Friday, December 12, 2008

ကျွန်မပဲ အနစ်နာခံလိုက်ပမယ်

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့
လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက်
လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက်
ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက်
ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့
မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။
အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး
လက်ခုပ်ဝိုင်းတီးကြတော့တယ်..

5 ပဲ့တင်သံ:

Anonymous said...

အံမာ... တို့ယောကျာင်္းတွေကို ဒီလိုပြောတယ်ပေါ့လေ။တွေ့မယ်

Welcome said...

ဒါဆို အမျိုးသမီးတစ်ယောက်ပဲ ပါသွားတာပေါ့
ဖြစ်သင့်ပါတယ်။
စေတနာအကျိုးလေး
ချက်ချင်းလက်ငင်းခံစားသွားရရှာတယ်။
ကောင်လေး (၁၀)ယောက်ထဲမှာ ကိုအိမ်ရော ပါသေးလား... (စတာပါ)

http://winzaw-mdy.blogspot.com

mirror said...

ကောင်းတယ် ဟာသလေးက
ခင်မင်လျက်
မှန်

ဖိုးဂျယ် said...

တီတီ ဂလိုလား တူလေးတွေကို ဖဲ့တာလား
တူလေးတွေက သဘောကောင်းလို့
လက်ခုပ်တီး ပေးလိုက်တာ
တနားလို့ဟွန်း

သက်တန့် said...

အင်း...
ဘလော့ဂါမမတစ်ယောက်ရဲ့ နှုတ်မြွက်စကားကို ဘလော့ဂါကိုကို ဆယ်ယောက် လက်ခုတ်တီးရတယ်နော်...
တွေ့တယ်ဟုတ်... :P