Sunday, October 5, 2008

ကလေး မွေးနိုင်ဆုံးသူ


ကလေး မွေးနိုင်ဆုံးသူ

ဖတ်ခဲ့ရတဲ့ ပျော်ရွှင်ဖွယ်ရာ ဥာဏ်စမ်း ပဟေဠိ စာအုပ်ထဲက အမေးအဖြေလေးတွေကို မျှဝေလိုက်တယ်နော်။ သေချာ စဉ်းစားပြီးမှ ဖြေနော်။ မေးခွန်းက.......

ကမ္ဘာပေါ်မှာ ကလေး အများဆုံး မွေးနိုင်ဆုံးက ဘယ်သူတွေလဲ?”.... တဲ့။ စဉ်းစား ပြီးပြီဆိုရင် အောက်မှာ အဖြေတိုက် ကြည့်ရအောင်နော်။

အဖြေက... “ သားဖွား ဆရာမတွေပါ”.... တဲ့။ ကဲ....သိပြီလား။ ။

3 ပဲ့တင်သံ:

Anonymous said...

မှားတယ် မိန်းမတွေ...........
သူတို့ပဲ မွေးကြတာလေ ဟုတ်တယ်ဟုတ်
ဟိဟိဟိ

Anonymous said...

ဟဟ အဖြေက တစ်ကယ် သဘောကျစရာကောင်းတယ်
ဆရာဝန်ကြီးတွေလည်း ဖြစ်နိုင်တာပဲနော့်
ပြီးတော့ အရပ်လက်သည်တွေလည်း ရှိသေးတယ် ..
ပြီးတော့ ကျနော့် မေမေ.:P
မေမေနဲ့ ဖေဖေက အရမ်းချစ်ကြတာ
မောင်နှမ ၇ ယောက်တောင်ရှိတယ် ..
အိမ်မှာဆို တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ ဆူညံနေတာပဲ :P
အကြီး ၄ ယောက်က အိမ်ထောင်ကျပြီး ကလေးတွေ ထပ်မွေးထားတော့ သီတင်းကျွတ်တွေ ဘာတွေ အိမ်လာကန်တော့ရင်
ဘယ်သူ့ ကလေးမှန်းကို မသိဘူး ၀ုန်းဒိုင်းကြဲနေတာ ..
ဖေဖေနဲ့ မေမေ ချစ်ပုံများပြောပါတယ် :P

သက်တန့် said...

ဆရာဝန်လို့ စဉ်းစားမိတယ်...
နည်းနည်းပဲ လွဲသွားတာပါ... အဟား... :D