Saturday, June 13, 2009

ရောင်ပြန်ရဲ့ ၀ါသနာတွေ


တနေ့မှာပေါ့.. မမနှင်းဆီနက်က ညီမလေးရေ တက်ဂ်မယ်နော်တဲ့.. ဘာအကြောင်းလဲဆိုတော့ ၀ါသနာတဲ့.. မမက ချစ်လို့ တက်ဂ်တာဆိုတော့ အပြစ်တော့ မပြောချင်ပါဘူး (:P).. ဒါနဲ့ပဲ ရေး မယ်ပေါ့။ ဆုံးဖြတ်ပြီးတော့ ရေးမယ်လုပ်တော့မှ ဘယ်နားက စရမှန်းမသိဘူး ဖြစ်နေတယ်။ ဒါကြောင့် စချင်သလိုပဲ စလိုက်တယ်။ ဒါပဲ.. :P

ကျမရဲ့ ၀ါသနာတွေက ခပ်များများရယ်။ (ပါလေ ရာ ငပိချက်တော့ မဟုတ်ပါဘူး).. ရေတက် ငါးဇင်ရိုင်းလေ.. ရေတက်တုန်း တချက်ပဲ... အဟက်။ ၀ါသနာတွေကဒီလို.....

စာရေး.. စာဖတ်က ကျမရဲ့ အဓိက ၀ါသနာပဲလို့ ဆိုရမယ်
ထင်တယ်.. (ကျောင်းစာမပါနော်.. ဟီး) စိတ်ကူးပေါက်ရင် စာရေးလေ့ရှိတယ်.. ကဗျာတွေစပ်တယ်.. (ကောင်းတာ မကောင်းတာ အပထား).. စာတိုပေစ မကျန် စိတ်ဝင်စားရင် အကုန်လိုက်ဖတ်တယ်...

သီချင်း နားထောင်တာလည်း ကျမရဲ့ ၀ါသနာတခုပဲ... အိပ်မပျော်တဲ့ ညတွေဆို သီချင်းနားထောင်ပြီး အိပ်ပစ် လိုက်တယ်။ စိတ်တိုရင် ပိုဆိုး.. သီချင်း အကျယ်ကြီး ဖွင့်ထားတတ်တယ်.. စိတ်လိုရင်တော့ သီချင်း လိုက်ဆို တတ်တယ် (သူများကို နားဒုက္ခ ပေးတာလေ)။

ကွန်ပြူတာ ရှေ့ထိုင်ပြီး.. လျှောက်ကလိ ရတာလည်း ၀ါသနာ တမျိုးပဲ။ ဂိမ်း ကစားချင် ကစားမယ်.. စာရေးချင် ရေးနေမယ်.. ဆိုဒ်တကာ ရောက်ချင် ရောက်နေမယ်... photoshop ကစားချင် ကစားနေမယ်.. အင်တာနက် ပေါ်ကနေ မရောက်ဖူးတဲ့ နေရာတွေကို ငေးချင်ငေးနေမယ်.. တခါတလေ ကလိလွန်ပြီး.. ဗိုင်းရပ်စ် ၀င်တာလည်းရှိ.. ပရိုဂရမ် တခုကို နှစ်ခါ သွင်းတာလည်းရှိ.. ရှိတဲ့ ပရိုဂရမ်တွေ ဖြုတ်ပစ်တာလည်းရှိ (အေးရော..) ကွန်ပြူတာ ပညာရှင်ကြီး ဖြစ်ချင်တယ်လေ.. (ခုထိတော့ ဘာမှကို မတတ် သေးတာ)

ဟင်းချက် တာတော့ ၀ါသနာပါတယ်.. ဒါပေမယ့် တယောက်တည်း စိတ်လိုလက်ရ ရှိတဲ့အချိန်မှ..။ ကျန်တဲ့ အချိန်ဆို မေမေ့ကိုပဲ အပူကပ်တာ... (ကလေး လုပ်နေကျ.. ရုပ်ကြမ်းကြီးနဲ့ နွဲ့တာလေ.. :P)။ ကိုယ် စိတ်လိုတဲ့ အချိန်ဆို ငါးပဲဆီပေါင်းက ငါးပြုတ်ဖြစ်သွားလည်း ကောင်းနေတာပဲ.. ဟီး...

