Thursday, October 8, 2009

ဒွိဟ


တိုက်ဆိုင်မှုရှိတိုင်း
သတိရ အမှတ်ရခြင်းဟာ
အလွမ်းဆိုရင်
မင်းကို လွမ်းနေတယ်ထင်ရဲ့နော်.....။

အချိန်တိုင်းလွမ်းနေတာ
အချစ်ရဲ့ တစိတ်တပိုင်းဆိုရင်တော့
မင်းကို ချစ်နေမိတယ် ထင်ရဲ့ကွယ်.....။

နေမယ်ဆိုရင်
ထာဝရ ပိုင်ဆိုင်ချင်ပေမယ့်
ထွက်သွားမယ်ဆိုရင်လည်း
ပျံသန်းခွင့် မင်းကို ပေးလိုက်မယ်
အရာရာ မင်းရဲ့အမိန့်တိုင်းသာ..........။

ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းကြားမှာ
နှလုံးသားက စစ်မြေပြင်မဖြစ်သင့်တော့ဘူးလေ
နောက်တခါ နာကျင်ရရင်
တစစီ ကွဲကြေသွားလိမ့်မယ်............။

စိတ်ဝင်စားသေးရင်...

Saturday, October 3, 2009

တကယ်လို့သာ

တကယ်လို့သာ
တန်ခိုးရှင်တယောက်လို
အရာရာကို ကြိုတင်ပြီး
မြင်နိုင်စွမ်း
ရှိခဲ့ရင်ပေါ့လေ.......။

တကယ်လို့သာ
အခြေအနေ အသွယ်သွယ်
အကြောင်းအရာ အမျိုးမျိုးတွေကို
တဒင်္ဂလေး
ရပ်ထားနိုင်စွမ်း ရှိခဲ့မယ်ဆိုရင်လေ.......။

အချိန်တွေ ပြောင်းပြန်လှည့်
သက္ကရာဇ်တွေ ဖြိုချလို့
ပြက္ခဒိန်ကို ဆုတ်ဖြဲပစ်ရုံနဲ့
တကယ်လို့သာ
အတိတ်ကို ပြန်လို့ရခဲ့ရင်လေ.......။

အင်း....................
တကယ်လို့သာပေါ့လေ............။

စိတ်ဝင်စားသေးရင်...