Wednesday, November 12, 2008

စဉ်းစားနော်

ကဲဒီတခါ ဥာဏ်စမ်းလေးမေးအုံးမယ် ......
သိရင်လည်းဖြေပေါ့ မသိတော့လဲ ကြည့်ပေါ့နော်
သိပ်လဲမစဉ်းစားနဲ့နော်
ကဲစပြီ ...........
(1) စကားမပြော တတ်တဲ့သူက ကပ်ကျီး တောင်းချင်ရင် ဘယ်လိုလုပ်လဲ ........
(2) မျက်စိမမြင်တဲ့သူက ရေသောက်ချင်ရင် ဘယ်လိုလုပ်ပြမလဲ .........
ကဲစဉ်းစားနော် ...
အဖြေမှန်တွေကိုတော့ မပြောသေးဘူး
နောက်နေ့မှ ပြန်တင်ပေးမယ် ....


ကဲ ဘာလို့လာဖတ်တာလဲ နောက်နေ့မှ တင်မယ်ပြောထားတာ ဟွန်း ....

5 ပဲ့တင်သံ:

flowerworld said...

ညီမလေးကလဲအလွယ်လေး...
ကပ်ကြေးပုံစံလက်ကလုပ်ပြမှာပေါ့လို့..
မျက်မမြင်ကလား.. .ရေတစ်ခွက်လောက်ပေးပါလို့ပြောမှာပေါ့
နောက်နေ့မှပြောတာအစောင့်တော့ဘူးဗျို့
သိတာလေးဖောသွားတာ
ဒီထက်ခက်ခက်လေးမေးပါလားနှမတော်ရယ်..ငှဲငှဲ

Dr Phyo Wai Kyaw said...

ဟုတ်သားပဲ
လွယ်လွယ်လေးမေးပါနဲ့ဗျိုး
ခက်တာလေးမေးပါ

Anonymous said...

ဘာများလဲလို့

Anonymous said...

ဟုတ်ပွ ဟုတ်ပွ အဟီး

ဒီရေ said...

ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလို့ ဆိုထားပါတယ်။
မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ကျွန်မတို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။

(၂)

ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး


အားလုံး ဖြေကြည့်ကြပါနော်။ လူတော်တွေပဲဆိုတာ သိပါတယ်။ ရုံးပိတ်ရက်လေးမှာ ပျော်ပျော်ပါးပါး အပျင်းပြေပေါ့...း)
Answer...??????

(၃)

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?

ဝါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။

+++++++++++++++++++++++++
စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။
တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း)

အဖြေတွေကို ဒီမှာ လာကြည့်ဗျာ.... ကြော်ငြာတာ မဟုတ်ပါဘူး... ပျော်စရာလေး ဖန်တီးပေးတာပါ.. http://loveintoourminds.blogspot.com/2008/10/quiz.html