Tuesday, June 16, 2009

သုည


ဓနဂုဏ်မောက်ရအောင်
မချမ်းသာပါဘူးကွာ
ထမင်းတောင် နပ်မှန်အောင်
မနည်းရှာစားနေရတာ
ရွှေငွေဆိုတာ နတ္ထိပေါ့.........

ဆရာကြီးစတိုင်နဲ့နေရအောင်
ပညာတတ်ကြီးမဟုတ်ပါဘူးကွာ
ပြောချင်တာတွေကို
စီကာပတ်ကုံးပြောနိုင်ဖို့တောင်
အတော်ကြိုးစားယူရတာ.......

အလှမာန်တက်ရအောင်
ရုပ်လည်းမချောပါဘူးကွာ
တိတ်တခိုးချစ်သူကို
ဆက်ချစ်နေဖို့တောင်
အလိုလို သိမ်ငယ်နေရတဲ့အဖြစ်ပါ......

အရေးအသားကောင်းရအောင်
စာရေးဆရာကြီးလည်း မဟုတ်ပါဘူးကွာ
စိတ်ထဲရှိတာတွေကို
စာကဗျာတွေဖြစ်ဖို့တောင်
အနိုင်နိုင် အသွင်ပြောင်းနေရဆဲပါ.....

10 ပဲ့တင်သံ:

Anonymous said...

အပြောတတ်တယ် အရေးကြွယ်တယ် ... ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားလိုက်တာများ တကယ်ကို ဘာမှ ပိုင်ဆိုင်မှု မရှိတဲ့ ဗလာနတ္ထိ လူသားတစ်ယောက်လိုပဲ ...စာသားတွေရဲ့ အဆုံးမှာ ကဗျာခေါင်းစဉ်လေးကို ဖတ်လိုက်ရတော့ အတိုင်းထက် အလွန် အပြည့်စုံဆုံး ဖြစ်သွားတော့တာပဲ ... သုည သုည သုည .. သြော် ငါလည်း ခုထက်ထိ အဆန်မကွဲသေးတဲ့ သုညတစ်လုံးလိုပါပဲလား ...
နေဒေးသစ်။

မိုးစက်အိမ် said...

မိုက်တယ်ဗျာ...ဒီသုည လဲ ကျွန်တော်အိမ်မှာလဲ
သုည တစ်လုံးရှိတယ် လာကြည်.လည်.ပါအုံးခင်ဗျ...

WWKM said...

ကဗျာလေးကောင်းတယ် ညီမလေးရေ.
ညီမလေးက ချောပါတယ်..ချစ်စရာကောင်းတယ်နော်.
အာဝါးးးးး

ချစ်တဲ့

မမ၀ါ

Dream said...

ဟာ..သုညကဗျာလေးက ကောင်းလိုက်တာ..နှိမ့်ချထားလိုက်များ လွန်ရော....
နောက်ဆို ကဗျာဆရာမ လုပ်လို့ ရပြီ...

အာဝါးးးးးးးးးးးးးး

ကဗျာဦး said...

ကဗျာလေးလန်းတယ်

ခမ်းကီး said...

အနော်လည်းပဲ သုည ပါ။
ကြိုက်တယ်ဗျာ။

desertraindrops said...

သိပ်ကောင်းတယ် ညီမလေးရေ ။ ပြီးပြည့်စုံတယ်။ ကြိုက်တယ်သိလား။

ဖိုးဂျယ် said...

မိုက်တယ်ဗျာ ကောင်းတယ်

မေသစ္စာမောင် said...

ကဗျာလေးကောင်းတယ် ညီမရေ...။

တကယ့် ပညာရှိတွေက
ဆရာကြီးစတိုင်နဲ့နေမှာမဟုတ်ဘူးလို့ ထင်တယ်လေ..။

စိတ်ကလေးလှတဲ့လူတွေက ရုပ်လှပြီ စိတ်မလှသူတွေထက် ပိုခင်စရာကောင်းတယ်..။

ဒီလို ကဗျာလှလှလေးရေးဖွဲ့တတ်သူ
ညီမလေးကတော့ အတွေးကောင်း အရေးကောင်းတဲ့ စာရေးသူလေးလို့ ယူဆလိုက်တယ်း)

mgnge said...

ကိုယ့်ကိုယ် ကို ဒီလိုခံယုထားတာကောင်း ပါတယ်..။

ဂွတ်လက်ခ်