Tuesday, October 7, 2008

ရောင်ပြန်ရဲ့ ဖြစ်သလိုလေးတွေ

ရောင်ပြန်ရဲ့ ဖြစ်သလိုလေးတွေ

ဦးဦးအိမ်က တက်ထားတယ် လာကြည့်ဆိုတော့ ခေါင်းက ကြီးပြီးရင်း ကြီးပြန်၊ မျက်လုံးက ပြူးပြီးရင်း ပြူးလာပြန်ပဲ…အဟွန်း ။ ဒါနဲ့ comment လေးတွေကို ဆက်ဖတ် နေတယ်ပေါ့။ လာပြန်ပြီ....တစ်ယောက် ။ ဦးဦးမိုးသောက် ကလည်း တက် ထားတယ်တဲ့။ ဘုရား၊ တရား တလို့ သွားကြည့်တော့ တော်သေး။ ရေးခိုင်းတာက အတူတူ ဖြစ်နေလို့။

ရေးခိုင်းတဲ့ ခေါင်းစဉ်ကို ကြည့်လိုက်တော့… အယ်…. ဖြစ်သလို စားတာလေးများ တဲ့။ အဲဒါမှ ဒုက္ခ ကိုယ့်ဟာကိုယ် အပျင်းကြီးတာ သူများသိတော့မှာပဲ။ ဒီလို နေလို့တော့ ပြီးသေးပါဘူး။ ရေးဦးမှပဲ ဆိုပြီး ကွန်ပြူတာရှေ့  ထိုင်လိုက်တယ်။ ဖြစ်သလို လုပ်ငန်း အဲလေ… ဇာတ်လမ်း ဒီမှာတင် စပြီပေါ့။ ကားလိပ်ဖွင့်… အဲလေ……မှားလို့…။


ရောင်ပြန်က အိမ်မှာဆို ချေးအများဆုံးထင်တယ်။ အစားအသောက် ကိုပြောတာ တစ်မျိုးမထင်နဲ့ ….. ဟွန်း။ အသားဆို ကြက်သား၊ ၀က်သား ကလွဲလို့ နှစ်နှစ်သက်သက် သိပ်မစားဖြစ်ဘူး။ ငါးတောင် သားရေထူတဲ့ ငါးခူတို့ ငါးပူတင်းတို့ဆို စားချင်ဘူး။ ဖြစ်ချင်တော့ အိမ်က အမနဲ့ အမေတွေက ငါးခူဆို အရမ်းကြိုက် ဆိုတော့ ပြသနာက စပြီပေါ့။ ဒီနှုတ်ခမ်းမွေးနဲ့ ငါးခူကိုများ ဘာလို့ ကြိုက်ကြလည်း မသိဘူး။ အဟုတ်…..။

ဒီတော့ မကြိုက်တာကိုတော့ အောင့်မစားနိုင်ဘူးလေ။ အသက်သေရင် သေပါစေ... ဟွန်း။ နှုတ်ခမ်းစူရင်း ဖြစ်သလိုလွေးရတော့တာပေါ့။ ငါးခူ အဖတ်သာမစားတာ ဖြစ်သလို ဟင်းရည်တော့ စားတယ်.. အဟိ။ တစ်ခါတစ်လေ ဖြစ်သလို ငါးပိကြော်နဲ့လည်း စားရတာပဲ။

မားမားထုပ်နဲ့လည်း ပြီးရတာပေါ့။ တော်သေး ရောင်ပြန်က မားမား အရမ်းကြိုက်လို့။ ငါးခြောက်လေးကို ကျွတ်ကျွတ်ကြော်ပြီး ရေဆမ်းနဲ့လည်း လွေးရတာပဲ။ တစ်ခါတစ်လေတော့ ကြုံသလို ကွတ်တီယို( ယိုးဒယားခေါက်ဆွဲ) ၀ယ်စားလိုက်တာပဲ။ ဟီး….ပျင်းချက်က ကန်းကုန်တယ်ဟုတ်.....။

တစ်ခါတစ်ခါဆို ရှိတဲ့ အသီးတွေ အရည်တွေ အကုန် ကုန်ပြီမှတ်။ အဲဒီအတွက် မေမေ့ကို တည့်အောင် ပေါင်းထားရတယ် သိလား။ လူကြီးဆီမှာက ဓါတ်စာတွေ ပိုရှိတယ်လေနော်။ မေ့မေ့ ဆီမှာ အမတွေမသိအောင်ချွဲလို့ စားနေကျဆိုတော့ အဆင်ကို ပြေရော… ဟီး။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ အိမ်ကို ဧည့်သည်ရောက်ပါလေရော။ အစားကောင်း စားရမယ်လို့ အထင်မစောနဲ့။ ပဲပြုတ်ခြောက် တစ်ထုပ်ကြီး ယူခဲ့တယ်ရှင့်။ ဒီတော့ နေ့တိုင်း ဖြစ်သလို ထမင်းကြော်ပေါ့.. ဟာဟ.. ကြွားတာ။

တစ်ခါတုန်းကဆို အခြေအနေတော်တော်ဆိုးတယ်။ သူငယ်ချင်းတွေနဲ့ ဘုရားသွားတုန်း ဇွန်းမရှိ၊ ပန်းကန်မရှိနဲ့.. ဖြစ်သလို ဘူးသီးကြော်နဲ့ ၀ိုင်းစားကြတာ။ ဖြစ်သလိုပေမယ့် ။ ထမင်းမြိန်တယ်။ ပျော်တယ်ပေါ့။ တစ်ခါတစ်လေ လမ်းထဲမှာတောင် ဗိုက်ဆာရင် ကြုံသလို စားတတ်တယ်...ဟီဟိ..။ ပြောရင်းဆိုရင်းနဲ့ စားချင်လာပြီ … ရွှတ်… ရှလွတ်..။ ။

8 ပဲ့တင်သံ:

Anonymous said...

