Thursday, May 1, 2008

သူကြိုက်တာ



သူကြိုက်တာ

ရွာအထက်တန်းကျောင်းခွဲလေးတစ်ကျောင်းမှာ ဆရာမကြီးတစ်ယောက်က အရမ်းစည်းကမ်းတင်းကြပ်တယ်တဲ့။ ဒါကြောင့်--ကျောင်းသားတွေအားလုံးကလည်း ဆရာမကြီးကိုလေးစားကြတယ်။ ဘာဖြစ်ဖြစ်ပြန်မပြောဝံ့ကြဘူးပေါ့။
တစ်နေ့တော့ ဆယ်တန်း(Bio) ခန်းမှာ အရမ်းကိုဆူညံနေကြတယ်။ ဖြစ်ချင်တော့ အဲဒီအခန်းက ရုံးခန်းနဲ့ကပ်ရပ် အခန်း---ကံကလည်းကောင်းတယ် အဲဒီနေ့မှာမှ အစည်းအဝေးရှိရတယ်လို့။ ဒါနဲ့ဆရာမကြီးက အရမ်းစိတ်ဆိုးပြီး ရောက်လာပါလေရော။ အမှန်က ဆူညံတာယောက်ျားလေးတွေမဟုတ်ဘူး။ မိန်းကလေးတွေ----ဘင်ခရာတီးကစားနေကြတာ။ ဒါပေမယ့်- သူတို့အားလုံး စည်းလုံးကြတယ်။ ဘယ်သူလုပ်တယ်ဆိုပြီးမပြောကြဘူး။ ငြိမ်ခံနေကြတယ်။ ဆရာမကြီးက နင်တို့ဟာကြီးလေ ချဉ်လေ သံပုရာသီးမျိုး၊ ဒီအချိုးတွေကိုငါကြိုက်ဘူးနော်၊ ကြပ်ကြပ်သတိထားကြတဲ့----- တစ်ခန်းလုံး အပ်ကျသံမကြားရအောင်တိတ်ဆိတ်နေတယ်။ ဒါပေမယ့် ဆရာမကြီးထွက်သွားပြီးမကြာခင် ကျောင်းသားတစ်ယောက်ပြောတဲ့စကားကြောင့်အားလုံးဝါးခနဲရယ်လိုက်ကြတယ်။ ကျောင်းသားပြောတာကိုကြည့်အုံးလေ သူကငါတို့ကိုဘယ်ကြိုက်မလဲ-- သူကြိုက်တာက သူ့ယောက်ျားလေတဲ့---ကဲ ။ ။

0 ပဲ့တင်သံ: