Friday, October 3, 2008

မြန်အောင်လို့ပါ


မြန်အောင်လို့ပါ..

၁၀ တန်းတုန်းက ဖတ်ဖူးခဲ့တဲ့ ဟာသလေး တစ်ခုပေါ့ နော်...။ ရုတ်တရက် သတိရလာလို့ ညီအစ်ကို မောင်နှမ တွေကို မျှဝေ ပေးလိုက်တယ်..။ ဒီလို....။

တစ်ခါတုန်းက မုဆိုးမလေး တစ်ယောက်ဟာ မကြာသေးမီက သေဆုံးသွားခဲ့တဲ့ သူ့ ယောက်ျားရဲ့ မြေပုံ (အုတ်ဂူ) လေး ဘေးမှာ နေ့တိုင်း ယပ်တောင်လေး တစ်ချောင်းနဲ့ ယပ်ခပ်ရင်း ငိုငိုနေ သတဲ့။

လူတွေကတော့ သူ့ယောက်ျားကို အရမ်းချစ်ရှာ တာကိုးဆိုပြီး သနားနေကြတာပေါ့ကွယ်။ ဒါနဲ့ တစ်နေ့တော့ မိန်းမကြီး တစ်ယောက်က မနေနိုင် မထိုင်နိုင် သွားမေးမိပါရော။ အဲ... သွားနှစ်သိမ့် တယ်ဆိုရင် ပိုမှန်တာပေါ့။ သိပ်လည်း ၀မ်းမနည်းဖို့၊ တရားသဘောနဲ့ ဖြေဖို့ စတဲ့ သင်္ခါရ တရားတွေကို ပြောပြတာပေါ့ ကွယ်..။

ပြီးတော့ ဘာဖြစ်လို့ ဒီလို လာငို နေရတာလဲ လို့ မေးလိုက် သတဲ့။ အဲဒီတော့ သူမက ဘာပြန်ပြောလဲ သိလား? ။ သူမရဲ့ ယောက်ျား မသေခင် မှာသွားတာ ရှိလို့ပါတဲ့။ အဲဒါက ဘာလဲဆိုတော့ သူမရှိတော့ရင် တစ်ပင်လဲလို့ တစ်ပင်ထူတာကို အပြစ် မပြောလိုပါဘူးတဲ့။

ဒါပေမယ့် နောက်အိမ်ထောင် ပြုတော့မယ်ဆိုရင် သူ့မြေပုံလေး ခြောက်မှ ပြုပါတဲ့။ ဒါကြောင့် သူမက မြေပုံ မြန်မြန် ခြောက်အောင် ယပ်ခပ် ပေးနေရတာတဲ့ကွယ်......... ကဲ.... ဘယ့်နှယ်ရှိစ။ မိန်းမကြီးမှာတော့ ဟိုက်.... လို့ အော်ရုံမှ တပါး အခြားမရှိ ပါလေတော့။ ။

7 ပဲ့တင်သံ:

ဇင်ယော် said...

ညညကျ အုတ်ဂူကို ရေသွားသွားလောင်းရမယ်။ ဟဲဟဲ ။ ကဲ မှတ်ကရော။

Anonymous said...

သြော်ကြိုက်မကြောက် ငတ်မကြောက်ဆိုတာဒါမျိုးပါလား အနိစ္စ ဒုက္ခ အနတ္တ ....ဟီး..ဟီး..ဘာမှလဲဆိုင်ဘူး နော်

Anonymous said...

ဟားဟ တော်တော် ရီရတယ် ဟာသလေးက
မီးဝေးရင် ချိတ်မာတတ်တာ သဘာဝပဲလေ ..
ဟာသလေး ဆိုပေမယ့် သဘာဝ ကို ထင်ဟပ်နေတာမို့လို့
သတိထားစရာပါပဲဗျာ ..
တစ်ကယ်လို့ များ ချစ်တဲ့သူရှိခဲ့ရင်တော့
ပစ်မထားမိအောင် ဂရုစိုက်ရမှာပေါ့ ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :)

megumi said...

ဟောတော့။ :P :P

စိုင်းစိုင်းလားရှိုး said...

မိုးအဆက်မပြက်ရွာပါစေ

Anonymous said...

ဒါလဲ ယောကျာင်္းကိုချစ်နည်းတမျိုးပေါ့
စကားကိုမြေ၀ယ်မကျနားထောင်တာလေ

အလင်းစေတမန် said...

ရယ်ရတယ်ဗျို့ ဗြဲ