Tuesday, December 9, 2008

အခုတော့လဲပြောပြီပေါ့နော်

(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ)
တစ်နေ့မှာ မောင်က

"မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်" ဟု သစ္စာဆိုသည်။


နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

13 ပဲ့တင်သံ:

Welcome said...

အဟီး၊ ဖြစ်နေတာ ဖြစ်နေတာ ..

http://winzaw-mdy.blogspot.com

flowerworld said...

ဟီးးးးးးး ၀ိတ်လျှော့မှပဲ....မဖြစ်ပါဘူးလေး တော်ကြာပြောခံနေရဦးမယ်

Dr Phyo Wai Kyaw said...

ဂလိုလားဗျ။
:P :P :P

မြတ်သွယ် said...

ဟာသလေးကိုပျော်ရွှင်စွာဖတ်သွားပါတယ်
သတိလေးပေးနေသလိုပဲ
ကောင်း၏
အဲလိုဆိုတော့လဲ အဲလိုပေါ့နော် :D

sait phay yar said...

ညရေ.. မမ က ၀ ၀ လာတယ် ဘယ်လိုလုပ်ရနော်
ဟီဟီ

တောင်ပေါ်သား said...

ဘ၀မှာ ဖြစ်တတ်တဲ့ သဘောလေးများပါဗျာ

Anonymous said...

အဟိဟိ အမှန်တွေ ပြောနေပြန်ပါပြီဗျာ

Anonymous said...

အဲ ဟုတ်သလိုလို....။
:)

Anonymous said...

ဟားဟား
ဖြစ်ရမယ်
ဒါနဲ့ မ နဲ့ မောင် ဇာတ်လမ်းတွေ ချည်းပါလား
လုပ်ပါဦး ဦး နဲ့ သမီးတို့
ကို နဲ့ ချစ် တို့
အဟိ ပေါကြည့်တာ

ဇင်ယော် said...

လောကကြီးမှာ ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ နာတို့ ကတော့ ဒီလို အပြောခံရမှာစိုးလို့  အစောကြီးကတည်းက အကျင့်ကို မလုပ်ဘူး။ ဟေဟေး။

သက်တန့် said...

အင်း...
အခုတော့လည်း ပြောပြီပေါ့လေ... :)

သက်တန့် said...

ကိုဇင်ယော်ကြီးကလည်း အကျင့်လုပ်စရာ လူလည်း မရှိဘဲနဲ့ကို...
ဟဟဟ...
လစ်ပြီ...
သိရင် လာရိုက်နေလိမ့်မယ်...
ဟိ...

Anonymous said...

တကယ်ဘဲ အဲလိုကြီးပုံသေကြီးလား....:P