Friday, November 21, 2008

မိတ်ဆက်ခြင်း


ချိုးလင်းပြာ

ချိုးလင်းပြာ ဆိုတဲ့ ဘလော့ဂ်လေးကို ဘလော့ဂါ မောင်နှမအားလုံးနဲ့ မိတ်ဆက်ပေးလိုပါတယ်။ အမျိုးသမီးဘလော့ စာမျက်နှာလေးတစ်ခုပါ။ စိတ်ဝင်စားစရာ ဘလော့လေး အဖြစ် စွမ်းအင်တစ်မျိုးနဲ့ စာဖတ်သူတွေကို ခေါ်ဆောင်သွားပါလိမ့်မယ်။

“မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရ စနစ်တွင်မဆို တန်းတူရေး၊ တ ရားမျှတရေးနှင့် လွတ်လပ်ရေးကို ကိုယ် စားပြုနိုင်ရန်အတွက် ချန် လှပ်ထား၍မရသော ကျားမ တန်းတူရေး (Gender Equality) ကို လေ့လာနားလည် ပြီး လူ့ အဖွဲ့ အစည်းတွင်း လက် ခံကျင့်သုံးနိုင်ရန်နှင့် နယ်ပယ်အ သီးသီးမှ အမျိုးသမီးများ၏ အ ခြေအနေအမျိုးမျိုးကို အမျိုးသ မီးအခွင့်အရေးရှုထောင့်မှနေ၍ စာဖတ်သူများ လေ့လာနိုင်ရန် ချိုးလင်းပြာအမျိုးသမီးစာမျက်နှာကို ဖန်တီးထားခြင်းပင် ဖြစ်သည်။”

ဒါကတော့ ချိုးလင်းပြာ အမျိုးသမီး စာမျက်နှာရဲ့ ရည်ရွယ်ချက်ကလေးပါ။
အချိန်ရခဲ့ရင် သွားရောက်လေ့လာကြည့်ပေါ့နော်...။ ဖတ်ရှုသူရဲ့ ရင်ထဲကို အတွေးတစ်ခုတော့ ထည့်ပေးနိုင်ပါလိမ့်မယ်။ ။

1 ပဲ့တင်သံ:

Anonymous said...

ဟုတ်ကဲ့ အခုမိတ်ဆက်ပေးတာကျေးဖူးဗျာ အားရင်သွားလည်လိုက်ပါ့မယ် အမျိုးသမီးဘလော့ဆိုတော့
စိတ်ဝင်စားတယ် ဟီဟီ