Tuesday, August 20, 2013

အဆိပ်ဖြစ်တဲ့ ၀ိုင်


ကောင်လေးရေ... ...
ငါ့ရဲ့ အချစ်တွေက
အပြစ်မြင်စရာ ဖြစ်ခဲ့ရင်... ။

ဒါမှမဟုတ်
နင့်အတွက်
အဆိပ်တွေ ဖြစ်ခဲ့ရင်လေ...။

အတွေးနဲ့တင်
နင့်ကို အရမ်းအားနာရပါတယ်...။



ဖြေဆေးဖော်ဖို့ ကြိုးစားရင်း
အဆိပ်ဖြစ်ဖြစ်သွားစေတဲ့အတွက်
ငါလည်း အရမ်းနာကျင်ခဲ့..
နာကျင်ဆဲပါပဲ....။

မသေချာမှုတွေ
စိစစ်မဆုံးခင်
နင်စာတမ်းထိုးပေးလိုက်တယ်
"The End" တဲ့...။     ။ 

0 ပဲ့တင်သံ: