Friday, July 24, 2009

လူမဆန်တဲ့ လူ



အပြောချောချော
အသံချိုချို
ရိုးသားဟန်နဲ့
ယုံကြည်ခင်မင်မှုကို
အရယူသွားခဲ့တယ်...။

နှမချင်းမစာ
ကိုယ်ချင်းလည်း မနာ
အတ္တကို ငုံပြီးများ
မွေးလာလေသလား
ထင်မှတ်မှားရတယ်.......။

ကိုယ့်လိပ်ပြာမှ အားမနာ
ကိုယ့်သမိုင်းကိုယ်ရေးလို့
သူမို့ မရှက်တယ်...။

နိုင်ငံကြီးသားပီသပုံက
ငခုံးမတကောင်ကြောင့်
တလှေလုံးပုပ်တောင်
သူနဲ့မဆိုင်
နေနိုင်လွန်းတယ်...။

8 ပဲ့တင်သံ:

မေဇင် said...

ကဗျာကောင်းလေး.... ဟုတ်တယ်နော်..။

သီဟသစ် said...

ရောင်ပြန်ရေ
ကဗျာကောင်းလေးလာဖတ်တယ်

နောက်ခံအကြောင်းရှိသလား ကဗျာက :)

ခင်မင်စွာဖြင့်
သီဟသစ်

လင်းကြယ်ဖြူ said...

တော်တော်ဆိုးတဲ့လူဗျာ..
ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တာတောင်
သူနဲ့ မဆိုင်သလိုနေတတ်တဲ့လူ....ကို
ပီပီပြင်ပြင် သရုပ်ဖော်သ္ဂားတာပဲ..

mhyawlintchin.blogspot.com said...

အပြောချောချော
အသံချိုချို
ရိုးသားဟန်နဲ့
ယုံကြည်ခင်မင်မှုကို
အရယူသွားခဲ့တယ်...။ ....
.......... အဲ့ဒါဘယ်သူလဲဗျ....... ပြောပြပါလား..... ဟဲဟဲ
စပ်စုတာ ဟုတ်ပါဘူးဗျ အကြံပေးစရာရှိရင် ပေးမလို့ပါ

ကျော်ညိုသွေး said...

ဟေ့ အဲ့ဒါ ဘူတုန်း

Libratun said...

may ya bu lay :)
long time no see, sis

မိုးစက်အိမ် said...

စုတ်ချက် သံစဉ်တွေ ပြင်း
လှချည်းလား မရောင်ပြန်ရ ...:)

ဂျာမုန်းဒန် said...

ကဗျာလေးကိုလာခံစားသွားပါတယ်ရှင်
ခင်တဲ့
ဂျာမုန်း