလေရော။ အစားကောင်း စားရမယ်လို့ အထင်မစောနဲ့။ ပဲပြုတ်ခြောက် တစ်ထုပ်ကြီး ယူခဲ့တယ်ရှင့်။ ဒီတော့ နေ့တိုင်း ဖြစ်သလို ထမင်းကြော်ပေါ့.. ဟာဟ.. ကြွားတာ။
တစ်ခါတုန်းကဆို အခြေအနေတော်တော်ဆိုးတယ်။ သူငယ်ချင်းတွေနဲ့ ဘုရားသွားတုန်း ဇွန်းမရှိ၊ ပန်းကန်မရှိနဲ့.. ဖြစ်သလို ဘူးသီးကြော်နဲ့ ၀ိုင်းစားကြတာ။ ဖြစ်သလိုပေမယ့် ။ ထမင်းမြိန်တယ်။ ပျော်တယ်ပေါ့။ တစ်ခါတစ်လေ လမ်းထဲမှာတောင် ဗိုက်ဆာရင် ကြုံသလို စားတတ်တယ်...ဟီဟိ..။ ပြောရင်းဆိုရင်းနဲ့ စားချင်လာပြီ … ရွှတ်… ရှလွတ်..။ ။
Posted by ရောင်ပြန် at 1:47 PM 8 ပဲ့တင်သံ
Labels: တက်ဂ်
Monday, October 6, 2008
အိပ်မက်တစ္ဆေ
အိပ်မက်တစ္ဆေ
လူခြေတိတ်စ
ညသန်းခေါင်မှာ
ခြောက်ခြားလှစွာ
အိပ်မက် တစ်ခု
ငါမြင်မက်မိပေါ့.................။
ကူကယ်သူမဲ့
စာနာသူကင်း
အားပေးသူ နတ္ထိ
ကြောက်စရာ မျက်နှာကြီး တစ်ခုသာ
ငါ့ ပြေးလမ်းပေါ် ပိတ်ဆို့
ငါ့ အာရုံကို ၀ါးမြို
ငါ့ အိပ်မက်ကို ရုပ်ဆိုးစေခဲ့တယ်............။
လူတကာက
အပူပင်ကင်းစွာ
အိပ်မက်လှလှ မက်နေချိန်မှာ
ငါ့ လိုအိပ်မက်ဆိုး
ဘယ်နှယောက်များ မက်နေလေမလဲ..................။
အကယ်၍များ သိခဲ့ရင်
ဘ၀တူချင်း
ကူညီရင်းနဲ့
တူညီလက်များ
ထွေးကိုင်ဆုပ်ကာ
အိပ်မက် တစ္ဆေကို
တန်ပြန် တွန်းလှန်
အံတုလိုက်ချင်ပေရဲ့.................။ ။
Posted by ရောင်ပြန် at 1:46 PM 7 ပဲ့တင်သံ
Labels: ကဗျာ
Sunday, October 5, 2008
မေ့မရသူ
မေ့မရသူ
ဒီတစ်ခါ မေးခွန်းက တော့ဖြင့် လွမ်းစရာလေးပါ။ ဟာဟ....။ ဒီလို.....။
“မေ့လို့မရတဲ့ သူတွေထဲမှာ ဘယ်သူတွေဟာ ထိပ်ဆုံးက ရှိမလဲ?”..... တဲ့။ အောက်မှာ အဖြေတိုက်ဖို့ မမေ့နဲ့နော်.....။
အဖြေကလေးက “ ပိုက်ဆံ ချေးထားတဲ့ သူတွေ” ပါတဲ့။ သတိထားနော်....။ တော်ကြာ နောင်ဘ၀ထိ လိုက်တောင်းနေ အုံးမယ်... အဟွန်း.......။ ။
Posted by ရောင်ပြန် at 4:40 PM 6 ပဲ့တင်သံ
Labels: ဟာသ-ဥာဏ်စမ်း
ကလေး မွေးနိုင်ဆုံးသူ
ဖတ်ခဲ့ရတဲ့ ပျော်ရွှင်ဖွယ်ရာ ဥာဏ်စမ်း ပဟေဠိ စာအုပ်ထဲက အမေးအဖြေလေးတွေကို မျှဝေလိုက်တယ်နော်။ သေချာ စဉ်းစားပြီးမှ ဖြေနော်။ မေးခွန်းက.......
“ကမ္ဘာပေါ်မှာ ကလေး အများဆုံး မွေးနိုင်ဆုံးက ဘယ်သူတွေလဲ?”.... တဲ့။ စဉ်းစား ပြီးပြီဆိုရင် အောက်မှာ အဖြေတိုက် ကြည့်ရအောင်နော်။
အဖြေက... “ သားဖွား ဆရာမတွေပါ”.... တဲ့။ ကဲ....သိပြီလား။ ။
Posted by ရောင်ပြန် at 3:27 PM 3 ပဲ့တင်သံ
Labels: ဟာသ-ဥာဏ်စမ်း
Friday, October 3, 2008
မြန်အောင်လို့ပါ
မြန်အောင်လို့ပါ..
