Tuesday, August 21, 2018

မျဉ်းပြိုင်များ


မာနတွေ ခ၀ါချဖို့ 
တို့တွေ မာန်မလျှော့ခဲ့ကြဘူး.. 
သူ့ထက်ငါ တင်းနိုင်လို့
ဂုဏ်ယူနေခဲ့ကြတယ်....။

အချိန်ဆိုတာ
အကန့်သတ်ရှိမှန်း
မေ့နေခဲ့တဲ့အခိုက်
အလိုက်သင့်လေးတောင်
မချင့်ချိန်နိုင်ခဲ့ဘူး...။

ပိုချစ်ခဲ့တယ်ဆိုရင်တောင် 
ရှုံးမှာစိုးလို့ 
အပြိုင်မုန်းခဲ့တယ်.....။ 
  
ရှေ့ဆက်ဖို့ မဖြစ်နိုင်သလို
နောက်လည်း ပြန်မဆုတ်ချင်တော့
ကိုယ့်ခရီးကိုယ်ဆက်ရင်း
အပြိုင်သွားနေတဲ့ မျဉ်းလေးကို ငေး
မြင်နေရုံလေးကို ကျေနပ်ပါတယ်....။            ။

0 ပဲ့တင်သံ: