Sunday, December 7, 2008

အနှစ်သက်ဆုံးလေး


အနှစ်သက်ဆုံးလေး

ဘလော့ဂ် အကိုတော် ကိုဂျဲဂျယ် က တက်ဂ်ထားတယ်တဲ့။ နည်းနည်းတောင် ကြာပြီပဲ။ အလုပ်ရှုပ်နေတာရော။ အရှုပ်လုပ်နေတာရော။ အပျင်းကြီး အဲလေ.. မထူးတော့ပါဘူး သိပါစေတော့။ အဲဒါကြောင့်ကောပေါ့။ မရေးဖြစ်ခဲ့တာ။ ခုမှ နက္ခကျလာတယ် ရေးရမယ်တဲ့။ အချိန်ကောင်းဆိုပဲ... အဟဲ။

ကာတွန်းကားအကြောင်းကတော့ တစ်နေ့လုံးပြောရင်တောင် ကုန်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ ကာတွန်းကားတွေက အများကြီးကို။ ကားတိုင်းကြိုက်တယ်လို့ ပြောလို့ရတယ်။ တစ်ချို့ ကားတွေဆို နာမည်တောင်သိဘူး။ ခုထက်ထိကြည့်တုန်းပဲ။ ကာတွန်းဆို တစ်အိမ်လုံးကြိုက်ပဲ။ အဟီးး... နိဒါန်းပျိုးနေတာနဲ့ပဲ.. အတော်ကြာနေပြီ။

အကြိုက်ဆုံးကတော့...


စင်ဒရဲလား ကာတွန်းကားလေး လေ...။ ဒီပုံပြင်အကြောင်းကတော့ အားလုံးသိကြမှာလေနော်။ ဒါကြောင့် ဇာတ်လမ်းတော့ မပြောပြတော့ဘူးနော်။ (ဟီး.. ပျင်းပြန်ပြီ)..။ စိတ်ဆိုးနဲ့။ စိတ်ဆိုးရင် သီချင်းနဲ့ ပြန်ချော့မယ်။ နားထောင်သွားနော်။ ရောင်ပြန်အရမ်းကြိုက်တဲ့ သီချင်းပါ။




နားထောင်ပြီးရင် ဝေဖန်ပေးသွားအုံးနော်...။ :P။ ဝေဖန်ရေးက အားဆေးတစ်ခွက်ပါ။ (ဘုရား.. ဘုရား.. ပျစ်ပျစ်နှစ်နှစ် ဝေဖန်နေမှ... )..။ စတာပါ.. အဟတ်.. ဟတ်။

8 ပဲ့တင်သံ:

Dr Phyo Wai Kyaw said...

ကောင်းတယ်ဗျာ
သီချင်းလေးက။
း)

Anonymous said...

ဒီကာတွန်းလေးကတော့ အသစ်တွေဘယ်လိုကောင်းကောင်း အဟောင်း
တလယ်လယ်ဆိုသလိုပဲ ဂန္တ၀င်ဇာတ်လမ်းလေး
တခုပါပဲ

Saing Khan Tun said...

ဘာအနှစ်သက်ဆုံးလဲဆိုတာ စဉ်းစားစရာပဲနော် ......
ကျွန်တော်စဉ်းစားလိုက်ဦးမယ်......

khin oo may said...

စင်ဒရဲလားလေ.စကဒ်သိတ်တိုတယ် :P

ဇင်ယော် said...

သီချင်းလေးက ရေလည်မိုက်တယ်ကွာ။ ပျစ်ပျစ်နှစ်နှစ် အားဆေးရေးပေးဦးမလို့  ဟွန်း သနားလို့ ။ ဟီး မကြောက်ပါနဲ့  စတာ။ အလုပ်ရှုတ်ချင်ယောင်ဆောင်နေတဲ့ အရှုတ်လုပ်ကြီး အပျင်းထူ ရန်ပြောင်ရေ။ အဟေးဟေ စလို့  ကောင်းလိုက်တာ။

ခေါင်ခေါင် said...

ညီမငေး မမလဲ.. သီချင်းလေး နားထောင်သွားတယ်...
ကောင်းပ ..

Anonymous said...

ကြိုက်တယ် သီချင်းကို။ ဒါမဲ့ ဘယ်သူဆိုတာလဲ မသိဘူး

mabaydar said...

ဟုတ်တယ် အမရေ... ဘယ်လောက်ကြာကြာ ဘယ်လောက်ဟောင်းဟောင်း မရိုးတာ စင်ဒရဲလားပဲ.. အိမ်မှာတောင် အသက်ကြီးမှ စင်ဒရဲလားကာတွန်းကားကို အပိုင်ဝယ်ထားသေးတယ်...