Monday, June 15, 2009

သုံးရာသီ



နွေရာသီမှာ
တချိန်က ပျော်ရွှင်မှုကိုတွေးမိရင်
ကန္တာရထဲက အိုအေစစ်လို
ငါ့ကို အေးချမ်းမှုပေးစွမ်းတယ်....

ဆောင်းရာသီမှာ
တချိန်က လွတ်လပ်မှုတွေကို သတိရမိတိုင်း
လေပြေညှင်းလေးလို
ငါ့ကို လန်းဆန်းလတ်ဆတ်စေတယ်....

မိုးရာသီမှာ
တချိန်က နွေးထွေးမှုတွေက အတွေးထဲနေရာယူတိုင်း
တောက်ပတဲ့နေ့သစ်တွေလို
ငါ့ကို အဓိပ္ပါယ်အပြည့်နဲ့ ရှင်သန်စေတယ်.....

ရာသီတိုင်းမှာ
တချိန်က ပြယုဂ်တွေက
ကျန်သက်တမ်းမှာ
ငါ့ကို မျှော်လင့်ချက်နဲ့ အားပြည့်စေတယ်လေ...........

2 ပဲ့တင်သံ:

Anonymous said...

သုံးရောင်ခြည်ထားတဲ့ သုံးရာသီရဲ့ အလှတရားတွေ ကဗျာလေးကနေ တစ်ဆင့် ခံစားခဲ့ရတယ် ....
နေဒေးသစ်။

မိုးစက်အိမ် said...

သုံးပန်လှ ဘွဲ.လေးခံစားသွားပါတယ်...
ကဗျာကောင်းလေး ဘဲဗျာ...