Wednesday, April 30, 2008

မွေးနေ့

မွေးနေ့

သူငယ်ချင်း

မင်းမွေးနေ့မှာ မင်္ဂလာ
ပျော်ရွှင်မှုအပေါင်း
အစဉ်ခညောင်းစေ-----။


မင်းအတွက်

မွေးနေ့ဆုတောင်း
နှစ်တွေပြောင်းလည်း
မင်းရဲ့ယုံကြည်ချက်နဲ့အတူ
ထာဝရရှင်သန်ပြီး
မင်းရဲ့ ရည်မှန်းချက်တွေ
ပြည့်ဝအောင်မြင်ကာ
မင်းရဲ့အနာဂါတ်ကို
ပျော်ရွင်စွာလျှောက်လှမ်းနိုင်ပါစေလို့------
'Happy Birthday'-------------။

စိတ်ဝင်စားသေးရင်...

ဂျစ်တယ်


ဂျစ်တယ်

မြန်မာပြည်ရဲ့ မြို့ငယ်လေးတစ်မြို့မှာရှိတဲ့ အထက်တန်းကျောင်း လေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပေါ့။

တစ်နေ့တော့ ဆယ်တန်းကျောင်းသားလေးတစ်ယောက်က ငါးတန်းကကျောင်းသူလေးတစ်ယောက်ကို အရူးအ မူးဖြစ်ပါလေရော။ ဒါနဲ့ ချစ်တဲ့အကြောင်း သီကုံးရေးပြီးရင်ဖွင့်တော့တာပေါ့။ ညီမလေးကို ကိုယ်အရမ်းချစ်ပါတယ် ဘာညာပေါ့နော်။ အဲ--- နောက် ရက်များမကြာမီမှာတော့ ကောင်မလေးဆီကပြန်စာရလာတော့ ၀မ်းသာ အားရနဲ့ဖွင့်ဖတ်အကြည့် ရေးထားတာက ညီမလေးလည်းကိုကြီးကို ဂျစ်ပါတယ် တဲ့။ ကဲ-----။

စိတ်ဝင်စားသေးရင်...

Monday, April 28, 2008

တို့ကျောင်းတော်


တို့ကျောင်းတော်

မနက်ချိန်ခါ တေးသံသာ
တို့ကျောင်းတော်မှာ ကြားရတာ
ပန်းကလေးများ တေးဆိုသီ
တို့ကျောင်းတော်တစ်ခွင် ပျံ့လွင့်ပြီ-----------။

တို့ကျောင်းတော်ကြီး သာယာတာ
သီးပင်၊ စားပင် ဝေေ၀ဆာ

ကြီးမားလှတဲ့သစ်ပင်များ
တို့ကျောင်းတော်ကို အုပ်မိုးထား------။

မြက်ခင်းပြင်လေးစိမ်းလန်းကာ
တို့ကျောင်းတော်ကြီး ချစ်စရာ
ဝင်းမှည့်နေတဲ့ စပါခင်းများ
တို့တတွေရဲ့စုပေါင်းအား------။

စိတ်ဓါတ်၊ စည်းကမ်း ကောင်းခိုင်မာ
တို့ကျောင်းတော်ကသင်ပေးတာ
နာသုံးနာကိုအရင်းတည်
ဆရာများကျေးဇူး ကြီးမားသည်
လူရည်ချွန်များတိုးပွားလာ
တို့ကျောင်းတော်ရဲ့စွမ်းအားပါ
ကျောင်းကလေးက ငယ်သော်ငြား
တို့တွေတွက်တော့ ကျေးဇူးလွန်ကြီးမား-------။

ကျောင်းသူ၊ သားများစုပေါင်းညီ
တို့ကျောင်းကြီးရဲ့ ဂုဏ်ဆောင်သည်
သီးနှံရောင်းတဲ့ ရန်ပုံငွေ
ကလေးများတွက် အဟာရပေ
ကလေးတွေရဲ့ ဆုတောင်းသံ
တို့များရဲ့ အားမာန်---------။

