Friday, February 13, 2009

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည်

ဒီနေ့ ဖေဖော်ဝါရီ 13 ရက်နေ့ဟာ ဗိုလ်ချုပ်မွေးနေ့ဖြစ်ပါတယ်.. (အဟဲ.. သိပြီးသားကို ပြန်ပြောင်းပြောဆိုခြင်းပါ)
ဒါကြောင့် ငယ်ငယ်က သင်ခဲ့ရတဲ့.. ရင်ထဲမှာစွဲနေတဲ့ ကဗျာလေးတပုဒ်ပေါ့... တိုင်းပြည်ရဲ့ ဖခင်အတွက် ရေးစပ်ထားတဲ့ ကဗျာကို တိုင်းပြည်ရဲ့ ရတနာလေးတွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်.... :) :D..။

ဖေဖော်ဝါရီ 13 ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ...။

၁၉၁၅
ရှေ့နေဦးဖာသား..။

ဇာတိနတ်မောက်
မကွေးခရိုင်
သိကြများ ယခုတိုင်..။

ကြံ့ကြံ့ခိုင်တဲ့
ဇာနည်ဖွား
မိခင်ဒေါ်စုသား..။

၁၉၄၇
ပြောင်းကြွ တမလွန်..။

မျက်ရည်သွန်းလို့
ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး....။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်...။

ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား...။

ပြည်ထောင်လွတ်ရေး
ကြိုးပမ်းအောင်
ဗိုလ်ချုပ်တို့ခေါင်းဆောင်...။

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...။
Happy 94 year Birthday, General Aung San....!

6 ပဲ့တင်သံ:

စိုင်းစိုင်းလားရှိုး said...

အရိုးထိအောင် စွဲနေတဲ့ ကဗျာလေးပါ။ ကျေးဇူးတင်ပါတယ်။

Anonymous said...

ဗိုလ်ချိုပ်ရဲ့မွေးနေ့ကို ဂုဏ်ပြုပါတယ်။

စိုင်းနောင့် said...

တန်ဖိုးရှိတဲ့ ကဗျာလေး လာဖတ်ပါတယ်။
ချမ်းမြေ့ ပျော်ရွှင်နိုင်ပါစေ

Welcome said...

အမှတ်တရ မွေးနေ့ ကဗျာလေး နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။

Anonymous said...

ဗိုလ်ချုပ်လိုလူမျိုး ဘယ်သူမှ မမေ့သေးဘူးဗျ။
ယနေ့မှာလဲ ဗိုလ်ချုပ်လိုလူမျိုး တကယ်လိုအပ်နေပြီဗျာ။

Co2zeиith said...

မရိုးနိုင်ပါဘူး 6ရာ၊၊
မေ့လို့ လဲမရကောင်းလောက်ပါဘူးဗျာ၊၊