Sunday, June 21, 2009

ဝေဒနာ


နာကျင်မှုကို အဖော်ပြုလို့
ပန်းတိုင်သို့တခေါက်
အရောက်သွားနေချိန်.....။

ပျော်ရွှင်မှုတွေလွင့်ပြေး
ခန္ဓာကိုယ်တခုလုံးပဲ့ကြွေမတတ်
ရင်တခုလုံးကွဲအက်လို့
ကံကြမ္မာ မျက်လှည့်ကြောင့်
ငါ့ကောင်းကင်ကြီးက မှောင်နေခဲ့ပြီ......။

ခါးသီးမှုဒဏ်ကို မြိုသိပ်ခံရင်း
မတော်လို့များ
ဦးတည်ရာ လမ်းခုလတ်မှာ
ငါ... ကြွေခဲ့ရင်လေ.......။


16 ပဲ့တင်သံ:

မိုးစက်အိမ် said...

မကြွေပါစေနဲ.လို. ဆုတောင်းပါတယ်
ရောင်ပြန်လေးရေ...

kiki said...

ဝေဒနာတွေ အမြန်ဆုံးပျောက်ကင်းပါစေ..

ခင်မင်စွာဖြင့်
ကိကီ

chitpalone said...

အောင်မြင်ပါစေမမရေ ဝေဒနာတွေအဆုံးသတ်ပါစေ ကဗျာလေးက စိတ်ထဲမှာကျန်ခဲ့မယ်မမရေ။
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

လာခံစားသွားတယ်နော် ကဗျာလေးကို သိပ်တော့ စိတ်မရှိပါနဲ့နော် ညီမ က ကဗျာ သိပ်မကျွမ်းဘူး အဟီးးးး


လာလည်တာ ကျေးဇူးးးပါပဲနော်

Anonymous said...

နာကျင်မူ့ကိုရင်နှီးပြီး လျောက်လှမ်းရတဲ့
ပန်းတိုင်အတွက် ကြွေခဲ့ရင် သမျှောဖို့ကောင်း
တာပေါ့။
လောကရဲ့ ထိုးနက်ချက်တွေကိုခံနိုင်ပါစေ
လို့ဆုတောင်းလျက်

ခင်လျက်
ကိုကြီး

libratun said...

အဲလိုသာ အပူတွေကို ခံနိုင်မယ်ဆိုရင် ၀မ်းသာစရာပါပဲ ညီမလေးရေ.. ဘာလို့ဆို ရောင်ပြန်လေး ပိုပြီးတောက်ပနေမှာမို့လို့ပေါ့။ အဲဒီအပူတွေသာမရှိခဲ့ရင် ရောင်ပြန်လေး မှိန်ရင်မှိန် မဟုတ်ရင် အရောင်ကင်းမဲ့နေမှာပေါ့။ လူတွေက လိုက်လျောညီထွေ ပြောင်းလဲပြီး အသစ်တစ်ခု ဖန်တီးတဲ့နေရာမှာ အတော်ဆုံး သတ္တ၀ါပဲ ညီမလေးရေ။ ဝေဒနာဆိုတာ လူတော်တွေကို အကောင်းဆုံးသင်ပြပေးနိုင်တဲ့ ဆရာပါပဲ။ သေချာစိစစ်ပြီးတဲ့လမ်း ဆက်သာလျှောက်ပါ ရလဒ်တွေ ဆုံးရှုံးနိုင်ခြေတွေ ဘာမှတွေးမပူနဲ့။

Sincerely yours,

Anonymous said...

မလုပ်ပါနဲ့
မဖြစ်ပါနဲ့
လမ်းခုလတ်မှာ မကြွေလိုက်ပါနဲ့
ဝေဒနာအားလုံး ပျက်စီးကျေမှုန်းပြီး
အောင်မြင်မှုဆီ ဆိုက်မြိုက်ရောက်ရှိနိုင်ပါစေ
နေဒေးသစ်။

Unknown said...

အခက်အသစ် မပွေပါစေနဲ့
အရွက်အသစ် ဝေပါစေ...........

ဇော် said...

မတော်လို့ ဦးတည်ရာလမ်းတစ်ခုမှာ ငါကြွေခဲ့ရင်...

အင်း .. စဉ်းစားသွားတယ်ဗျာ။ =)

WWKM said...

ငါကြွေခဲ့ရင်...ငါကြွေခဲ့ရင်...
မကြွေပါစေနဲ့ ညီမလေးရေ.....

ကျန်းမာပျော်ရွှင်ပါစေ

မမ၀ါ

အပျင်းထူနေလို့ ခုမှရောက်တာနော်. အမြဲတွေ့နေတယ်.
ညီမလေးအလုပ်များနေမှာစိုးလို့ နုတ်မဆက်ဖြစ်တာ.း)

kiim said...

ဝေဒနာကို
ရောင်ပြန်နဲ့ အတူ
လာခံစားသွားတယ်နော်..
ဝေဒနာတွေပျောက်ကင်းနိုင်ပါစေ..

ဝေလေး said...

အဲ..... မကြွေပါနဲ့ ညီမလေးရေ.....
ကဗျာလေးလာဖတ်တယ်နော်...... အဆင်ပြေပါစေ....

စိုင်းစိုင်းလားရှိုး said...

လမ်းခုလတ်ပဲ ကြွေကြွေ...
အပင်ပေါ်ကပဲ ပြုတ်ပြုတ်...
အဆုံးမှာတော့ ပန်းခြောက်လေးဟာလည်း...
မွှေးပျံ့နေဦးမှာပါ....

မီးလေးဇာ said...

ဝေဒနာတွေ ပျောက်ဆုံးပါစေနော်
ကြွေတော့မကြွေလိုက်ပါနဲ့ဦးလေနော် စိတ်ကိုတင်းထား

ဖြိုးငယ် said...

ဘာဆက်ဖြစ်မလဲတော့ မပြောတက်ဘူး ...
မဖြစ်ပါစေနဲ့ပဲ ဆုတောင်းလိုက်ပါတယ်

Anonymous said...

ကဗျာထဲမှာ တရားသဘောတွေ ပါနေတယ်ဗျ။
အကြွေမစောဖို့ ဆုတောင်းပေးပါတယ်ဗျာ။