Tuesday, November 11, 2008

ဒီလိုလား


ဒီလိုလား

ဒီနေ့ ကျမရဲ့ အမကြီးက ဘယ်ဝက်ဘ်ဆိုဒ်က ရှာဖတ်တယ် မသိပါဘူး။ ဟာသလေး တစ်ပုဒ် ကျမကို လာပြန်ပြောပြတယ်။ ဒီလို မဖြစ်အောင် မျှဝေလိုက်တယ်နော်........ :P။ ဆက်ပြောမယ် ဒီလို........

တစ်နေ့မှာပေါ့...။ ကောင်လေးတစ်ယောက်က ကောင်မလေး တစ်ယောက်ကို ခိုးရာလိုက်ဖို့ ချိန်းတယ်တဲ့။ အဲ...... ညရောက်တော့ ကောင်လေးက သွားတာပေါ့။ အဲဒီမှာ ကောင်မလေးက သူ့အမေကို တောင်းပန်စာရေး နေတယ်တဲ့။ စာထဲမှာတော့ သမီး အမိုက်မကို ခွင့်လွှတ်ပါ.. ဘာညာ.. ကွိကွ... ရေးထားလိုက်ရော။ အဲဒီမှာ ကောင်လေးက ဘယ်လိုတွေးမိတယ် မသိပါဘူး။ ကောင်မလေးကို မခိုးပဲ ထွက်ပြေးသွားရောတဲ့။

ကောင်လေးက ဘာတွေးမိလဲ သိချင်လား?????????။

ကောင်လေးတွေးမိတာက “ဟင်....... ဒီလိုလား... လက်စသတ်တော့ သူက အမိုက်မကိုး။ သူမိုက်မှန်း အခုမှသိရတော့တယ်။ တော်သေးတယ် မှီသေးလို့... အချိန်ရှိတုန်း အမြန်လစ်မှ” တဲ့ ကဲ......... ဘယ်လောက်ဆိုးလဲ။

3 ပဲ့တင်သံ:

Unknown said...

တော် တော် တုံး တဲ့ လူ ဗျာ။ နောက် ဒီ လို မ့ ဖြစ် ရအောင် သင် ပေး တဲ့ အ တွက် ကျေးဇူး ပါ။

ဇင်ယော် said...

သီချင်းလေးပါ ဆိုသွားသေးတယ်တဲ့။ " စောစောစီးစီး သိလိုက်ရတာ ကံကောင်းလို့ ၊ ဘ၀နဲ့ မရင်းလိုက်ရတာ ကံကောင်းလို့  " တဲ့။ ဟေဟေ.။

Anonymous said...

တော်သေးတာပေါ့ ထွက်ပြေးရုံပဲ ပြေးလို့ ..
တော်ကြာ ငါ့နောက်လိုက်လို့ မိုက်တယ်လို့ ပြောရမလား ဆိုပြီး ရိုက်မထားခဲ့လို့ တော်သေးတယ်
သူ့ကို ယုံလိုက်တာ ကံသီလို့ အမှားကြီး မှားတော့မလို့ ဆိုပြီးလေ ( ကိုဇင်ယော်ရဲ့ သီချင်းကို ဆက်ဆိုလိုက်တာ :D )