Wednesday, November 12, 2008

လှမ်းထားတာပါ


လှန်းထားတာပါ

ဒီတစ်ခါ ပြောပြတာကတော့ မငယ်လေး (အမတွေက များတယ်.. အဟီး.. ကြွားတာ)..။ သူဘယ်က ဖတ်ခဲ့လဲ... မသိ... (မသိတွေ များနေပြီ ထင်တယ်နော်.. အဟွန်း)။ အမတွေဆီကနေ ရသမျှ အလကားနားထောင်ရပြီး ပြန်ဝေမျှလိုက်တယ် နော်......။ သိပ်များ ပင်ပန်းသွားမလားပဲ နော်...။ ဒါပေမယ့် ရှိစေတော့.. ဒီတစ်ခါ အနစ်နာခံလိုက် အုံးမယ်.. :P။

ဒီလိုလေ...။ စိတ္တဇဆေးရုံ တစ်ခုမှာပေါ့။ လူနာတစ်ယောက်က ရေနစ်ပါလေရော။ ဟော...... လူတစ်ယောက် ရေနစ်ပြီ.. လုပ်ကြပါအုံးပေါ့..။ ဘယ်သူမှ သွားမဆယ်ရသေးဘူးတဲ့။ အဲဒီအချိန်မှာ အခြားလူနာတစ်ယောက်က သွားကယ်တယ်တဲ့။ ဒါနဲ့ ဆရာဝန်တွေက သူ့ရဲ့ စိတ်ဟာ အကောင်းအတိုင်း ပြန်ဖြစ်လောက်ပြီတဲ့။ ဒါကြောင့်မို့သာ လူကို ကယ်နိုင်တာပေါ့လို့ စဉ်းစားကြတယ်။ သူ့ကိုလည်း ဆေးရုံက ဆင်းခွင့်ပြုဖို့ သဘောတူကြတယ်တဲ့။

ဒါပေမယ့်.. နောက်တစ်နေ့ကျတော့ ရေနစ်ခံရတဲ့ သူက ကြိုးဆွဲ ချပြီးသေသွားပါရောတဲ့။

ဒါနဲ့ ဆရာဝန်က သူ့ကို ခေါ်တွေ့တယ်ပေါ့။ “မင်းနေကောင်းသွားပြီ..။ ဒါကြောင့် ဆေးရုံက ဆင်းလို့ရပြီ” တဲ့။ “ဒါပေမယ့် မင်းကယ်လိုက်တဲ့ လူနာကတော့ သေသွားပြီကွာ..။ ဘာလို့ ဒီလိုဖြစ်သွားမှန်းမသိပါဘူး..။ ဘယ်သူက ဒီလိုလုပ်လိုက်တာလဲ မသိ” လို့ ဆရာဝန်က ညည်းညူရင်းနဲ့ ပြောလိုက်တာပေါ့ ။

ဒီတော့ သွားကယ်တဲ့ လူနာက “ ကျနော်ပဲ လုပ်ထားတာ” တဲ့။ ဆရာဝန်တွေက မျက်လုံးပြူးပြီး “ဘာလို့ ဒီလိုလုပ်ရတာလဲ” လို့မေးတဲ့အချိန်မှာ သူက ဘာပြန်ပြောလဲသိလား။

“ကျနော် သူ့ကို သွားဆယ်တုန်းက သူ့အ၀တ်တွေက စိုနေတယ်လေ.. ဒါကြောင့် သူ့ကို တန်းမှာ ကြိုးနဲ့ လှမ်းထားတာ... သူ့အ၀တ်တွေ ခြောက်အောင်လို့” တဲ့....။ (နောက်ဆုံးတော့ သူလဲ ဒီပုတ်ထဲက ဒီပဲ ပါပဲလားနော်..:(...)။

ကဲ ဆရာဝန်တွေခမျာ .... လွှတ်ပေးရမှာလား.. ပြန်ထားရမှာလား... ဘယ်လို ဆုံးဖြတ်ရမှန်းမသိ... ဘာပြောရမှန်းမသိ... မသိပေါင်းများစွာနဲ့.... ဖြစ်နေရတော့တယ်ကွယ်.........။ ဆရာဝန်တွေခမျာ သနားစရာနော်...။ ။

5 ပဲ့တင်သံ:

flowerworld said...

ဟားဟ..အဖြေကိုသိနေတယ်နော်....ရယ်ရပါတယ်
ရယ်သောသူအသက်ရှည်၏ဆိုတော့များများရယ်သွားတယ်
အသက်ပိုရှည်အောင်လို့.....ပျော်ရွှင်ပါစေနော်
ညီမလေး

Dr Phyo Wai Kyaw said...

အယ်

Welcome said...

၅၀%=၅၀%

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

ဇင်ယော် said...

အင်း ကြည့်ရတာ ရောင်ပြန်နဲ့  အမျိုးများ တော်မိလေသလား။ အတွေးအခေါ်ကောင်းလွန်းလို့  ပြောတာပါ။ ဟေဟေ.။

Anonymous said...

တော်သေးတာပေါ့ အ၀တ်အမြန်ခြောက်အောင် အညျစ်တာပဲ ကျေးဇူးတင်ရမလိုလို