Monday, October 13, 2008

အချစ်ဆိုသည်မှာ..


အချစ်ဆိုသည်မှာ

လာပြန်ပြီ နောက် တစ် တက်ဂ်... (အီး........ ဟီး... ရွှတ်.. ပက်...)။ ကိုထူးမြတ် နဲ့ တီတီ dream ပေါ့။ အရမ်းဆိုးတာပဲ... တကယ်... ဟွန်း။ အရမ်းစဉ်းစား ရခက်တဲ့ ခေါင်းစဉ်ကိုမှ လာ တက်ဂ် ထားတာ။ နာမည်က အချစ်ဆိုသည်မှာ ဆိုတော့ အမုန်းမဟုတ်လို့ ပေါ့နော်.... ဟီဟိ။ အကြွေး တင်နေမှာ စိုးတော့ ရေးရတော့ တာပေါ့။ ပိုက်ဆံသာ အကြွေးတင်ချင် တင်ပါစေ။ အခု ဒီနေရာမှာတော့  အကြွေး အတင်ခံနိုင်ဘူး... အဟုတ်။

အားလုံးတော့ တခြားကိုကို မမတွေ.. မောင်လေး ညီမလေးတွေ ရေးတဲ့ အထဲမှာ ပါကုန်လောက်ပြီ ထင်တယ်။ ဒါကြောင့် နားလည်သလောက် တိုတိုရှင်းရှင်းပဲ ရေးတော့မယ်။ ကဲ... ရေးပြီနော်...။ အောက်မှာ ဆက်ဖတ်တော့... :P ။

အချစ်ဆိုတာ ဘယ်လိုတွေ အဓိပ္ပါယ် ဖွင့်ကြလဲ... ဘယ်လို လက်ခံထားလဲ.. သိပ်မသိဘူးနော်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ လက်ခံချက် အမျိုးမျိုးပေါ့နော်။ ရောင်ပြန်နားလည်တာက အချစ်ဆိုတာ ဆန်းကြယ်တယ်။ အံ့သြဖို့ ကောင်းလောက်အောင်ကို မျက်လှည့်ဆန်တယ် ဆိုတာပဲ (ဟီး.. ဘာရယ်လို့မဟုတ်..... လူ အထင်ကြီးအောင် စွတ်ပြောနေတာ...)။

အချစ်ဆိုတာ ဘယ်လိုမှ လုပ်ယူလို့ မရပဲ သူ့အလိုလို ဖြစ်ပေါ် ခံစားလာတာလို့ မြင်တယ်နော်။ လုပ်ယူတဲ့ ဟာကတော့ အတု အယောင်ပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဘယ်သူမှလည်း အတင်းစေခိုင်းလို့ မရဘူးလေ။ စိတ်ကူးထဲမှာ ဒီလိုလူမျိုးကို ချစ်မယ်လို့ စိတ်ကူး ပုံဖေါ်ထားပေမယ့် တကယ်တမ်း ချစ်ချင်မှ ချစ်တာလေ။ ကိုယ် လက်မခံချင်တဲ့ စိတ်မကူးမိတဲ့ ပုံမျိုးကိုလည်း ချစ်ချင် ချစ်နိုင်တာပဲ။ ဟုတ်ဘူးလား... (စစ်ကူတောင်း လှမ်းတောင်းတာ.. :P)။

အချစ်ကြောင့် မိုက်ရူးရဲ ဆန်နိုင်သလို၊ အချစ်ကြောင့်လည်း သတ္တိတွေ ရှိလာနိုင်တယ်။ ပြောရရင် အချစ်က သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးပေါ့နော်.. အဟိ။ အချစ်ဟာ အချိန် အပိုင်းအခြားမရွေး ဖြစ်တည် လာနိုင်တယ့် သဘောရှိတယ်.... (အချစ်ဆရာမကြီး.. ဟုတ်ဘူးနော်...ထင်တာကို ပြောတာ)... ဟွန်း။

ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆိုတဲ့ ချစ်ခြင်း နှစ်မျိုးရှိတယ်တဲ့ (ရုပ်ရှင်ထဲမှာ ကြားဖူးတာ.. အပြင်မှာလည်း ပြောနေကြတာပဲ...အဟင်း)..။ ဘယ်လို ကွာခြားလဲတော့ သိပ်မသိပါဘူး။ နှစ်ခုစလုံးကတော့ သူ့ဟာနဲ့ သူ အရေးကြီးမယ် ထင်တာပဲ (ထင်တာတွေ များလွန်းနေပြီ... ထင်တယ်နော်.. ဟာဟ)။

ပြီးတော့ အချစ်ဆိုတာ ပူလောင်ခြင်း၊ ၀မ်းနည်းခြင်း၊ အေးချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေကို တစ်လှည့်ဆီ ပေးနိုင်တယ်လို့ ထင်တယ်။ တစ်ခါတစ်လေကျရင် အဲဒီအချစ်ကို မခံစားချင်ဘူး။ အချစ်ကို ကြောက်ကြပေမယ့် အဲဒီ ချစ်ကလည်း ဘယ်သူမှ မလွတ်ကင်း နိုင်ပြန်ဘူး ( ရှုပ်နေတာပဲ နော်)။

အချစ်မှာ အတ္တတို့၊ မာနတို့၊ ၀န်တိုမှုတို့ မရှိဘဲ နားလည်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ စာနာမှု၊ လေးစားမှု စတာတွေနဲ့ ပြည့်နှက်နေရင်တော့ အကောင်းဆုံးပေါ့နော်။ ဒီလောက်ပဲ ပြောတတ်တော့တယ်။ ရေးရင်းရေးရင်း ကိုယ့်ဟာကိုယ် လည်နေလို့... :P........။




3 ပဲ့တင်သံ:

Anonymous said...

ဟဟ သူက မသိဘူး မသိဘူးနဲ့
တော်တော် ကုန်သွားပြီနော် ပြောလိုက်တာ :P
တော်သေးတာပေါ့ မသိလို့
သိရင် စာအုပ်ထုတ်မလား မသိဘူး .. :P

အချစ်က သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးပေါ့နော်.. အဟိ။ အချစ်ဟာ အချိန် အပိုင်းအခြားမရွေး ဖြစ်တည် လာနိုင်တယ့် သဘောရှိတယ်....
အဟား တစ်ကယ့် လက်ချာပေးနေတဲ့ ဆရာမကြီး လေသံအတိုင်းပဲ :P
နောက်တာနော် .. :P

Dream said...

အချစ်က သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး/
ဟဲဟဲ.. မှတ်သားစရာ တစ်ခုတိုးသွားပြီ..
ရေးပေးတဲ့အတွက်ကျေးဇူးပါတီတီယောင်ပန်ရေ.. :P :P

အာဝါးးးးးးးးးးး ။

Anonymous said...

အလဲ့ တယ်စာတဲ့ဆိုပါလား
မှတ်သားလောက်ပါပေတယ်ဗျာ