ဟဟ ငါးခူမကြိုက်တဲ့ သူက ငါးခူအရည်တော့ ကြိုက်တယ်ပေါ့လေ ....
ထမင်းကြော်ရယ် ငပိကြော်ရယ် ပဲပြုတ်ဆီဆမ်းလေးရယ်
ရေနွေးကြမ်းလေးရယ်ဆို အရမ်း လိုက်မှာပဲနော် ..
ရှလွှတ် ...
ဗူးသီးကြော်နဲ့ စားရတာလည်း ဂွတ်တာပဲ ...
ဖြစ်သလို ကြုံသလိုတွေက ရှယ်တွေပါလားနော် ..:P
ရောင်ပြန်ရေ အခုလို ရေးပေးတာ ကျေးဇူးနော် ရှဲ့ရှဲ့ :P

megumi said...

ဟိ ဟိ ၊ စားတာတွေက ကျမနဲ့ သိပ်ထူးမခြားနားပါလား။ ကံချင်းကလည်း တူသေးတယ်နော်။ နှစ်ယောက်စလုံးဆီက TAG ခံရတယ်လို့။ ကျမကောပဲ။ :P :P

Anonymous said...

သိပါဘူး ချေးအများဆုံးဆိုတော့ ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကောင်မလေးကတော့လုပ်ပြီ ဖြစ်သလိုစားတာတွေ ရေးပါဆိုမှ ဘယ့်နဲ့ ဒါကြီးရေးသလာဆိုပြီးဆက်ဖတ်တော့မှ ဟီ အကြောင်းးစုံ
သိတော့တယ်။ ငါးပူတင်းမစားဘူးဟုတ်လား ညံ့ပါ့ဗျာ ငါပူတင်းက သည်းခြေဆို အရမ်းကောင်းတယ်လို့ ပြောကြတယ် စားကြည့်ပါလားဟင်။
ခေါက်ဆွဲလဲ သိပ်မစားနဲ့ တော်ကြာမိန်းမ ထိပ်ပြောင်ကြီး ဖြစ်နေမယ်နော် ဟီ။ခေါက်ဆွဲထဲ ဆော်ဒါပါတာ အရမ်းများတယ်လို့ ကြားဖူးလို့ပါ။
ဟိဟိဟိ

flowerworld said...

ငါးပူတင်းမစားဘူးဆိုတာသတင်းရလို့ အိမ်အလည်ခေါ်ရင်ငါးပူတင်းခြောက်ကြီးပဲ ကြော်ကျွေးမယ် ..ဟဟ..

သံလွင် HeRo said...

ရောင်ပြန်ရေ...ချေးများရင်နောက်တစ်ခါရေထပ်ချိုးလေ
ပြောင်အောင်တိုက်နော်...အဲဘွာတေးယောင်လို့
ငါးခူမကြိုက်တာကဟုတ်ပါပီ...ငါးပူတင်းကစားလို့ရလား
ဟင်...တားတားတော့တိဝူး...ဟီး

မသက်ဇင် said...

အစားကောင်းကြိုက်တယ်ပေါ့လေ----
ရေးပြနေတာတွေက သွားရည်ယိုစရာပါလား
လက်တွေ့လည်းမစားရနော်---

လာလည်ရင်ကျွေးမှာလား---
ခင်မင်လျက်
မသက်ဇင်

Anonymous said...

ဖြစ်သလိုစားတဲ့သူကလဲ.. မားမားထုပ်လေးမှာတောင် ငါးခြောက်သေးသေးလေးတွေ ကြွပ်ကြွပ်ကျော်ထည့်လိုက်သေးတယ်.. ဟား.ဟား.. အကောင်းကြိုက်.. မဗေဒါလဲ.. မကြိုက်တဲ့အရာဆိုရင်တော့မစားဘူး.. ကိုယ်တိုင်လဲထမလုပ်ဘူး..ဟီး။။ ဒီလိုပဲဗိုက်မှောက်နေတတ်တယ်.. ငါးအသားမကြိုက်ပေမဲ့.. ရောင်ပြန်လိုပဲ မြန်မာပြည်မှာတုန်းက ငါးဟင်းရည်နဲ့တိုးတိုးအာလူးကြော်နဲ့နယ်စားတတ်တယ်.. ..

Anonymous said...

ဟာ ဖြစ်သလိုကလည်း စားချင်သွားပြီ
:D
ခေါက်ဆွဲကြိုက်တာချင်းတော့တူတယ် :D