Thursday, November 6, 2008

အကျင့်


အကျင့်

ကဲ........ စိတ်ရှုပ်လို့လဲ ၀ပြီ.... အဟိ (ကိုယ့်ဟာကိုယ် အပျင်းကြီးနေတာလည်း ပါတာပေါ့နော်...။) နောက်တစ်ခုက ဒီဘလော့ပေါ့... တကယ်စိတ်ပုတ်တယ်... ကိုယ့်သခင်တောင် ကိုယ်မမှတ်မိလို့ သခင်ငှားခေါ်ရတယ်..။ ကြည့်.. ဘယ်လောက်ဆိုးလဲ.. တကယ်..။ ... ခုတော့ ဟာသလေး တခုပြောပြမယ်..။ ဘယ်မှာဖတ်ရလဲတော့ မေ့သွားပြီ။(သတိက အဲလောက်ကောင်း.. ဟွန်း)။ ဖြစ်ပုံက... ဒီလို.. ဟိုလို... ။

တစ်နေ့မှာ အမျိုးသားတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်တဲ့။ (သူတို့ဟာ သူတို့ လက်ထပ်တာ ဘာအရေးလဲလို့ မမှတ်လိုက်နဲ့နော်.. ပြသနာက အဲဒီကစတာ)။ နောက်တစ်နေ့ကျတော့ အဲဒီအမျိုးသားက ရေးကြီးသုတ်ဖြာနဲ့ သူ့သူငယ်ချင်းဆီကို ရောက်လာသတဲ့။

အမျိုးသား။ ။ ဟေ့ သူငယ်ချင်း... ငါတော့ ပြသနာတတ်ပြီ ထင်တယ်ကွ။
သူငယ်ချင်း။ ။ ဟေ.. ဘာဖြစ်လို့လဲ..။

အမျိုးသား။ ။ ညတုန်းကကွာ..။ ငါ့မိန်းမနဲ့ အတူတူ အိပ်ပြီးတော့... ငါက အကျင့်ပါပြီး ပိုက်ဆံ ၅၀၀ ထုတ်ပေးလိုက်မိတယ်ကွ။
သူငယ်ချင်း။ ။ ဟင်.......... ဟုတ်လား။ အဲဒီတော့ မင်းမိန်းမက ဘာပြန်ပြောလဲ...။

အမျိုးသား။ ။ ဘာမှ ပြန်မပြောဘူးကွ။ အဲ..... ဒါပေမယ့် သူက ငါ့ကို ပိုက်ဆံ ၁၅၀ တော့ ချက်ချင်း ပြန်အမ်း ပေးတယ်ကွ။
သူငယ်ချင်း။ ။ ဟိုက်...........။ ။

14 ပဲ့တင်သံ:

Anonymous said...

ဟားဟ
မိုက်တယ် ရီရတယ် ..
ရောင်ပြန်ရေ စိတ်ရှုပ်လို့ ၀ရင်လည်း အများကြီးသာဆက်ရေးတော့ ..
ဘလော့ လေး မမှတ်မိတာလည်း သခင်က ပစ်ထားတော့ စိတ်နာလို့နေမှာပေါ့ :P

Welcome said...

လည်လွန်းတဲ့ဘီး ချေးသင့်၊ ဆိုသလိုပါပဲ၊ ဘ၀အမောတွေကြားမှာ ပြုံးပျော်အောင် ဖန်တီး ပေးတဲ့ သယ်ချင်းကို ကျေးဇူးပါ .. ..

အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

flowerworld said...

၁၅၀...ပြန်အမ်းပေးတယ်ဆိုတော့
ဈေးတော်လို့နေမှာပေါ့နော်...
လည်လွန်းတဲ့ဘီး..ချီးနင်းမိတာပေါ့

thihanyein said...

အင်းဘယ်လိုတွေးရမလဲမသိဘူး

khin oo may said...

ဟင်း ဟင်း ဟင်း (ရယ်သွားခြင်း )။ တကယ် ရယ်ရပါသည်။

ဇင်ယော် said...

အားရပါးရ ထိုင်ရယ်သွားတယ်ဟေ.။ အင်း ၁၅၀ ပြန်အမ်းတယ်ဆိုတော့ Discount ချထားတာလားမသိ။ စိတ်ရှုပ်လို့လဲ ၀ပြီဆိုတော့ ဘလော့ပေါ်မှာ အားရပါးရ ရှုတ်ပေတော့။

Anonymous said...

ဟားဟား
လာရယ်သွားတယ်ဟေ့
မင်းကတော့ လေ တကယ်ပဲ ပေါက်ပေါက်ရှာရှာ
ကောင်းတယ်ကွာ အားပေးတယ်

Anonymous said...

ဟိဟိဟိ အဲဒါပေါ့ဗျ
လူပါးပုလင်းထိတယ်
ဆိုတာပေါ့

တက်လူငယ် said...

ဟားဟားဟား...
အဲလိုကို ရီပစ်လိုက်တယ်ဗျာ။ တယ်လဲတတ်နိုင်ပါပေ့။
တွေးပြီး မရီရမနေနိုင်အောင်ပါဗျို့။ ဟိဟိ..

ရယ်သောသူ အသက်ရှည်၏
တက်လူငယ်...

Anonymous said...

ဟား ဟား ဟား ဟား
ရယ်ရတယ်ဗျာ
တကယ်
ပြန်အမ်းသတဲ့ ... အဲဒါက ရယ်ရတာ။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

မိုက်တယ်ဗျို့... တွေးပြီးရီရတယ်

စိုင်းစိုင်းလားရှိုး said...

ပြန်မအမ်းပါနဲ့တော့လို့ ပြောလိုက်ရမှာ အဟေး....

WWKM said...

ဟဟဟ ရယ်ရတယ် ညီမလေး ရေ.

Dr Phyo Wai Kyaw said...

တေရော