Tuesday, June 9, 2009

လမ်း


လမ်း

လန်းဆန်းလတ်ဆတ်တဲ့
အသည်းနှလုံးတစုံ
နောင်တချိန်မှာ.......
ပဲ့ကြွေကွဲအက်မလား
ခိုင်မာတဲ့အချစ်တွေနဲ့
မွမ်းမံထုဆစ်ထားမလား
ခါးသီးလှတဲ့ အတ္တတွေနဲ့ပဲ
ပုံသွင်းအကျဉ်းချထားမလား
မောဟတွေနဲ့ပဲ အမှောင်ဖုံးနေမလား ။

??????? ပေါင်းများစွာနဲ့
ပုံသေတွက်မရတဲ့
ပုစ္ဆာတပုဒ်လို
ကိုယ်ရွေးတဲ့ တွက်နည်းပေါ်မှာ
အဖြေတွေကတော့ ကွဲလွဲမှာပဲ ။

ဒါပေမယ့်
လျှို့ဝှက်ထားတဲ့
ဘုံတူညီမှုတော့ရှိတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်ပဲ့တင်သံတွေတော့
ရှိစမြဲပဲလေ.............။ ။

8 ပဲ့တင်သံ:

Anonymous said...

ရေးးးးးးးးးးး I'm the first

Anonymous said...

ဒီလိုပါပဲ မသေချာ မရေရာမှုတွေနဲ့ပဲ လူလုပ်နေကြရတာပဲ ... ကဗျာကောင်းလေးတွေ ရေးတတ်တယ် ... တော်တော် မျောသွားပီ ကဗျာထဲမှာ ...

WWKM said...

ဒါပေမယ့်
လျှို့ဝှက်ထားတဲ့
ဘုံတူညီမှုတော့ရှိတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်ပဲ့တင်သံတွေတော့
ရှိစမြဲပဲလေ.............။ ။

ကဗျာလေးကောင်းတယ် ညီမလေးရေ.

ကိုလူထွေး said...

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်...
မေတ္တာဆိုတာ အသွားအပြန်ရှိတယ်...
သင်ကောင်းရင် ကျွန်ုပ်မဆိုးပါဘူး...

ဒါတွေအားလုံးအတွက် အသွားလမ်းရှိသလို
ကိုယ့်ဆီကို ပြန်လာမယ့် အပြန်လမ်းလေးတခုလဲ ရှိနေတယ်...

းဝ)

စိတ်စမ်းရေ said...

ကဗျာကောင်းလေး တပုဒ်ပါ
ဒါပေမဲ့ ဘာမှတော့ အသေအချာမျှော်လင့်လို့ မရပါဘူး...။

တောင်ပေါ်သား said...

ကဗျာလေး ခံစားသွားတယ် သက်ရောက်မှုတိုင်းမှာ
တန်ပြန်ပဲ့တင်သံတွေတော့
ရှိစမြဲ ဆိုတာလေးကတော့ တော်တော်ကို ကြိုက်တယ်ဗျာ ကျေးဇူး


လေးစားလျက်
တောင်ပေါ်သား

flowerworld said...

အခုတလောအလွမ်းလေးတွေပဲဆွတ်ပျံနေပါလားကွ အာဝါးးးးးးးးးးးးး အဲ့အလွမ်းတွေကိုခုခံနိုင်ပါစေနော်

Sein Lyan Tun said...

မေတ္တာ
လမ်း
တန်ပြန်သက်ရောက်မှု
ဒီနိယာမတရားတွေကို နားလည်ပါတယ်..
တခါတလေး မေတ္တာဆိုတဲ့လမ်းလေး ပိတ်ဆို့နေတတ်တာကလွဲလို့.. စောင့်နေရသေးတယ်နော်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်