၁၀ တန်းတုန်းက ဖတ်ဖူးခဲ့တဲ့ ဟာသလေး တစ်ခုပေါ့ နော်...။ ရုတ်တရက် သတိရလာလို့ ညီအစ်ကို မောင်နှမ တွေကို မျှဝေ ပေးလိုက်တယ်..။ ဒီလို....။
တစ်ခါတုန်းက မုဆိုးမလေး တစ်ယောက်ဟာ မကြာသေးမီက သေဆုံးသွားခဲ့တဲ့ သူ့ ယောက်ျားရဲ့ မြေပုံ (အုတ်ဂူ) လေး ဘေးမှာ နေ့တိုင်း ယပ်တောင်လေး တစ်ချောင်းနဲ့ ယပ်ခပ်ရင်း ငိုငိုနေ သတဲ့။
လူတွေကတော့ သူ့ယောက်ျားကို အရမ်းချစ်ရှာ တာကိုးဆိုပြီး သနားနေကြတာပေါ့ကွယ်။ ဒါနဲ့ တစ်နေ့တော့ မိန်းမကြီး တစ်ယောက်က မနေနိုင် မထိုင်နိုင် သွားမေးမိပါရော။ အဲ... သွားနှစ်သိမ့် တယ်ဆိုရင် ပိုမှန်တာပေါ့။ သိပ်လည်း ၀မ်းမနည်းဖို့၊ တရားသဘောနဲ့ ဖြေဖို့ စတဲ့ သင်္ခါရ တရားတွေကို ပြောပြတာပေါ့ ကွယ်..။
ပြီးတော့ ဘာဖြစ်လို့ ဒီလို လာငို နေရတာလဲ လို့ မေးလိုက် သတဲ့။ အဲဒီတော့ သူမက ဘာပြန်ပြောလဲ သိလား? ။ သူမရဲ့ ယောက်ျား မသေခင် မှာသွားတာ ရှိလို့ပါတဲ့။ အဲဒါက ဘာလဲဆိုတော့ သူမရှိတော့ရင် တစ်ပင်လဲလို့ တစ်ပင်ထူတာကို အပြစ် မပြောလိုပါဘူးတဲ့။
ဒါပေမယ့် နောက်အိမ်ထောင် ပြုတော့မယ်ဆိုရင် သူ့မြေပုံလေး ခြောက်မှ ပြုပါတဲ့။ ဒါကြောင့် သူမက မြေပုံ မြန်မြန် ခြောက်အောင် ယပ်ခပ် ပေးနေရတာတဲ့ကွယ်......... ကဲ.... ဘယ့်နှယ်ရှိစ။ မိန်းမကြီးမှာတော့ ဟိုက်.... လို့ အော်ရုံမှ တပါး အခြားမရှိ ပါလေတော့။ ။
Posted by ရောင်ပြန် at 12:34 PM 7 ပဲ့တင်သံ
Labels: ဟာသ
Wednesday, October 1, 2008
စူးရှ ဒဏ်ရာ
သူ့ကို မေ့လိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့ နောက် ကျမ ရင်ထဲမှာ ဘာမှ မရှိတော့ လောက်အောင်ကို ပေါ့ပါးနေတယ်။ မေ့တယ် ဆိုတာထက် မချစ်ဖို့ ကြိုးစားတယ် ဆိုရင် ပိုမှန်လိမ့်မယ်။ အင်း.... သေချာ စဉ်းစား ကြည့်မယ်ဆိုရင် သူ့ကိုချစ်ရတာ ကျမအတွက် နာကျင်မှုတွေ ကိုသာ လက်ဆောင် အဖြစ် တစ်ပွေ့တစ်ပိုက် ရရှိခဲ့တာပါ။
သူနဲ့ စတွေ့ခဲ့တာက.....
