Tuesday, November 11, 2008

သီချင်းလေးအတိုင်း ဆိုရင်

ကဲ သူငယ်ချင်းတို့ရေ .... စဉ်းစားလိုက်ပါအုံး
အိမ်ထောင်စုတစ်ခုမှာပါ မိန်းမက ဈေးသွားတုန်း
ယောက်ကျားဖြစ်သူက ကလေးပုခက်လွှဲနေတယ်လေ
သီချင်းလေဆိုပြီးတော့ .. သူ့မိန်းမလဲ ဈေးက ပြန်လာ
ရော သီချင်းဆိုသံ ကြားတော့ဒေါသထွက်ပြီး စကား
များ ရန်ဖြစ်ကြတယ် ဘာသီချင်းများဆိုမိလို့လဲဆိုတာ
သူငယ်ချင်းတို့ စဉ်းစားကြည့်လိုက်ပါအုံး
မှန်မမှန် အဖြေလေးတိုက်ချင်ရင်တော့


ဦးစိုင်းထီးဆိုင် ဆိုတာတဲ့ ကိုယ့်သွေးလဲမဟုတ် ကိုယ့်သားလဲမဟုတ်
ကို့အမျိုးလဲမဟုတ်ပေ ..... သီချင်းကိုဆိုလိုက်လို့ပါ

4 ပဲ့တင်သံ:

sait phay yar said...

ဟဟဟ တော်လိုက်တာညီမရေ.. ဟဟဟ

မသက်ဇင် said...

ရောင်ပြန်---
စာလာဖတ်ပါတယ်---ဟာသဥာဏ်ကောင်းတယ်
မဖတ်ရသေးတာတွေလည်း သေချာဖတ်သွားတယ်--
အားပေးနေပါတယ်--

ဇင်ယော် said...

အင်း ရန်ဖြစ်ရုံ ဖြစ်ကြလို့  တော်သေးတာပေါ့။ အရေးပေါ်ရောက်သွားပြီလို့  ထင်မိတာ။ ဟီး မိန်းမယူပီး ကလေးရမှ အားရပါးရ အော်ဆိုလိုက်ဦးမယ်။

Anonymous said...

ဟားဟား
မသိစိတ်က သံသယလေး နည်းနည်း ၀င်နေလို့ နေမှာပေါ့ :P