တို့အားလုံးရဲ့ မိခင်ဟာ
ငါတို့ကျောင်းကြီးပါ
အခုများတော့ တစ်မြေဆီခြား
တို့တတွေရင်ထဲ မီးတွေပွား----။

ကျောင်းတော်ကြီးက အထီးကျန်ကာ
ငါတို့တွေကို စောင့်မျှော်ရှာ
ကံမကုန်လို့ ပြန်ဆုံရင်
တို့ကျောင်းတော်အကြောင်း ပြောမဆုံးပင်------။

ခုနေခါတော့ကျောင်းကြီးအို
မျက်ရည်ယိုကာငို
သူ့ရဲ့ရင်သွေးကလေးများမှာ
ဒီမိုကရေစီရေးအတွက်ကြိုးပမ်းရှာ
ငါတို့အားလုံးစုပေါင်းကာ
နိုင်ငံ့ဂုဏ်ကိုပြန်ဆယ်မှာ
နောင်မျိုးဆက်ရဲ့အားမာန်ဟာ
တို့ပြည်လွတ်လပ်ရေးအတွက်ပါ--။ ။

စိတ်ဝင်စားသေးရင်...

Sunday, April 27, 2008

သူငယ်ချင်း

သူငယ်ချင်း

တစ်နယ်တစ်ကျေး
အနေဝေးလည်း
သွေးမအေးပဲ
သတိရနေမြဲပါ----------။
ငယ်စဉ်ကလေးဘ၀က
ခင်မင်လာခဲ့သူမို့

ရာသီတွေဟောင်း
နှစ်တွေပြောင်းလည်း
မေ့မရတာ သဘာဝပါ---------။
တို့သူငယ်ချင်းတွေ
စုဆုံရာဖြစ်တဲ့
ကျောင်းတော်ကြီးလည်း
အခုလောက်ဆို ငါတို့ကို
လွမ်းနေလောက်ရောပေါ့------။
ကံကြမ္မာကြောင့် ခွဲခွါခဲ့ကြရသလို
ကံကြမ္မာကြောင့်ပဲ
ငါတို့ ပြန်ဆုံရလိမ့်မယ်ဆိုတာ
သူငယ်ချင်း
မင်း---ယုံကြည်ထားပါ-----။
ပြန်ဆုံမယ့် နေ့ကို
လက်ချိုးရေရင်း
ငါ့ရင်ထဲ
ကြိတ်ငိုနေဆဲပေါ့--------------။


စိတ်ဝင်စားသေးရင်...

လောကဓံ

လောကဓံ

ဘ၀ဆိုတာ
အတက်အဆင်းအကွေ့အကောက်တွေနဲ့
ခြေလှမ်းမှားရင်တိမ်းမှောက်တတ်ပေမယ့်
ပျက်အစဉ် ပြင်ခဏပေမို့
အနာခံမှ အသာစံရမယ်လေ-----။
စုပေါင်းညီညာအောင်ကြောင်းဖြာသို့
မကြောက်မရွံ့ ရှေ့သို့တိုး၍

ငြိမ်းချမ်းရေးကိုရှာဖွေကြစို့
တို့ညီအကိုတို့---------။

စိတ်ဝင်စားသေးရင်...

Friday, April 25, 2008

ရောင်ပြန်ဟပ်သူ


ရောင်ပြန်ဟပ်သူ

ဝေးကွာခြင်းတွေ
ကြိမ်ဖန်များစွာ
ကြုံလာတဲ့အခါတိုင်း ...။

ဆုံတွေ့ခြင်းဆိုတာတွေ
ထပ်ခါထပ်ခါရှိနေရင်တေ
ာ့
အပိုင်စားချင်လိုက်တာ ...။

ရောင်ပြန်ဟပ်ခြင်းတွေမှာ
အလင်းတန်းတွေ၊
ကာလာစုံတွေ၊
ဖူးပွင့်ထင်ဟပ်စေဖို့ရာ
မနက်နှိုးထလိုက်တဲ့အခါ
ရောင်ပြန်ဟပ်သူနဲ့သာ ဆုံဆည်းချင်လိုက်တာ ...။

စိတ်ဝင်စားသေးရင်...