စိုက်ပျိုးရေး လုပ်တာလည်း ကြိုက်တယ်.. စီးပွားဖြစ် မဟုတ်ဘူးနော်.. ကိုယ် နိုင်သလောက်ပေါ့.. ကိုယ် စိုက်ထားတဲ့ အပင်က အသီး အရွက် တွေက ပိုချိုသလိုပဲ :P.. ပန်းကလည်း ပိုလှသလိုပဲ.. ခုအိမ်မှာဆို ရှိတဲ့ လက်တ၀ါးစာ မြေကွက်ထဲမှာ စိုက်ထားတာ စုံနေတာပဲ.. (ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မြင်းခွါရွက်၊ ဆနွင်းရွက်၊ ငွေပန်း၊ နှင်းဆီ၊ စံပယ်၊ သစ်ခွ.. စသဖြင့်ပေါ့).. ဒါတင်မက သူများ စိုက်ထားတာ တွေပါ မျက်စိစူးချင်သေး....

ခရီးထွက် ရတာလည်း ကြိုက်တယ်.. (အမေ သိရင်တော့ ပြောတတ်တဲ့ ပါးစပ်လေးလို့ ဆုပေးနေမှာ).. သူငယ်ချင်း တွေနဲ့.. မိသားစုနဲ့.. ခရီးထွက် တာတို့ဆို အသေပျော်ပေါ့.. ဟွန်း (မှတ်ရော)။

အေးအေးဆေးဆေး နေချင်တာလည်း ၀ါသနာ တမျိုးပဲ ထင်တယ်နော်.. ကျမက လူကြောက်တယ် (ခင်လို့ လေပေါ တတ်တာက လွဲလို့).. တော်ရုံဆို စကား မပြောရဲဘူး (ချွင်းချက်.. အွန်လိုင်း မပါနော် :P) လူများတဲ့ နေရာ ကိုဆို မသွားချင်ဘူး.. တယောက်တည်းဆို ပိုဆိုး.. တိတ်ဆိတ်တဲ့ နေရာ လေးမှာ တယောက်တည်း တွေးနေ၊ ငေးနေ၊ ဆွေးနေချင်တာ။

ဓါတ်ပုံ ရိုက်တာလည်း ၀ါသနာပဲ.. (ကိုယ်က ရိုက်တာရော.. အရိုက်ခံရ တာကော.. ဓါတ်ပုံကို ပြောတာနော်).. ရုပ်သာဆိုးတာ.. ဟီးဟီး...။

မမရေ ဒီလောက်ဆို တော်ပြီနော်.. ဘယ်သူ့ကိုမှတော့ ထပ် မတက်ဂ်တော့ ပါဘူး... :P :P :)

8 ပဲ့တင်သံ:

Anonymous said...

ဓာတ်ပုံပဲ အရိုက်ခံချင်တာလား မေမေ တုတ်နဲ့ ရိုက်တာရော မခံချင်ဘူးလား .. ဟဟ
စတာပါ ရောင်ပြန်ရေ ... ဝါသနာလေးတွေအကြောင်း ရေးထားတာ ချစ်စရာမို့လို့ ဖတ်ရင်း ပြုံးမိပါတယ် ..
နေဒေးသစ်။

ရောင်ပြန် said...

ကိုနေဒေးရေ မေမေရိုက်ရင်တော့ ပတ်ပြေးမှာပေါ့

WWKM said...

သီချင်းနားထောင်ပြီးအိပ်တာ..ပြီးတော့ စကားနဲပြီး
အေးအေးဆေးဆေးနေတတ်တာ မမရော တူတူပဲ.
အဟဲ..ယုံလားတော့ သိဘူးရယ်. :D

Dream said...

အရိုက်ခံချင်ရင် ရိုက်ပေးမယ်လေ..ဓာတ်ပုံပြောပါတယ်...
အဟီးး.. :P

mhyawlintchin.blogspot.com said...

အလည်လာသွားပါတယ်နော်.....
အမြဲတမ်းခင်မင်လျှက်......

Unknown said...

မင်းဘ၀ရဲ့ပုံရိပ်တွေကိုဖတ်ရတာစိတ်ထဲအေးသွားတာဘဲ

နေ့အိပ်မက် said...

ညီမလေးကို ၀ါသနာအများဆုံးပိုင်ရှင်ဆုပေးမယ်..... :)

ဇော် said...

သူပြောမှ ငါးစင်းရိုင်းမစားရတာတောင် ကြာနေပြီလို့ သတိရသွားတယ်။ အဟီး။
တော်သေးတာပေါ့ ထပ်မတက်ဂ်လို့။ ထပ်တက်ဂ်ရင် တက်ဂ်ခံရတဲ့သူတွေနဲ့ ၀ိုင်းသမပေးမလို့ဟာ ကံကောင်းသွားတယ်။ အဟိ။

အလကား ချစ်ရို့ချယာ။ ချိတ်ချိုးရ၀ူးနော် ပြန်ပြန်။ ငှဲငှဲ။