Thursday, August 29, 2013

မျှော်လင့်ခြင်း လက်တကမ်း

ပြေးလေ.. 
ပိုလိုက်လေ ဖြစ်နေမိတယ်.. 
လိုက်လေ.. ဝေးလေ... 
ကိုယ်အားမလျှော့ချင်ဘူး..
အားမလျှော့ပါဘူး.. 
ကိုယ့်ရဲ့ ကြိုးစားမှု 
အသိအမှတ်ပြု မခံရသေးသရွေ့.... 

တခါတခါ
အေးစက်စက် တုံ့ပြန်မှုတွေကြား
ခွန်အားတွေ ပျက်ပြားခဲ့ပေမယ့်
မျှော်လင့်ချက် ငွေ့ငွေ့လေးနဲ့
မရဲတရဲ တောင့်တမိတယ်...
အရင်လို နွေးထွေးမှုတွေကို ... ... ...

ဒူးထောက်လည်စင်းတဲ့သူအပေါ်
တုံ့ပြန်ချက်တွေက
နှလုံးအိမ်ထိ နာကျင်လွန်းတယ်...

မေ့ထားချင်ပါတယ်.... 
မစဉ်းစားမိအောင်နေတယ်...
တွေးမိတာနဲ့တင်
ဘယ်ဘက်ရင်အုံ တဆစ်ဆစ်နာလို့....
ခုခံအားက သိပ်မကောင်းဘူးလေ....။ 
 
ဒီနေ့နင်က မနေ့က ငါသိတဲ့သူမဟုတ်တော့သလို
ပြောင်းလဲတာ မြန်တယ်.. 
လိုက်မမှီအောင် တုံးလွန်းတဲ့ငါ... 

 
လဲကျနေတဲ့ချိန်..
မျှော်လင့်မိတဲ့ လက်တစုံက နင်....
လက်တွေ့တော့... 
ယိုင်နဲ့ နဲ့ ခြေလှမ်းတွေပေါ် 
အနိုင်နိုင် အားတင်းရင်း 
ရှေ့ဆက် လိုက်ပြီးရင်း.... လိုက်... 

နင်ကတော့ ပြေးပြီးရင်း... ပြေး...
ဝေးပြီးရင်းတော့ ထပ်မဝေးချင်ဘူး.... 

လျှပ်စီးကြောင်းတခုကိုတောင်
ဟိုးရှေးမှာ ရောင်နီလာတော့မှာလို့... 
ကိုယ့်ကိုယ်ကိုယ် အားတင်းမိတယ်...
မျက်စိရှေ့မှာတော့ လောကကြီး တခုလုံး မှောင်လို့....
ဒီလိုနဲ့ပဲ.................။      ။

4 ပဲ့တင်သံ:

ကောင်းကင်ဖြူ said...

လာလည်သွာတယ်နော် Cbox မှာ စာရေးလို့မရဘူးနော် ရောင်ပြန်ရေ

mhyawlintchin.blogspot.com said...

ရောင်ပြန်ရေ အလည်လာသွားပါတယ် နေကောင်းပါစေကြောင်း

Long trần said...

Thanks a lot for sharing and I have some special things for you. If you are in free time:
sad quotes about life and pain
nitro racing games
ngôn tình sắc nặng
summer night quotes

Unknown said...

Thanks a lot for sharing and I have some special things for you.
basketball game tickets nba
soccer games for girls
baseball games for kids