Saturday, October 3, 2009

တကယ်လို့သာ

တကယ်လို့သာ
တန်ခိုးရှင်တယောက်လို
အရာရာကို ကြိုတင်ပြီး
မြင်နိုင်စွမ်း
ရှိခဲ့ရင်ပေါ့လေ.......။

တကယ်လို့သာ
အခြေအနေ အသွယ်သွယ်
အကြောင်းအရာ အမျိုးမျိုးတွေကို
တဒင်္ဂလေး
ရပ်ထားနိုင်စွမ်း ရှိခဲ့မယ်ဆိုရင်လေ.......။

အချိန်တွေ ပြောင်းပြန်လှည့်
သက္ကရာဇ်တွေ ဖြိုချလို့
ပြက္ခဒိန်ကို ဆုတ်ဖြဲပစ်ရုံနဲ့
တကယ်လို့သာ
အတိတ်ကို ပြန်လို့ရခဲ့ရင်လေ.......။

အင်း....................
တကယ်လို့သာပေါ့လေ............။

1 ပဲ့တင်သံ:

NyiThit said...

IF
If
I have the power to foresee everything,
like God ...

If
I can stop all kindda conditions and subjects
just for a moment ...

If
I can reverse the time, delete years,
tearing the calendars just to get back my past ...

huh
if so ....
ကဗျာလေးကို ဖတ်ရင်းနဲ့ စိတ်ပါလာလို့ အင်္ဂလိပ်လို ပြန်ရေးမိတယ် .. :)