Monday, October 6, 2008

အိပ်မက်တစ္ဆေ


အိပ်မက်တစ္ဆေ

လူခြေတိတ်စ
ညသန်းခေါင်မှာ
ခြောက်ခြားလှစွာ
အိပ်မက် တစ်ခု
ငါမြင်မက်မိပေါ့.................။

ကူကယ်သူမဲ့
စာနာသူကင်း
အားပေးသူ နတ္ထိ
ကြောက်စရာ မျက်နှာကြီး တစ်ခုသာ
ငါ့ ပြေးလမ်းပေါ် ပိတ်ဆို့
ငါ့ အာရုံကို ၀ါးမြို
ငါ့ အိပ်မက်ကို ရုပ်ဆိုးစေခဲ့တယ်............။

လူတကာက
အပူပင်ကင်းစွာ
အိပ်မက်လှလှ မက်နေချိန်မှာ
ငါ့ လိုအိပ်မက်ဆိုး
ဘယ်နှယောက်များ မက်နေလေမလဲ..................။

အကယ်၍များ သိခဲ့ရင်
ဘ၀တူချင်း
ကူညီရင်းနဲ့
တူညီလက်များ
ထွေးကိုင်ဆုပ်ကာ
အိပ်မက် တစ္ဆေကို
တန်ပြန် တွန်းလှန်
အံတုလိုက်ချင်ပေရဲ့.................။ ။

7 ပဲ့တင်သံ:

မသက်ဇင် said...

ကဗျာတွေလာဖတ်တယ်----
ဆက်ရေးပါ အားပေးနေပါတယ်--
ဓါတ်ပုံလေးတင်ထားတာလည်း
ကဗျာနဲ့ လိုက်ပါတယ်---
ကဗျာဆိုတာများများရေးလေ လှပလေပါပဲ--

စိုင်းစိုင်းလားရှိုး said...

တစ္ဆေ ဆိုရင် မကောင်းဆိုးဝါးပဲ
တူတူတွန်းလှန်ပစ်မယ် လေးဂွနဲ့ပစ်မယ်
သရေကွင်းနဲ့ ပစ်မယ်၊ မကြောင်နဲ့နော်။

စိုင်းစိုင်းလားရှိုး said...

မကြောက်နဲ့လို့ပြောတာ ကြောက်နဲ့

Anonymous said...

ဘာကို ထိတ်လန့်နေမှန်း အတိအကျမသိပေမယ့်
ကဗျာလေးက အရမ်းကို ပေါ်လွင်ပါတယ် ..
ပုံလေးကလည်း ကဗျာလေးနဲ့ လိုက်ဖက်တယ် ..
အားပေးပါတယ်ဗျာ ..

ဇင်ယော် said...

အမလေးဗျာ ကြံကြံဖန်ဖန် အိမ်မက်ထဲ တစ္ဆေထည့် မက်ရတယ်လို့ ။ ဇင်ယော်တို့ ဆို အိမ်မက် မက်ရင် ဟောလီးဝုဒ်၊ဘောလီးဝုဒ် နဲ့  ကိုရီးယားစတား ကောင်မလေးတွေ တန်းကိုစီနေတာပဲ။

Anonymous said...

ကြည့်ရတာ ည..ည ဘုရားမရှိခိုးဘူးထင်တယ်
ကောင်မလေးနော် မိန်းကလေးဖြစ်ပြီးအဲဒီ လောက်တောင်ပဲပျင်းရသလား။

သဇင်ဏီ said...

မိုက်တယ်...