Sunday, November 23, 2008

ဂယောင်ချောက်ချား


ဂယောက်ချောက်ချား

ဟီး (မျက်နှာချိုသွေးပြီး တောင်းပန်ခြင်း)... ။ အချိန်ကလည်းမရ၊ ကိုယ်ကပျင်းတာလည်းပါတာပေါ့။ အကြမ်းရေးထားတဲ့ စာတွေတော့ရှိပါရဲ့ ။ ခုထိ ဘလော့ဂ် ပေါ်မတင်ရသေးဘူး။ အချိန်ကုန်လွယ်ပြီး ပေါ့ပါးတဲ့ ဟာသလေးတွေပဲ ဖတ်ပြီးတဲ့အထဲကပဲ ဘလော့ဂါ ကိုကို မမ၊ မောင်လေး ညီမလေး၊ သူငယ်ချင်း( အောင်မလေး ရှည်လိုက်တာ... အသက်ဘယ်ကထွက်ရပါ့.. အဲလေ) တို့အတွက် ပြန်ဝေလိုက်တယ်....။ နောက်မှ စာရှည်ရှည်၊ ကဗျာလှလှ နဲ့ ပုံပြင်လေးတွေ ရေးပေးပါ့မယ်...။ :D (မချိသွားဖြဲ)

ဒီလိုလေ....။ ဘ၀တစ်ပါးကို ကူးပြောင်းတော့မယ့် စကော့တလန်သားက သူ့ဇနီးကို မှာတမ်းခြွေနေလေရဲ့။
“မိန်းမရေ.. ဒို့အိမ်နီးချင်း ဂျွန်ဆီက စတာလင်ပေါင် 50 အကြွေး ရစရာရှိတယ်။ မမေ့နဲ့” တဲ့။
သူ့မိန်းမက “မမေ့ပါဘူးရှင်” ပေါ့။

နောက်တစ်ခါ ယောက်ျားဖြစ်သူက “ မစ္စတာ စမစ်ကိုတော့ တို့ ငါးပေါင်ပေးစရာရှိတယ်” ။
ဒီတော့ မိန်းမဖြစ်သူက သက်ပြင်းချပြီး ဘာပြန်ပြောလဲ သိလား။

ဂယောင်ချောက်ချားတွေ ပြောနေပြန်ပါပြီရှင်” တဲ့။ ကောင်းလေစွ။

2 ပဲ့တင်သံ:

Anonymous said...

စမစ်ဆိုတာဘယ်သူလဲဟင် ဒါကိုဘယ်သူမှန်းမသိတော့ ဆံ့တငံ့ငံ့ဖြစ်နေတယ်ဗျာ

Welcome said...

မိန်ကလေးတွေများ ပေးရတော့မယ်ဆိုရင် "ဂယောင်ချောက်ချား" ကိုဖြစ်လို့ပါတော်။

http://winzaw-mdy.blogspot.com