Thursday, October 8, 2009

ဒွိဟ


တိုက်ဆိုင်မှုရှိတိုင်း
သတိရ အမှတ်ရခြင်းဟာ
အလွမ်းဆိုရင်
မင်းကို လွမ်းနေတယ်ထင်ရဲ့နော်.....။

အချိန်တိုင်းလွမ်းနေတာ
အချစ်ရဲ့ တစိတ်တပိုင်းဆိုရင်တော့
မင်းကို ချစ်နေမိတယ် ထင်ရဲ့ကွယ်.....။

နေမယ်ဆိုရင်
ထာဝရ ပိုင်ဆိုင်ချင်ပေမယ့်
ထွက်သွားမယ်ဆိုရင်လည်း
ပျံသန်းခွင့် မင်းကို ပေးလိုက်မယ်
အရာရာ မင်းရဲ့အမိန့်တိုင်းသာ..........။

ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းကြားမှာ
နှလုံးသားက စစ်မြေပြင်မဖြစ်သင့်တော့ဘူးလေ
နောက်တခါ နာကျင်ရရင်
တစစီ ကွဲကြေသွားလိမ့်မယ်............။

5 ပဲ့တင်သံ:

ဖြိုးငယ် said...

ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းကြားမှာ
နှလုံးသားက စစ်မြေပြင်မဖြစ်သင့်တော့ဘူးလေ ...
ကောင်းလိုက်တာဗျာ

Dream said...

ဝါးးးးးးးးး ကဗျာလေးက မိုက်တယ်..ခံစားမှု တွေ ပြင်းထန်နေတယ်...း)

အဖြူရောင်နတ်သမီး said...

ပျော်ရွှင်ပါစေ..ရောင်ပြန်လေးရေ...

Unknown said...

လွမ်းသွားတယ်

ကဗျာဦး said...

စာကြွေးတွေလာဖတ်တယ်