Tuesday, August 27, 2013

ခရီးသည်

ရေတပွက်စာ ဘ၀မှာ...
ရေရာတယ်ဆိုတာကိုက
မသေချာတာ... ...


တခါတခါ ငိုရင်းပြုံး
အပြုံးနား မျက်ရည်ခို... ...


ဥပေက္ခာတရား မချမ်းသာတော့
သစ္စာတွေ လောင်း
နားလည်မှုတွေ ပေါင်းပြီး
စိတ်အဆင်ပြေအောင်
လက်ခံနိုင်စိတ် မွေးရတယ်... ...

ဒီတိုင်းလေးပဲ ရောင့်ရဲပါတယ်

အဆုံးတိုင်ထိ
ချစ်ခြင်းထဲပဲ လုံးလည်ချာလည်
အမုန်းနယ်စပ်တော့ ပြေးမကပ်ချင်လှဘူး... ... ။    ။ 

0 ပဲ့တင်သံ: