Monday, April 28, 2008

တို့ကျောင်းတော်


တို့ကျောင်းတော်

မနက်ချိန်ခါ တေးသံသာ
တို့ကျောင်းတော်မှာ ကြားရတာ
ပန်းကလေးများ တေးဆိုသီ
တို့ကျောင်းတော်တစ်ခွင် ပျံ့လွင့်ပြီ-----------။

တို့ကျောင်းတော်ကြီး သာယာတာ
သီးပင်၊ စားပင် ဝေေ၀ဆာ

ကြီးမားလှတဲ့သစ်ပင်များ
တို့ကျောင်းတော်ကို အုပ်မိုးထား------။

မြက်ခင်းပြင်လေးစိမ်းလန်းကာ
တို့ကျောင်းတော်ကြီး ချစ်စရာ
ဝင်းမှည့်နေတဲ့ စပါခင်းများ
တို့တတွေရဲ့စုပေါင်းအား------။

စိတ်ဓါတ်၊ စည်းကမ်း ကောင်းခိုင်မာ
တို့ကျောင်းတော်ကသင်ပေးတာ
နာသုံးနာကိုအရင်းတည်
ဆရာများကျေးဇူး ကြီးမားသည်
လူရည်ချွန်များတိုးပွားလာ
တို့ကျောင်းတော်ရဲ့စွမ်းအားပါ
ကျောင်းကလေးက ငယ်သော်ငြား
တို့တွေတွက်တော့ ကျေးဇူးလွန်ကြီးမား-------။

ကျောင်းသူ၊ သားများစုပေါင်းညီ
တို့ကျောင်းကြီးရဲ့ ဂုဏ်ဆောင်သည်
သီးနှံရောင်းတဲ့ ရန်ပုံငွေ
ကလေးများတွက် အဟာရပေ
ကလေးတွေရဲ့ ဆုတောင်းသံ
တို့များရဲ့ အားမာန်---------။

တို့အားလုံးရဲ့ မိခင်ဟာ
ငါတို့ကျောင်းကြီးပါ
အခုများတော့ တစ်မြေဆီခြား
တို့တတွေရင်ထဲ မီးတွေပွား----။

ကျောင်းတော်ကြီးက အထီးကျန်ကာ
ငါတို့တွေကို စောင့်မျှော်ရှာ
ကံမကုန်လို့ ပြန်ဆုံရင်
တို့ကျောင်းတော်အကြောင်း ပြောမဆုံးပင်------။

ခုနေခါတော့ကျောင်းကြီးအို
မျက်ရည်ယိုကာငို
သူ့ရဲ့ရင်သွေးကလေးများမှာ
ဒီမိုကရေစီရေးအတွက်ကြိုးပမ်းရှာ
ငါတို့အားလုံးစုပေါင်းကာ
နိုင်ငံ့ဂုဏ်ကိုပြန်ဆယ်မှာ
နောင်မျိုးဆက်ရဲ့အားမာန်ဟာ
တို့ပြည်လွတ်လပ်ရေးအတွက်ပါ--။ ။

0 ပဲ့တင်သံ: