Sunday, February 15, 2009

ကြွားတော့မယ်

ကြွားတော့မယ်

မမ၀ါဝါက တက်ဂ်ထားတာလေ..။ ကြာလှပေါ့.. ။ ကြွားစရာမရှိတော့ စဉ်းစားနေတာနဲ့ ကြာသွားတာ.. အဟဲ..။ အကြိုက်ဆုံး ပစ္စည်းတွေက များတာကိုး။ ကြိုက်တဲ့ တိုလီမုတ်စတွေ အများကြီးပဲ။ သေးသေးလေးတွေ စုထားတာ ကြိုက်တယ်ဆိုတော့..။ ကဲ.. ကြွားပြီနော်..။

ဒါကတော့ ဒိုင်ယာရီစာအုပ်လေ...။ ဒိုင်ယာရီရေးရပျင်းပါတယ်ဆိုမှ.. လက်ဆောင်ကလည်း ဒိုင်ယာရီစာအုပ် သက်သက်ပဲ။ ကျောင်းမှာဆို ဆရာမက ဒိုင်ယာရီရေးခိုင်းတာ အရမ်းပျင်းတာပဲ.. :D။ ဒါပေမယ့် စုတာတော့ ၀ါသနာပါတယ်..။ အဟီး..။ တစ်ခါတစ်လေ မရေးရသေးပဲ ဒိတ်ကုန်ပြီး နောက် တစ်နှစ်ကူးသွားတာလည်း ရှိသေး..။


ဒါကတော့ အရုပ်လေးတွေလေ.. အိပ်မပျော်လို့ အရုပ်ဖက်အိပ်ရင် ခဏလေး အိပ်ပျော်သွားရော..။ ခုဟာက အမတွေဟာလည်း ယူရိုက်ထားတာ။ အဟီး.. ရှူးတိုးတိုး..။ သွားပြန်မပြောနဲ့နော်။ အဟဲ..။


ဒါကတော့ နားကပ်လေးတွေလေ..။ နားကပ် တွဲလောင်း တွဲလောင်းလေးတွေဆို ကပ်နားကပ် ထက် ပိုသဘောကျတယ်။ နားမှာ ၀ဲနေလို့..။


ဒါက သော့ချိတ်လေးတွေ..။ ဖုန်းချိတ်လည်းပါတယ်..။ အရမ်းကြိုက်လို့..။ တစ်ချို့ ဟာတွေက ပျက်သွားပြီ။ အရမ်းစည်းကမ်း ကောင်းတယ်နော်..။ အဟိ။

ကလစ်သေးသေးလေးတွေ နဲ့ နောက်တစ်ပုံက ဖန်စီဆွဲကြိုးလေးတွေပေါ့..။


ပိုက်ဆံအိတ်သေးသေးလေးတွေ... ဟဲ... အားလုံး သေးသေးလေးတွေကြီးပဲနော်..။ အဟဲ. ကဲ.... မမ၀ါရေ.. အကြွေး ကျေးပါပြီနော်..။ :D...။ ရှိသမျှအကုန် ထုတ်ကြွားရတာ ရှက်စရာတော့ အကောင်းသား.. အဟဲ..။

5 ပဲ့တင်သံ:

စိုင်းစိုင်းလားရှိုး said...

ဟာ ပီစိလေးတွေပါပဲလား ကြွားထားတာ။

WWKM said...

သတိတရရေးပေးတာ ကျေးဇူးတင်ပါတယ် ညီမလေးရေ။ မမတောင် အကြွေးတွေ မေ့နေပြီလေ။း)
အဲဒီပို့စ်က အက်ဒစ်ဘယ်လိုမှ ပြန်လုပ်တာမရလို့
ရေးပြီးတဲ့ သူတွေကို မှတ်လို့မရဘူးဖြစ်နေခဲ့တာ ညီမလေးရေ။
ညီမလေးကြိုက်တဲ့ ပစ္စည်းလေးတွေ မမမှတ်သွားပြီနော်.
ပျော်ရွှင်ပါစေ။

မမ၀ါ

သက်ပိုင်သူ said...

ဒိုင်ယာရီလေးပေးဖတ်ပါလား... အဟိ

Anonymous said...

ဒါအကုန်ပဲလား တော်သေးတာပေါ့ဗျာ ဆိုင်မှာ
ရောင်စရာမကျန်မှာစိုးလို့ မေးတာပါနော်။အဟိ

မီးငယ် said...

ဆွဲကြိုးလေးတွေ ကြိုက်တာတူတယ်နော်...
မီးငယ်လည်း အရမ်းကြိုက်တယ်