မထင်မှတ်တဲ့ နေရာ မထင်မှတ်တဲ့ အချိန်မှာ သူနဲ့ ဆုံခဲ့ရတယ်။ ညနေခင်းလေး တစ်ခုမှာပေါ့။ သူငယ်ချင်း တစ်သိုက်နဲ့ ပျော်ရွှင်ရယ်မောစွာ လမ်းလျှောက် ထွက်ခဲ့ချိန်မှာ... အဲဒီအချိန်မှာ ပေါ့လေ..... ။ ကားတစ်စီး က အရှိန် ပြင်းပြင်းနဲ့ ရေအိုင် တစ်ခုကို ကျော်အတက် ဖြန်းကနဲ့ဆို လျှပ်တစ်ပြက် အတွင်းမှာ ကျမ တစ်ကိုယ်လုံး ရွှဲရွှဲ စိုသွားတော့တယ်။ ကျမက လမ်းနဲ့ အနီးဆုံးမှာ ရှိတာကိုး။
အဲဒီအချိန်က စပြီး ကျမမှာ ပျော်ရွှင်စရာ အစား နာကျင်မှု တွေသာ တဖြည်းဖြည်း နေရာယူခဲ့ ရတယ်ပေါ့။ သူဟာ ကျမအတွက်တော့ ကောင်းသော လာခြင်း မဟုတ်ခဲ့ပါဘူး။ ကားပေါ်က ဆင်းလာတဲ့ သူ့ကို ရုတ်တရက် မြင်လိုက်ချိန်မှာ ဘာကြောင့်မှန်း မသိပဲ ကျမ တကိုယ်လုံး ထူပူ နေတာကို ဘယ်သူမှ မသိပေမယ့် သူကတော့ ပါးနပ်စွာ သိရှိသွားခဲ့တယ်လေ။
သူကျမကို တောင်းပန်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျမတို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ကျမက သူ့ကို အလေးအနက် ထားသလောက် သူက ကျမကို ပေါ့ပေါ့သာ ဆက်ဆံခဲ့တယ်ပေါ့။
သူ ကျမကို ချစ်တယ်လို့ ပြောတဲ့ နေ့က ကျမ အရမ်းကို ပျော်ခဲ့တယ်။ အတိုင်းမသိပေါ့။ ဒါပေမယ့် ကျမကို ပြောတဲ့နေ့မှာပဲ ကျမထက်သာတဲ့ တစ်ခြားတစ်ယောက် ကိုလည်း သူက ချစ်တဲ့အကြောင်း ပြောခဲ့ပါသတဲ့။ တစ်ဖြည်းဖြည်းနဲ့ စုလာတဲ့ ဒဏ်ရာတွေကို ကျမ မခံစားနိုင်တော့ဘူး။ သူ့ကို ဖွင့်ပြောတော့ သူက ကျမ ကိုသာ အချစ်ဆုံးပါတဲ့။ (အချစ် ကလေးတွေတော့... ရှာအုံးမယ့် သဘော... ဟွန်း)။
နောက်ဆုံးတော့ ကျမ သူ့ကို ဖြတ်လိုက်တယ်။ ဒီတော့ သူက သူ့ဘ၀မှာ ကျမ မရှိရင် နေလို့မရတော့ ပါတဲ့။ ဒါပေမယ့် ကျမ သူ့ရဲ့ စကားတွေ အောက်မှာ အရည်မပျော် သွားအောင် တင်းခံနိုင်ခဲ့တယ်။ ကျမဟာ သူထင်သလို ( သူ့လက်ခုပ်ထဲက အီးလို... ရှူချင်တိုင်း ရှူလို့မရဘူးမှတ်.... ဟွန်း) အရင်က ခပ်ညံ့ညံ့မိန်းမမှ မဟုတ်တော့တာ။
ကျမကိုသာ အချစ်ဆုံး... မရှိရင် မနေနိုင်ပါဘူး ဆိုတဲ့သူက ကျမနဲ့ပြတ်လို့ တစ်ပတ်မှ မပြည့်သေး။ တခြားကောင်မလေး တစ်ယောက်ကို လက်ထပ်သွားလေရဲ့။ ကျမကို ခံစားရအောင် လက်စားချေတာ ဆိုပဲ။ ကျမက အရင်ဖြတ် လိုက်တာကို ခံပြင်းနေပုံပဲ။ (အရမ်း ချစ်လွန်းလို့) ဒါပေမယ့် ကျမမှာတော့ ထူးပြီး နာကျင်မှုဆိုတာ မရှိတော့ပါဘူး။
သူပေးခဲ့တဲ့ ဒဏ်ရာတွေက ကျမကို တစ်သက်စာ ခြောက်လှန့်နေခဲ့တယ်။ သူ မသိသေးတာက ကျမ သူ့ကို မုန်းလို့ ဖျက်တာ မဟုတ်ဘူး ဆိုတာကိုပဲ။ အကြောင်း မသိတဲ့ သူတွေက ကျမမှာ အသည်းနှလုံး မရှိဘူးတဲ့။ ကျမမှာတော့ စူးရှဒဏ်ရာ တွေကို ပွေ့ပိုက်ရင်း ဘ၀လမ်းကို ဆက်လှမ်း နေခဲ့တာ ကျမမှ တပါး ဘယ်သူ သိနိုင်ပါ အုံးမလဲ (ကိုယ့်ဝမ်းနာ ကိုယ်သာ သိပ... :( ).......။ ။
သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ် အပျက် ကလေးကို အခြေခံထားပါတယ် ရှင်.......။
Posted by ရောင်ပြန် at 4:27 PM 8 ပဲ့တင်သံ
Labels: ၀တ္ထု