Wednesday, November 26, 2008

မျှတတဲ့ သစ်ပင်လေး



မျှတတဲ့ သစ်ပင်လေး

သူငယ်ချင်းတို့ရေ.......
တို့တွေရဲ့ စုပေါင်းအားနဲ့
မျှတလှပတဲ့ သစ်ပင်ကလေးတွေ
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးပေါ်
အတူတကွ စိုက်ပျိုးကြရအောင် ။

လွှမ်းမိုးမှုကင်းတဲ့
မျိုးစေ့လေးတွေကို ကြဲပြီး
တူညီသောစိတ်တွေနဲ့
မျိုးစေ့လေးရှင်သန်အောင်
ပေါင်းသင်မြေနှုတ်
ပြုစုပျိုးထောင်ကြစို့ ။

အင်အားပြည့်စေမယ့်
နွေးထွေးမှုစွမ်းအင်နဲ့
နားလည်မှုမြေသြဇာကိုပေါင်းပြီး
ခွဲခြားမှုပိုးတွေ မကျရစေဖို့
မျှတခြင်း ဆေးတွေဖြန်းကာ
မျိုးစေ့လေးဖွံ့ဖြိုးအောင်
ပံ့ပိုးခြင်းဆိုတဲ့ ရေစင်တစ်ခွက်ကို
ထိန်းချုပ်မှုကင်းတဲ့ လက်တွေနဲ့
အားပါးတရလောင်းပေးကြမယ်နော် ။

နောက်ဆုံးတော့
တို့တွေမျှော်လင့်သလို
ငြိမ်းချမ်းခြင်း အခက်အလက်တွေနဲ့
ခွဲခြားမှုကင်းတဲ့ ပင်စည်ကြီးက
ယုံကြည်မှုအသီးပွင့်တွေကို
တူညီသော အရွက်တွေကြားမှာ
လွပ်လပ်စွာပွင့်ဖူးစေပါလိမ့်မယ် ။

အဲဒီအခါကျရင်
မျှတခြင်းဆိုတဲ့ သစ်ပင်လေးက
ရမယ့် တူညီတဲ့အသီးအပွင့်တွေကို
ညီမျှသောလက်နဲ့
အတူတူ ဆွတ်ခူးကြရအောင်နော် ။ ။

13-19 Gender Training အတွင်း အမှတ်တရ။

9 ပဲ့တင်သံ:

Welcome said...

သယ်ချင်း
သစ်ပင်လာစိုက်သွားပါတယ်။

http://winzaw-mdy.blogspot.com/

Anonymous said...

ခွေးယားသီးပင်လာစိုက်သွားတယ်ဗျို့

Anonymous said...

အဲ့လိုနေ့မျိုးလေးကို ကြိုဆိုနေမယ်ရောင်ပြန်ရေ

Unknown said...

ကဗျာကောင်း လေး တ ပုဒ် ကို ခံစား သွား ပါ သည်။

Anonymous said...

သစ်ပင်လေးလည်းလှတယ်--
ကဗျာလေးလည်းကောင်းတယ်--

တက်လူငယ် said...

ဆိုလိုရင်းကို သဘောပေါက်ပါတယ်ဗျာ။

Anonymous said...

မျှတခြင်းဆိုတဲ့ သစ်ပင်လေးက
ရမယ့် တူညီတဲ့အသီးအပွင့်တွေကို
ညီမျှသောလက်နဲ့
အတူတူ ဆွတ်ခူးကြရအောင်နော်

တကယ်ကောင်းတယ်ဗျာ.... ကျွန်တော်တို့ ညီမျှတဲ့လက်တွေနဲ့ အမြန်ဆွတ်ခူးချင်ပြီဗျာ...။

ဂျူဝသန် said...

်မရေးပဲ ပျင်းနေတဲ့အချိန်တွေမှာ စာသားကောင်းကောင်းတွေထွက်ဖို့ တွေးတောနေတာများလား... ရောင် ပြန်ရေ

ဇင်ယော် said...

ကောင်းလိုက်တဲ့ကဗျာလေး။ အဲဒီသစ်ပင်လေးတွေ ဖူးပွင့်ဝေဆာလာတဲ့ တစ်နေ့  မျှော်လင့်ချက်နဲ့  အသက်ရှင်ချင်တယ်။