Monday, February 9, 2009

မဲဇာတောင်ခြေ (အကြိုက်ဆုံးကဗျာလေး)


အကြိုက်ဆုံး ကဗျာလေး

လွန်ခဲ့တဲ့ 2008 နိုဝင်ဘာ- ဒီဇင်ဘာ (ရက်တောင် မှတ်မိတော့ဘူး ..အဟိ)
လောက်က မမ မေသူက ပထမဆုံး မေးလ် ပို့လာတယ်။ ဘာလဲလို့ ကည့်
လိုက်တော့.. အကြိုက်ဆုံး ကဗျာအတွက် တက်ဂ် ထားတယ်တဲ့... အဲဒီ
အချိန်ကနေ တိုက်တိုက် ဆိုင်ဆိုင် (ရှောင်ပြေးတာတော့ ဟုတ်ရပါဘူး။)
ပို့စ်တွေမရေးဖြစ်တာ တစ်လတောင်ကျော် နှစ်လ နီးပါးတောင် ရှိသွားတယ်။
ခုမှ တက်ဂ် ရေးရလို့ စိတ်မဆိုးပါနဲ့ မမမေသူရှင့်... :D..။

ကျမ အကြိုက်ဆုံး ကဗျာလေးက လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ ကိုယ်တွေ့ဖြစ်
ရပ် ခံစားမှု ကဗျာလေးပါ။ ကျမလဲ ခု မဲဇာတောင်ခြေလောက် မဟုတ်ပေ
မယ့် ကိုယ့်တိုင်းပြည်နဲ့ ဝေးနေတာပါပဲ။ အချိန်မတန်သေးလို့ အိမ် မပြန်
သေးသရွေ့ကိုယ့်မွေးရပ်မြေကို လွမ်းလို့ ခံစားနေရမှာပဲလေ...။ (ခေတ်သစ်
မဲဇာမှာပေါ့နော်.... :D).. ကဲ... ဖတ်ကြည့်နော်.....။

မဲဇာတောင်ခြေ

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
ရွှေပြည်ကိုသာ၊ တရှာတော့မိ.....။

မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊
ကုန်း မော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ ဆီမီး
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍
ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့် ပိတ်ဆီးခြယ်သန်း၊ လျှပ်
ရောင်တန်းမျှ၊ ရွှေန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင်ရွှေမြို့ ၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့
မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်..။ ။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တိုင်အောင်ခွင်ဝယ်၊
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီး
ဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့ 
နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်း
မောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်း ရှင့်၊
ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။
လေပြည်လာက အေးသောကြောင့်။ ။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊
တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊
မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ ဆိုင်းသော်၊ တောင်တိုင်း ယှက်၍၊
ဝန်းကာဝှေ့သည်၊ တောင်ငွေ့  ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရော၊
မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊
သွန်းချပြန်သော်၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်
မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေ လှည့်လည်၊ တ လျက်မည်
သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။ ။

6 ပဲ့တင်သံ:

စိုင်းစိုင်းလားရှိုး said...

ကောင်းလှချည်ရဲ့ ကဗျာလေးက မှတ်သားသွားပါတယ်

Welcome said...

သယ်ချင်းရေ
ဖတ်သွားတယ်
ရှာဖွေလေ တွေ့ရှိလေပေါ့နော်

Phyo Evergreen said...

ဒီကဗျာလေး ပြန်သတိရသွားတယ်..။ (၉)တန်းတုန်းကသင်ရတာထင်တယ်...။

My Diary said...

ပြန်လည် ဖက်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်

Anonymous said...

ဟုတ်တယ်ဗျာ ကျနော်လဲ ကြိုက်တယ်ဗျ။ ကဗျာလေးတောင် မေ့တေ့တေ့ဖြစ်နေပြီဗျ
ကျေးဇူးပါဗျာ။

မောင်ရှင်းသန့် said...

ကျွန်တော်လည်း မဲဇာတောင်ခြေ ဆိုတဲ့ ကဗျာကို နှစ်သက်ပါတယ်ခင်ဗျာ ။

လက်ဝဲသုန္ဒရ အမတ်ကြီးကိုလည်း လေးစားလျှက်...